Tuesday, March 2, 2021

နွေဦးဆန္ဒ


 

နွေဦးတပို့တွဲ

ကာလထဲမှာ 

ငြိမ်မြဲအေးချမ်း 

ဥဩမှန်းဆ 

သာစမ်းပလေ 

ရှမ်းတို့မြေမှာ 

ကိုယ်လေရေးထုတ် 

ကဗျာတစ်ပုဒ်ပါ ချစ်သူရေ။ 

မတူတာတွေ 

တူကြစေဖို့  

ညှိလေကွဲလေ 

ကာလတွေမှာ 

အဝေးကမေ 

ကိုယ့်စိတ်တွေနဲ့ 

တူနေပါစေ 

တောင်းဆုချွေသည် 

ပျော်စေလန်းစေ ချစ်သူရေ။

                မှိုင်း(ဓာတု)

၂.၃.၂၀၂၁ (တောင်သူလယ်သမားနေ့)

စာကြွင်း။ မတူညီသူ အားလုံးတူညီ စည်းလုံးစွာဖြင့် အမိမြန်မာ

ပြည်ကြီးအတွက်  တက်ညီလက်ညီကြိုးစားကြသောကာလအား

အမြန်ရောက်ပါစေရန် ဆုတောင်းလျက်ရေးသားစပ်ဆိုမိပါသည်။

ဂိမ္မာန်နိမိတ် ဗန်ဒါရိပ်ဝေဒနာ

  နွေအကူး ‌ကြွေပေဦးတော့ ဗန်ဒါရေ။ မင်းအလှည့် ပြီးပြန်တော့ ကျွန်းရယ် မဟော်ဂနီရယ် ရောက်လာအုံးမယ်‌လေ ။ ရွက်ဝါကြွေ ရွက်သစ်ဦး ‌ အပျော်ဦးတာက ဗန်ဒါလ...