Showing posts with label ဦးမြင့်ဝင်းလှ (ဒုတိယမို့နယ်ပညာရေးမှူး). Show all posts
Showing posts with label ဦးမြင့်ဝင်းလှ (ဒုတိယမို့နယ်ပညာရေးမှူး). Show all posts

Saturday, August 29, 2020

ဘီအီးဒီဆိုတာ .......

 



ဘီအီးဒီဆိုတာ ကြွားဖို့မဟုတ်ဘူး 

ဂုဏ်ယူဖို့ပါ။

ဘီအီးဒီဆိုတာ သာမာန်မဟုတ်ဘူး 

ပညာရေးရဲ့ ရင်းမြစ်ကြီးပါ။

ဘီအီးဒီဆိုတာ 

ပညာရေးတက္ကသိုလ်တက်ရမှ 

ရတာ မဟုတ်ပါဘူး။ 

ဘွဲ့လက်မှတ်ကြီး ရမှမဟုတ်ဘဲ 

ဝါသနာ တကယ်ပါရင်

အပြင်ကနေ လေ့လာမှတ်သား 

လက်တွေ့ အသုံးချနိုင်ပါတယ်။ 

ဘီအီးဒီဆိုတာ ပညာရေးရဲ့ 

Promotion လှေကားဖြစ်တာ မှန်ပေမယ့် 

ပညာရေးမှာ 

domain ဘယ်နှစ်ခုရှိတယ်

ဆိုတာလေးတောင် မသိ‌တော့တဲ့ 

ဘီအီးဒီဆင်းသူတွေ ရှိနေတယ်။

ဘီအီးဒီက ပေးလိုက်တာတွေကို

လက်မှတ်ရတာနဲ့ 

ရင်းမြစ်တွေကို မေ့လျော့လို့

ရာထူးနောက် အသပြာနောက်

ကောက်ကောက်ပါအောင်လိုက်လို့

ဘီအီးဒီရသူ ဆိုတာကိုတောင် 

မေ့ထားကြသူတွေရှိတယ်။

အဲဒါတွေက ရ တာ နာ တွေ။ 

သင် ဘီအီးဒီရဖို့

ကြိုးစားတာ လက်ခံတယ်။ 

ဘီအီးဒီလက်မှတ်ယူပြီး

လုပ်စားတာ မဖြစ်သင့်ဘူး။

ဘီအီးဒီက ရင်းမြစ်တွေနဲ့ 

အခြေခံပညာကို တိုးတက်အောင်

အင်တိုက်အားတိုက် အားစိုက်ခွန်စိုက်

ရည်ရွယ်လုပ်ကိုင်ဖို့ 

အရေးကြီးပါတယ်။ 

ဘီအီးဒီနဲ့ အခြေခံပညာ 

တိုးတက်အောင် လုပ်ကြဖို့ 

ဘီအီးဒီ ရပြီးသူကော မရသေးသူတွေပါ 

အခြေခံပညာအတွက် 

စေတနာရှင်၊ဝါသနာရှင်၊ပညာရှင်ကြီးတွေ

ဖြစ်ကြစမ်းစေချင်လှပါတယ်။

 

ဦးမြင့်ဝင်းလှ B.Sc,B.Ed

ဒုတိယမြို့နယ်ပညာရေးမှူး




အခြေခံပညာရေးအတွက် ဘီအီးဒီကို ရာထူးထက် အခြေခံပညာအတွက် ထက်မြတ်တဲ့ လက်နက်အဖြစ်
သိနားလည်ပြီး ရယူခဲ့သည်။ ငွေရဖို့ အနည်းငယ်မျှ မစဉ်းစားခဲ့ပါ။ ရာထူးရဖို့တော့ သိခဲ့ပါသည်/
သို့သော် ပညာရေးမှူးရုံးအဆင့်ဆင့်တွင် နေသော အရာရှိရာထူးထက် ကျောင်းတွင် စာသင်သောဆရာသာ
ဘီအီးဒီကို ပိုမို ပုံဖော်နိုင်မည်ကို သိလာသောအခါ ကျောင်းတွင် စာသင်သော ဦးဆောင်ရသော ကျောင်းအုပ်ဘဝကိုသာ နေ့စဉ်တမ်းတလျက် တတ်စွမ်းသမျှ ဘီအီးဒီဆင်းများ အခြေခံပညာအတွက် မှန်မှန်ကန်ကန် ဦးဆောင်စေလိုသော မြန်မာ့ပညာရေးအတွက် အားဖြည့်စေချင်သော စေတနာမှန်ဖြင့် ဖေ့စ်ဘုတ်တွင်
လက်ညိုးလေးဖြင့် တည်းဖြတ်မှုမရှိ ခံစားချက်လေးအား အနည်းငယ်ပြုပြင်လျက် ကိုယ်ပိုင်ဘလော့များတွင်
ရေးသားတင်ပြ မှတ်တမ်းတင်ခြင်းဖြစ်ပါသည်။

