Sunday, February 19, 2023

ဂိမ္မာန်နိမိတ် ဗန်ဒါရိပ်ဝေဒနာ


 

နွေအကူး ‌ကြွေပေဦးတော့ ဗန်ဒါရေ။
မင်းအလှည့် ပြီးပြန်တော့
ကျွန်းရယ် မဟော်ဂနီရယ်
ရောက်လာအုံးမယ်‌လေ ။
ရွက်ဝါကြွေ ရွက်သစ်ဦး ‌
အပျော်ဦးတာက ဗန်ဒါလေ။
ဗန်ဒါကြွေ ဒီကာလ
ကျောင်းပိတ်တဲ့နိမိတ်အစ
အလွမ်းနိမိတ်တွေက
ရပြီပေါ့ ဂိမ္မာန်ရေ ။

မှိုင်း(ဓာတု)
(၁၉.၂.၂၀၂၃)

ဂိမ္မာန်နိမိတ် ဗန်ဒါရိပ်ဝေဒနာ

  နွေအကူး ‌ကြွေပေဦးတော့ ဗန်ဒါရေ။ မင်းအလှည့် ပြီးပြန်တော့ ကျွန်းရယ် မဟော်ဂနီရယ် ရောက်လာအုံးမယ်‌လေ ။ ရွက်ဝါကြွေ ရွက်သစ်ဦး ‌ အပျော်ဦးတာက ဗန်ဒါလ...