Showing posts with label ဦးမြင့်ဝင်းလှ. Show all posts
Showing posts with label ဦးမြင့်ဝင်းလှ. Show all posts

Wednesday, September 22, 2021

ကျွန်တော်နဲ့တိုက်ပုံ


 

တိုက်ပုံဝတ်တိုင်းလည်း
ဇိမ်ကျကျနဲ့ နေလိုက်ရမယ်
မထင်ပါနဲ့ကွယ်။
တိုက်ပုံဝတ်ပြီး
လမ်းကြမ်းပါသော
ရွှံ့နွံတောကို
ဖြတ်လျှောက်ချင်လည်း
လျှောက်ရမယ်။
တိုက်ပုံဝတ်ပြီး
လမ်းကြမ်းကြမ်းမှာ
ယာဉ်ဆန်းဆန်းကိုစီးပြီး
ခရီးအဝေးကို
သွားချင်လည်းသွားရမယ်။

ဒါပေမယ့်
တိုက်ပုံသမိုင်း
မရိုင်းရအောင်
တိုက်ပုံဝတ်သူကတော့
ထိန်းသိမ်းရပါမယ်။
အကျွန်ကတော့
တိုက်ပုံဝတ်လျက်
ပညာရေးလမ်း
စဉ်ဖြောင့်တန်းဖို့
တတ်စွမ်းသမျှ
ပေးဆပ်ကြရန်
ဘဝနှင့်ပါ ဖြစ်တည်လာသော
ပညာပန်းခင်း ပန်းတစ်ခြင်းသာ
ဖြစ်လိုပါ၏။
ဦးမြင့်ဝင်းလှ
ဒုတိယမြို့နယ်ပညာရေးမှူး(ပညာ)


Tuesday, September 21, 2021

အဆင်ပြေအောင်ပေါင်းသင်းနေထိုင်ဆက်ဆံပါ


 

ကိုယ့်ထက် ရာထူးငယ်ငယ်
ရာထူးကြီးကြီး ရာထူးတူတူ
အဆင်ပြေအောင်ပေါင်းသင်းနေထိုင်ဆက်ဆံပါ။
ကိုယ့်ထက် အသက်ငယ်ငယ်
အသက်ကြီးကြီး အသက်တူတူ
အဆင်ပြေအောင်ပေါင်းသင်းနေထိုင်ဆက်ဆံပါ။
ကိုယ့်ထက် ငွေကြေးချမ်းသာမှုမရှိလည်း
ငွေကြေးပိုမိုချမ်းသာလည်း ငွေကြေးချမ်းသာမှုတူလည်း
အဆင်ပြေအောင်ပေါင်းသင်းနေထိုင်ဆက်ဆံပါ။
ကိုယ့်ထက် ရုပ်မလှလှ
ရုပ်လှလှ ရုပ်ချင်းဆင်ဆင်
အဆင်ပြေအောင်ပေါင်းသင်းနေထိုင်ဆက်ဆံပါ။
အစစအရာရာ မည်သူနဲ့မဆို
အဆင်ပြေအောင်ပေါင်းသင်းနေထိုင်ဆက်ဆံပါမိတ်ဆွေ
သင့်လုပ်ငန်းဆောင်တာတွေ အောင်မြင်သွားမှာပါလေ။
ဦးမြင့်ဝင်းလှ(ပညာရေး) ၂၁.၉.၂၀၂၁

Monday, August 23, 2021

အသိတစ်ခုမျှဝေခြင်း



မူလတန်းကျောင်းအုပ်
ပေစုတ်စုတ် နေလို့တော့မရဘူး
သင်တို့ဟာ သင်နေတဲ့ရပ်ရွာမှာ
ပညာရေးရဲ့မီးရှူးတန်ဆောင်
ပညာရေးရဲ့ဦးဆောင်ဆိုတာ
အသင်တို့နားလည်ပါ
ညီလေးညီမလေးတို့ရာ။
ပညာရေးဝန်ထမ်းဆိုတာ
မြန်မာမှာ ဝင်လာကတည်းက
သူဌေးဖြစ်ဖို့ ဇာတာမပါတာ
နှလုံးပိုက် ဆုံးဖြတ်လိုက်ပြီးမှ
ဝင်လာသင့်တဲ့အရပ်ပါ။
ရိက္ခာ ထက် သိက္ခာ ကို
ဦးစားပေးလို့
ကလေးတွေရဲ့ပညာရေး
ဒေသရဲ့ပညာရေး
အချိန်တွေပေးရင်း
ဇရာကို ရောက်ချိန်တောင်
ပီတိကိုသာစားလို့
အားပြည့်နေရသူတွေပါ။
ကလေးတွေ နမူနာယူ
ကြိုးစားသူတွေဖြစ်အောင်
ကျောင်းအုပ်ကြီး ကိုယ်တိုင်က
စိတ်ဓာတ်၊စည်းကမ်း၊ပညာ ပြည့်ဝမှ
သူတို့လေးတွေ တချိန်ကျရင်
ခေါင်းဆောင်ကောင်းတွေ ဖြစ်နိုင်ကြလိမ့်မယ်။
ဘယ်လိုဘဲဖြစ်ဖြစ်
သင်တို့ဟာ
ပညာရေးရဲ့မီးရှူးတန်ဆောင်
ပညာရေးရဲ့ဦးဆောင်သူတွေဆိုတာ
အမြဲသတိပြုကြပါကွယ်။

ဦးမြင့်ဝင်းလှ ၊ဒုတိယမြို့နယ်ပညာရေးမှူး


စာကြွင်း။ မိမိ မူလတန်းကျောင်းအုပ်(မူလွန်ကျောင်းအုပ်)ဘဝက ဓာတ်ပုံလေး တစ်ပုံအား
တင်ပြထားပါသည်။ယခုကဲ့သို့Android ဖုန်း အိုင်ဖုန်းများကွန်ပျူတာများ မပေါများသေးခင်ကာလက
ရိုက်ကူးခဲ့သောပုံလေးဖြစ်ပါသည်။ ကျောင်းအုပ်နှင့်တူသောကျောင်းအုပ်များဖြစ်စေချင်၍
ရေးရခြင်းလည်းဖြစ်ပါသည်။ ရပ်ရွာမိဘနှင့်ကျောင်းသားများ ရိုသေလေးစားသောကျောင်းအုပ်၊
ဆရာ/ဆရာမများအဖြစ် မြင်စေချင်သောစေတနာကြောင့်ဖြစ်ပါသည်။

 

ဂိမ္မာန်နိမိတ် ဗန်ဒါရိပ်ဝေဒနာ

  နွေအကူး ‌ကြွေပေဦးတော့ ဗန်ဒါရေ။ မင်းအလှည့် ပြီးပြန်တော့ ကျွန်းရယ် မဟော်ဂနီရယ် ရောက်လာအုံးမယ်‌လေ ။ ရွက်ဝါကြွေ ရွက်သစ်ဦး ‌ အပျော်ဦးတာက ဗန်ဒါလ...