လေးစားလျက် ဦးမြင့်ဝင်းလှ (ပညာရေး)







Monday, August 17, 2020

ဘဲဥခွဲပေးခဲ့ဖူးသူ ဆရာတစ်ယောက်အကြောင်း

 


လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော်က ကျွန်တော်တာလေမှာ
မူလတန်းကျောင်းအုပ်တာဝန်ကော ၊နယ်မြေမှူး
အုပ်စုမှူးတာဝန်တွေကိုပါ မြို့နယ်ပညာရေးမှူးက
တာဝန်ပေးလို့ ဆောင်ရွက်ခဲ့ဖူးပါတယ်။
မိမိတာလေကို တပ်တွင်းမူအုပ်နဲ့စတင်တာဝန်ထမ်းဆောင်
တဲ့နှစ်မှာဘဲ အထကခွဲကျတာမကြာလှသေးတဲ့ တာလေ
အနေနဲ့ တက္ကသိုလ်ဝင်တန်းအောင်မြင်သူမရှိဘဲ
ဘဲဥရသွားတာသိခဲ့ရဖူးပါတယ်။
ကျသွားတဲ့ကလေးထဲက တစ်ချို့ ကျွန်တော့်ဆီမှာ
ဆယ်တန်းစာတွေကို ခင်မင်လေးစားမှုအရ
မိမိသင်ကြားပေးစေလိုကြောင်း မေတ္တာရပ်ခံချက်အရ
အိမ်မှာ ညစဉ်ညတိုင်းတစ်နှစ်တာ ကလေးတစ်စုကို
မြေဖြူရနံ့တွေရှူလို့ နေ့ဆို တာလေတပ်တွင်း
မူလတန်းကလေးတွေကိုကျောင်းမှာသင်ပြီး ညဆယ်တန်း
ကလေးတွေနဲ့ စေတနာအပြည့် အခမဲ့ သင်ကြားခဲ့ဖူးပါတယ်။
အဓိကကတော့ ဘာသာရပ်ကျွမ်းကျင်တဲ့ဆရာတွေ
အဲ့ဒီကာလက မပြည့်စုံလို့ဆိုတာ နားလည်
ခဲ့ပါတယ်။ကျွန်တော်ကျွမ်းကျင်တဲ့ဘာသာကို အဓိကနားမလည်
လို့ဖြစ်တာ မသင်ကြားနိုင်လို့ဖြစ်တာကို သိခဲ့တာမို့
အကောင်းဆုံးသင်ကြားပေးခဲ့ပါတယ်။
အဲ့ဒီအချိန်တက္ကသိုလ်ဝင်တန်းဓာတုဗေဒသင်ရိုးက
ကျွန်တော်တို့ခေတ်ဒုတိယနှစ်က စာတွေထိ
ပါဝင်နေပြီဖြစ်ပြီး ကလေးတွေအတွက်
ပြန်လည်လေ့လာပြီး နားလည်နိုင်ဖို့ နည်းစနစ်တွေ
တီထွင်လို့ သင်ကြားပေးခဲ့ပါတယ်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျွန်တော်သင်တဲ့ကလေး
တွေထဲက ကြိုးစားသူကလေးအောင်မြင်ခဲ့တဲ့အတွက်
ပင်ပန်းရကျိုး နပ်ခဲ့ပါတယ်။တာလေအထကခွဲအတွက်
ဘဲဥခွဲပေးခဲ့ဖူးတဲ့သူတစ်ယောက်အဖြစ်လည်း
မိမိကိုယ်တိုင်ဆောင်ရွက်ခဲ့တာမို့ ဂုဏ်ယူခဲ့ဖူးပါတယ်။
အခုဆိုရင် ကျွန်တော်သင်ကြားပေးခဲ့ပြီး
တက္ကသိုလ်ဝင်တန်းဆယ်တန်းအောင်မြင်ခဲ့တဲ့
တိုင်းရင်းသူလေးက တာချီလိတ်က အရေးပါတဲ့
အဖွဲ့အစည်းတစ်ခုမှာ အကြီးဆုံး
တာဝန်နဲ့အောင်မြင်နေတဲ့အတွက် ပိုလို့ဝမ်းသာ
ရပါတယ်။တာလေရောက်ရောက်ချင်း မှတ်မှတ်ရရ
တစ်နှစ်ဘဲ တက္ကသိုလ်ဝင်တန်းကို အခမဲ့ညဖက်
အိမ်မှာသင်ကြားပေးနိုင်ပြီး နောက်ပိုင်းနှစ်မှာတော့
ပညာရေးအလုပ်တွေ အခြားလူမှုရေးအဖွဲ့အစည်းတွေ
ပါဝင်လာတဲ့အတွက် သင်ချင်ပေမယ့် မသင်ဖြစ်ခဲ့တော့ပါဘူူး။
ဒါပေမယ့် ကျွန်တော် ဘီအီးဒီဘွဲ့သင်ကြားရတဲ့အခါမှာတော့
အခမဲ့ ဆယ်တန်းကလေးတွေကို စေတနာနဲ့
သင်ကြားခဲ့တဲ့အတွက် ဆယ်တန်းသင်ရိုးကို
လိုက်မီသွားတဲ့အတွက် Academic ဘာသာရပ်မှာ
အဆင်ပြေချောမွေ့စွာ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
ယနေ့ မိမိသင်ပေးခဲ့တဲ့ကလေးတွေအထကခွဲဘဝကနေ
၂၅နှစ်ပြည့် ငွေရတုအထကကျောင်းပွဲလုပ်တာ တွေ့ရတော့
တာလေကကလေးတွေအတွက် ပညာရေးမှာ
အရင်က မိမိတာဝန်ထမ်းဆောင်တဲ့ကာလကလို
ဆရာပြည့်စုံမှုမရှိတဲ့ အခြေအနေဆိုးတွေလွတ်မြောက်ခဲ့ပြီဆိုတာကို
တွေးတော ဝမ်းသာမိရင်း အတိတ်က အရိပ်တစ်ခုအား
ဆရာစိတ်ဖြင့် မှတ်တမ်းတင်မိပါတယ်ခင်ဗျား။
လေးစားလျက် ဦးမြင့်ဝင်းလှ
လက်ထောက်မြို့နယ်ပညာရေးမှူး
တာချီလိတ်မြို့နယ်
(၁၂.၄.၂၀၁၆) လက်ထောက်မြို့မှူးဘ၀ကရေးသားခဲ့သော facebook
က Post တစ်ခု ဖြစ်ပါသည်။

