Thursday, March 7, 2013

သိပါရဲ့လားကွယ်



သိပါရဲ့လားကွယ်



အို.............သခင်

ကျွန်ုပ်၏နှလုံးသားမီးအိမ်ငယ်

ကြေမွပျက်စီးခဲ့ပါပြီ။

အသုံးပြုခံမီးဇာတို့ကား

အထီးကျန်လေပြီ

ကောင်းကင်ပြင်သည် မဲမှောင်၍  လာချေတော့မည်။

အလင်းမဲ့သောအခါ

အကျွန့်အသည်းတို့သည်

ဦးတည်ရာမသိ  ဖြစ်ချေတော့မည်။

အကျွန့်မျက်ဝန်းအတွင်းမှ

ကျဆင်းလာမည့် မျက်ရည်များပင်

လောက၏အသိမှတ်ပြုခံ ဖြစ်တော့မည်မထင်

အကျွန်၏ ဆိုးလွန်းသည့် ကံကြမ္မာကို

သခင်..........သိပါရဲ့လားဟင်။


အို.............သခင်

နွေနေကြောင့်    ပန်းကလေးများ

ညှိုးနွမ်းတတ်ကြသည်။

မိုးရေကြောင့်   ပန်းကလေးများ

လန်းဆန်းကြပါသည်။

နှင်းဥတို့ကြောင့်    ပန်းကလေးများ

ရှင်သန်မှု ပိုကြရသည်။

အကျွန်သည်  သခင့်အတွက်

ဟေမာန်လား... ၀ဿန်လား ....ဂိမ္မာန်လား သခင်။



အို.......သခင်

မီးခိုးရောင်ကောင်းကင်အောက်က

တိမ်လွှာငယ်တို့ ဝေ့ဝဲသွားနေသော တောင်တန်းပြာတို့သည်လည်းကောင်း၊

သစ်ပုတ်ပင်အောက်မှ

ချစ်မောင်နှံ၏ ကျီစယ်သံတို့သည်လည်းကောင်း၊

ကျွန်ုပ်၏နှလုံးသားလွယ်အိတ်ငယ်အတွင်းရှိ

ချစ်သူ့ဒဏ္ဍာရီတို့သည်လည်းကောင်း၊

အကျွန်အဘယ်သို့   စွန့်ပယ်မေ့ပျောက်ရမည်လဲ ...သခင်။ 


အို.........သခင်

ငိုရှိုက်ခြင်းကား ဝေဒနာကို ဖြေဖျောက်ခြင်းပင်။

ငိုရှိုက်ခြင်းကို ထိန်းချုပ်သူ အကျွန်ကား

ဝေဒနာနှလုံးသားကို   အစိတ်စိတ်ကွဲအောင်

ပြုလုပ်ခြင်းဆောင်မည်လား.........?

ဘယ်သို့ပင်ဖြစ်ဖြစ်..

ကျွန်ုပ်၏ ငိုရှိုက်ခြင်းသည်

အချစ်တိမ်သည်  မြင်၏။

ထို့ကြောင့်

ကျွန်ုပ် ဘယ်သောအခါမှ

ငိုရှိုက်ခြင်း မပြုတော့ပါသခင်။



                                          မှိုင်း(ဓာတု)


(18.9.2012) တွင် အွန်လိုင်းတွင် တင်ပြသည်။ 






သိပါရဲ႕လားကြယ္



အုိ.............သခင္
ကၽြႏ္ုပ္၏ႏွလုံးသားမီးအိမ္ငယ္
ေၾကမြပ်က္စီးခဲ့ပါျပီ
အသုံးျပဳခံမီးဇာတုိ႕ကား
အထီးက်န္ေလျပီ
ေကာင္းကင္ျပင္သည္ မဲေမွာင္၍  လာေခ်ေတာ့မည္
အလင္းမဲ့ေသာအခါ
အကၽြန္႕အသည္းတုိ႕သည္
ဦးတည္ရာမသိ  ျဖစ္ေခ်ေတာ့မည္
အကၽြန္႕မ်က္၀န္းအတြင္းမွ
က်ဆင္းလာမည့္ မ်က္ရည္မ်ားပင္
ေလာက၏အသိမွတ္ျပဳခံ ျဖစ္ေတာ့မည္မထင္
အကၽြန္၏ ဆိုးလြန္းသည့္ ကံၾကမၼာကုိ
သခင္..........သိပါရဲ႕လားဟင္။

အုိ.............သခင္
ေႏြေနေၾကာင့္    ပန္းကေလးမ်ား
ညိွဳးႏြမ္းတတ္ၾကသည္
မုိးေရေၾကာင့္   ပန္းကေလးမ်ား
လန္းဆန္းၾကပါသည္
ႏွင္းဥတုိ႕ေၾကာင့္    ပန္းကေလးမ်ား
ရွင္သန္မွဳ ပုိၾကရသည္။
အကၽြန္သည္  သခင့္အတြက္
ေဟမာန္လား... ၀ႆန္လား ....ဂိမၼာန္လား သခင္။


အုိ.......သခင္
မီးခုိးေရာင္ေကာင္းကင္ေအာက္က
တိမ္လႊာငယ္တုိ႕ ေ၀့၀ဲသြားေနေသာ ေတာင္တန္းျပာတုိ႕သည္လည္းေကာင္း
သစ္ပုတ္ပင္ေအာက္မွ
ခ်စ္ေမာင္ႏွံ၏ က်ီစယ္သံတို႕သည္လည္းေကာင္း
ကၽြႏု္ပ္၏ႏွလုံးသားလြယ္အိတ္ငယ္အတြင္းရွိ
ခ်စ္သူ႕ဒ႑ာရီတုိ႕သည္လည္းေကာင္း
အကၽြန္အဘယ္သုိ႕   စြန္႕ပယ္ေမ့ေပ်ာက္ရမည္လဲ ...သခင္။

အုိ.........သခင္
ငုိရွဳိက္ျခင္းကား ေ၀ဒနာကုိ ေျဖေဖ်ာက္ျခင္းပင္
ငုိရွဳိက္ျခင္းကုိ ထိန္းခ်ဳပ္သူ အကၽြန္ကား
ေ၀ဒနာႏွလုံးသားကုိ   အစိတ္စိတ္ကြဲေအာင္
ျပဳလုပ္ျခင္းေဆာင္မည္လား.........?
ဘယ္သို႕ပင္ျဖစ္ျဖစ္..
ကၽြႏု္ပ္၏ ငုိရွဳိက္ျခင္းသည္
အခ်စ္တိမ္သည္  ျမင္၏
ထုိ႕ေၾကာင့္
ကၽြႏု္ပ္ ဘယ္ေသာအခါမွ
ငုိရွဳိက္ျခင္း မျပဳေတာ့ပါသခင္။


                                          မွဳိင္း(ဓာတု)





(18.9.2012) တြင္ အြန္လုိင္းတြင္ တင္ျပသည္။



No comments:

Post a Comment

ဂိမ္မာန်နိမိတ် ဗန်ဒါရိပ်ဝေဒနာ

  နွေအကူး ‌ကြွေပေဦးတော့ ဗန်ဒါရေ။ မင်းအလှည့် ပြီးပြန်တော့ ကျွန်းရယ် မဟော်ဂနီရယ် ရောက်လာအုံးမယ်‌လေ ။ ရွက်ဝါကြွေ ရွက်သစ်ဦး ‌ အပျော်ဦးတာက ဗန်ဒါလ...