Tuesday, March 19, 2013

အချစ်စ



         အချစ်စ 

ဂုတ်ဝဲတဲ့  ဆံကေသာနဲ့
သွက်လက်တဲ့  မိန်းမပျို
စင်ကြယ်တဲ့  မင်းအလှနဲ့
ယဉ်မြတဲ့  ပြုံးဟန်ရှင်
ရှုံးရန်ပင်  တော်လေးပါးဆို
မင်းဆိုတဲ့  လှဘုရင်မ
ဘာနဲ့မှ  နှိုင်းနိုင်ဘူးထင်။      ။

ရွှန်းလက်တဲ့  မျက်ဝန်းကြည်
ထွန်းတည်တဲ့  မျက်နှာလွှာ
အေးခြင်းရဲ့ ဂုဏ်ကိုဆောင်
ရိုးစင်းတဲ့  မင်းခြေလှမ်း
လှမ်းလိုက်တိုင်း  လျှပ်ရောင်လက်သည်ထင် ။      ။

ကိုယ့်ရင်မှာ  တွယ်တာစ
အကြင်နာ  တစ်စစတွယ်
ဘယ်လိုပင်  ပယ်သော်လည်း
မပြယ်သော  ပျိုးမေတ္တာမိုး
ရွာလုလု  ပြိုမယောင်ထင်။     ။

                                                    မှိုင်း(ဓာတု)

No comments:

Post a Comment

ဂိမ္မာန်နိမိတ် ဗန်ဒါရိပ်ဝေဒနာ

  နွေအကူး ‌ကြွေပေဦးတော့ ဗန်ဒါရေ။ မင်းအလှည့် ပြီးပြန်တော့ ကျွန်းရယ် မဟော်ဂနီရယ် ရောက်လာအုံးမယ်‌လေ ။ ရွက်ဝါကြွေ ရွက်သစ်ဦး ‌ အပျော်ဦးတာက ဗန်ဒါလ...