Wednesday, August 14, 2019

အမှားတွေ အမှန်ထင်နေသူများသို့



အမှားတွေ အမှန်ထင်နေသူများသို့
************************************
အမှန်နဲ့အမှား ယှဉ်ပြိုင်ပွဲမှာ
အမှားကအမှန်ဖြစ်အောင်
အမှန်ကအမှားဖြစ်အောင်
လုပ်ကြတာ
အဓိကကတော့
ခေါင်းဆောင်အဖြစ်နေရာပေးခံရသူတစ်ဦးရဲ့
စီမံဦးစီးမှု လမ်းလွဲမှုကြောင့်
ဖြစ်ရတာ ရာခိုင်နှုန်း အများပါဘဲ။
ဆုံးဖြတ်ခွင့်ရှိတဲ့
ခေါင်းဆောင်ရွေးမှားနေသရွေ့
အဲ့ဒီအဖွဲ့အစည်း
တိုးတက်ဖို့ကတော့
သာမာန်အနေအထား
ထိန်းထားဖို့တောင်
တော်တော်ကြိုးစားကြရမှာဖြစ်ပါတယ်။
ဒုတိယမြို့နယ်ပညာရေးမှူး(ပညာ) ၁၁.၅.၂၀၁၉

သင်တကယ်ခေါင်းဆောင်လား


သင်တကယ်ခေါင်းဆောင်လား
******************************
ခေါင်းဆောင်ဆိုတဲ့ 
တာဝန်ကို ရပြီဆိုတာနဲ့
အတွေးအခေါ် မြင့်မြတ်ရမယ်
အယူအဆ မှန်ကန်ရမယ်
အထက်အောက် ဆက်ဆံရေး
ကျွမ်းကျင်ရမယ်။
တာဝန်ယူမှု တာဝန်ခံမှုရှိရမယ်။
လက်အောက်ငယ်သား
အသုံးမကျတာတွေ ပြောနေရုံနဲ့
မပြီးဘူး မိမိကိုယ်တိုင်က စံပြနေပြီး
လက်အောက်ငယ်သား ပြုပြင်ပြောင်းလဲ
တိုးတက်အောင် ဆောင်ရွက်ရမယ်။
အဲ့ဒါတွေ ထက် လိုအပ်တာတွေ
အများကြီးရှိပါသေးတယ်။

