Showing posts with label ကဗျာ မှိုင်း(ဓာတု). Show all posts
Showing posts with label ကဗျာ မှိုင်း(ဓာတု). Show all posts

Thursday, June 9, 2022

တကယ်ကတော့ ဘာမှမဟုတ်ပါဘူးကွယ်

 


နေမင်းကြီးလည်း
မင်းမရှိရင် ရှိနေမှာပါဘဲကွယ်။
လမင်းကြီးလည်း
မင်းမရှိရင် ရှိနေမှာပါဘဲကွယ်။
ဒါတွေကို မင်းသိရက်နဲ့
မင်းကိုယ်မင်း ဘာထင်နေသလဲကွယ်။
ကမ္ဘာမြေကြီးလည်း
မင်းမရှိရင် ရှိနေမှာပါဘဲကွယ်။
မြန်မာပြည်ကြီးလည်း
မင်းမရှိရင် ရှိနေမှာပါဘဲကွယ်။
ဒါတွေကို မင်းသိရက်နဲ့
မင်းကိုယ်မင်း ဘာထင်နေသလဲကွယ်။
မင်းမရှိရင် မင်းရှိနေဖို့က
မေတ္တာတရားတွေ.....
ကရုဏာတရားတွေ.....
မုဒိတာတရားတွေ.......
မင်းထားခဲ့မှဆိုတာ
မင်းအခုထိ မသိသေးတာကတော့
မင်းမရှိရင် ရှိနေမယ့်အရာတွေကို
မင်းမဆင်ခြင်မိသေးလို့ပေါ့ကွယ်။
မြတ်မျိုးမြင့်မာန်/ မှိုင်း(ဓာတု)
(၁၀.၆.၂၀၂၂)


Saturday, September 5, 2020

မီးပျက်တဲ့ညနေ အတွေး


မီးနဲ့ရေဟာ
အရေးပါတယ်
တွေးလာစိတ်ထဲ
တစ်ခုတည်းဆို
မနေလိုလည်း
ကြမ္မာရဟတ်
ဖန်လာချက်ရယ်
မိုင်းဆတ်နယ်ရောက်
လူသားကွယ်။
မှိုင်း(ဓာတု)

5.9.2020 အထီးကျန်အမှတ်တရ မီးပျက်ညကဗျာတစ်ပုဒ် ရေးမိပါသည်။


 

ဂိမ္မာန်နိမိတ် ဗန်ဒါရိပ်ဝေဒနာ

  နွေအကူး ‌ကြွေပေဦးတော့ ဗန်ဒါရေ။ မင်းအလှည့် ပြီးပြန်တော့ ကျွန်းရယ် မဟော်ဂနီရယ် ရောက်လာအုံးမယ်‌လေ ။ ရွက်ဝါကြွေ ရွက်သစ်ဦး ‌ အပျော်ဦးတာက ဗန်ဒါလ...