Saturday, July 20, 2013
နုအလွမ်း
* ပြန်လာချင်တယ်
ပြောသည် နုစကား
အကျွန့်နားမှာ
ပျားသကာမို့
အလွမ်းတွေသို့။ ။
* ပိုချစ်နေမယ်
ပြောသည် နုစကား
ရင်မှာထားသို
တမ်းတပိုဖြစ်
လွမ်းတယ်အချစ်။ ။
* အားကိုးယုံကြည်
ပြောသည် နုစကား
အကျွန့်နားမှာ
အကြင်နာကရု
ရင်မှာစုခဲ့။ ။
* ဆုမတောင်းလည်းပြည့်နေတယ်
ချစ်သူချစ်နေမယ်
ဆုမတောင်းလည်းပြည့်နေတယ်
ချစ်သူလွမ်းနေမယ်
ပြောသည်သူ့စကား
အကျွန့်အပါးမှာ
နုလာနားသလား
တွေးေ၀၀ါးဆဲ။
* ချစ်တာပေါ့လို့
အခါခါဆို
အလှတွေစု
ချစ်သူနုကို
ဒါလင်လေ
အစဉ်လွမ်းခြင်း
တမ်းတရင်းပေါ့။
စိုင်းမြင့်ဝင်းလှ(တာချီလိတ်)
(၂၀.၇.၂၀၁၃) တွင် ခံစား စပ်ဆိုပါသည်။
Friday, July 19, 2013
မြတ်ဆုတောင်း
တာ ချီလိတ်မြို့ ရင်ထဲသို့ဝင်
ချီ စို့ အမြင့်သို့ အံ့လောက်မို့ပင်
လိတ် ဟုခေါ်တွင် ဟိုယခင်က
မြို့ မယ်ဇလီ ဒို့ဌာနီကို
နယ် လုံးနှံ့မျှ ပညာရဖို့
စာ နယ်ဇင်းဖွဲ့ ပေါင်းစုရပ်တည်
ရေး ကြသည်မှာ ယခုကာလ
ဆ ရာစုံညီ ကြိုးစားပြီမို့
ရာ ထောင်သောင်းမျှ တိုးပွားပညာ
အ သိဖြာခဲ့ ရုံးမြေ ဖွင့်လှစ်
သင်း တင့်ခဲ့ပြီ ပန်းတိုင်ဆီသို့
တိုး တက်ပါစေ တောင်းဆုချွေလျက်
တက် လမ်းသို့ချီ သွားကြမည်ဟု
ပါ ၀င်ဆုတောင်း မေတ္တာပေါင်းနှင့်
စေ ကြောင်းရင်မှာ မျှော်လင့်ပါ၏ ။ ။
စိုင်းမြင့်ဝင်းလှ (ရှမ်းအရှေ့)
စည်းလုံးညီညွတ်စွာဖြင့် ကြိုးစားနေကြသော တာချီလိတ်မြို့နယ်စာရေးဆရာအသင်းအား ဂုဏ်ပြုသောအားဖြင့် ၂၀.၇.၂၀၁၃ တွင် အွန်လိုင်းတွင် စပ်ဆို ဆုတောင်း တင်ပြသည်။
Subscribe to:
Comments (Atom)
ဂိမ္မာန်နိမိတ် ဗန်ဒါရိပ်ဝေဒနာ
နွေအကူး ကြွေပေဦးတော့ ဗန်ဒါရေ။ မင်းအလှည့် ပြီးပြန်တော့ ကျွန်းရယ် မဟော်ဂနီရယ် ရောက်လာအုံးမယ်လေ ။ ရွက်ဝါကြွေ ရွက်သစ်ဦး အပျော်ဦးတာက ဗန်ဒါလ...
-
လွန်ခဲ့တဲ့(၃၄)နှစ် ၁၉၈၆ခု ဒီဇင်ဘာလ(၁)ရက်နေ့က ဤတက္ကသိုလ်မှာ ဆယ်ကျော်သက်လူငယ်လေးတစ်ဦး ပထမနှစ်(ဓာတုဗေဒ) ကျောင်းသားသစ်ဘဝနဲ့ ပျော်ခဲ့ဖူးပါတ...