အဲ့ဒီတော့ ခေါင်းဆောင်ဖြစ်လာရင်
ဘာလုပ်ရမလဲ။ အနည်းဆုံးတော့
ခေါင်းဆောင်မှုဆိုင်ရာ စာအုပ်တွေ
အတွေးအခေါ်ဆိုင်ရာစာအုပ်တွေ
ဖတ်မှတ်လေ့လာရမယ်။
လိုက်နာကျင့်သုံးရမယ်။
အဲ့ဒီလောက်လေးတောင်
မလုပ်နိုင်ဘဲ ခေါင်းဆောင်နေရာနေပြီး
ဆရာတွေ ဆရာကြီးတွေ
ဆရာမတွေ ဆရာမကြီးတွေအခေါ်ခံပြီး
မိန့်မိန့်ကြီး လုပ်နေရင်တော့
သင်ကြောင့် အဲ့ဒီအဖွဲ့အစည်း
ပျက်စီးခြင်း ဖြစ်မှာတော့
သေချာပါပြီ။ ခေါင်းဆောင်ဖြစ်ပြီး
သူကြီးနဲ့ပိုင်ရင် ဆယ်အိမ်ခေါင်းကို
ဂရုမစိုက်တဲ့
သာမာန်စိတ်မျိုး ဖျောက်ရမယ်။
ဆင့်ကဲလေးစား
နေရာပေးတတ်ရမယ်။

အထက်ဖားအောက်ဖိ
ဆိုတာလောက်နဲ့
ခေါင်းဆောင်လုပ်ပြီး
သင့်အဖွဲ့အစည်းကို
မဖျက်ဆီးကြပါနဲ့လို့
တင်ပြလိုက်ရပါတယ်။



၁၄.၅.၂၀၁၉

ဆရာတွေရဲ့ ရှေ့တန်းဟာ စာသင်ခန်းပါဗျာ



(ဆရာတွေရဲ့ ရှေ့တန်းဟာ စာသင်ခန်းပါဗျာ)

ဆရာတွေ အတွက်
ရှေ့တန်းဆိုတာ
သူ့ရဲ့ကျောင်း
သူ့ရဲ့စာသင်ခန်းပါ။

ဆရာတွေအတွက်
သင်တန်းဆိုတာ
ရှေ့တန်းတော့မဟုတ်ပါ။
ရှေ့တန်းထွက်ဖို့ရာ ပြင်ဆင်ပေးတဲ့
လေ့ကျင့်ကွင်းတစ်ခုပါ။

လေ့ကျင့်ကွင်းမှာ ကျဆုံးသတင်းတွေ
မီဒီယာတန်ခိုးနဲ့ အခါခါ
ကြားသိမြင်နေကြရတာ
တကယ်ဆို ရှေ့တန်းစခန်း
စာသင်ခန်း/စာသင်ကျောင်းမှာ
တို့ဆရာတွေ ကျဆုံးတာ ဘယ်လောက်ရှိမလဲဗျာ။

ပညာရေးရှေ့တန်း
စာသင်ခန်းက ကျဆုံးတဲ့
ပညာရေးစစ်သည်များစွာ
မှတ်တမ်းတင်ကြ
မှတ်တမ်းတင်ကြ
မှတ်တမ်းသေသေချာတင်ကြ
ဂုဏ်ပြုကြဂုဏ်ပြုကြ
ကိုယ့်ဌာနက
တတ်အားသရွေ့ ဂုဏ်ပြုကြပါ။

ငွေအသပြာနဲ့
ဂုဏ်မပြုနိုင်တော့
စာသားလေးများနဲ့
ဂုဏ်ပြုပေးကြတာ
အထူးကျေးဇူးတင်ပါတယ်ဗျာ။
ပီတိဝမ်းသာလည်း ဖြစ်ရပါတယ်ဗျာ။
ကြေကွဲ ၀မ်းနည်းတာလည်းဖြစ်ရပါတယ်ဗျာ။
ပညာရေးက တို့ညီအစ်ကိုတွေရယ်
ဆက်လက်အားပေးလျက်ပါဗျာ။

ပေးဆပ်ဖူးသူတစ်ဦး
(သို့မဟုတ်) ဦးမြင့်ဝင်းလှ (ပညာရေး)

၂၀၁၉ ခုနှစ် မေလ (၁၅) ရက်တွင် ရေးသားခဲ့သည်။


ဂိမ္မာန်နိမိတ် ဗန်ဒါရိပ်ဝေဒနာ

  နွေအကူး ‌ကြွေပေဦးတော့ ဗန်ဒါရေ။ မင်းအလှည့် ပြီးပြန်တော့ ကျွန်းရယ် မဟော်ဂနီရယ် ရောက်လာအုံးမယ်‌လေ ။ ရွက်ဝါကြွေ ရွက်သစ်ဦး ‌ အပျော်ဦးတာက ဗန်ဒါလ...