Showing posts with label ကာရံမဲ့ကဗျာ. Show all posts
Showing posts with label ကာရံမဲ့ကဗျာ. Show all posts

Friday, March 29, 2019

ပြောင်းပြန်လောက



တွေ့လိုက်​ရတဲ့
နံနက်​ခင်း မြင်​ကွင်း
အရုဏ်​ဦးက
ဆည်းဆာ​နေဝင်​​ချိန်လိုပါဘဲ။


နှင်းမဟုတ်​တဲ့
တောင်​ယာမီးခိုး​တွေက
မြူနှင်းနဲ့ တူ​နေသ​ယောင်​ပါဘဲ။

ဓာတ်​ပုံနဲ့
တကယ့်​အပြင်​အ​ခြေအ​နေ
ကွာခြား​နေ​လေရဲ့။

မာယာများတဲ့
လူ့​လောကမှာ
အမှန်​ကိုလည်း
အမှားထင်​ခံရသလို
အမှားကိုလည်း
အမှန်​မြင်​တတ်​ပြန်​သတဲ့။

မတတ်​သူကဆရာလုပ်
တတ်​သူကတပည့်​​နေရာ
ပြောင်းပြန်​​တွေဖြစ်​တတ်​တဲ့​လောက
အခုကျွန်​​တော်​​တွေ့​နေရတဲ့
ဘဝနဲ့က​တော့ 
လိုက်ဖက်​​နေသလိုပါဘဲ ​လောကရယ်​။

မှိုင်း(ဓာတု)

Thursday, May 10, 2018

အဝေးဆုံးနေရာက အခြေခံဆရာ၏ ခံစားချက်များ



မိုးရွာလည်း
တာဝန်ကျေရတယ်။
နေပူလည်း
တာဝန်ကျေရတယ်။
နှင်းဝေလည်း
တာဝန်ကျေရတယ်။
ဖုန်ထူလည်း
ရအောင်ကျော်ဖြတ်ရတယ်။


တောထူလည်း
ရအောင်ကျော်ဖြတ်ရတယ်။
တောင်အထပ်ထပ်လည်း
ရအောင်ကျော်ဖြတ်ရတယ်။
လမ်းမကောင်းလည်း
ရအောင်လှမ်းကြရတယ်။
ကျောင်းမကောင်းလည်း
ရအောင်သင်ကြရတယ်။
မိဘပြည်သူအားနည်းလည်း
ရအောင်စည်းရုံးသင်ကြရတယ်။
ကျောင်းသူကျောင်းသားတပည့်လေးများ ဆိုးလည်း
သည်းခံကြိတ်မှိတ် ချော့မော့သင်ရတယ်။

လွမ်းသော်လည်း
အဝေးကဘဲ တမ်းတရတယ်။
မမေ့သော်လည်း
အားတဲ့တစ်နေ့ လာတွေ့မယ်။
ဘာလို့လဲဆိုတော့
ကိုယ်ဟာ
အခြေခံပညာရေးဝန်ထမ်းမို့ကွယ်။

မှိုင်း(ဓာတု)



10.5.2018 6:45 am တွင်
မိမိဖြတ်သန်းခဲ့သော့
ဘ၀များနှင့်ယှဉ်၍
ဝေးလံခေါင်ဖျားတွင်
တာဝန်ကျသည့်
အခြေခံဆရာဆရာမများကိုယ်စား
ခံစားရေးသားခြင်း ဖြစ်ပါသည်။











Monday, October 9, 2017

ပန်းချစ်သူရေ သိပါစေ


ပန်းချစ်သူရေ
သင့်ဦးခေါင်းပေါ်မှာ
လှပတဲ့ပန်းတွေကို
တစ်ပြိုင်တည်း ပန်ချင်တယ်ဆိုရင်
သင်မဟုတ်သေးဘူးဆိုတာ
သင့်ကိုယ်သင် သိပါစေလေ။

ပန်းချစ်သူရေ
ပန်ဆင်ပြီးသား ညိုးနွမ်းနေတဲ့
ပန်းကလေးကိုမှ
သင်ဦးခေါင်းမှာ ပန်ဆင်ချင်တယ်ဆိုရင်
သင်မဟုတ်သေးဘူးဆိုတာ
သင့်ကိုယ်သင် သိပါစေလေ။

ပန်းချစ်သူရေ
သင်းပျံ့မွှေးလွန်းတဲ့ပန်းကိုမှ
သင်ဦးခေါင်းထက်မှာ
ပန်ဆင်ချင်တယ်ဆိုရင်
သင်မဟုတ်သေးဘူးဆိုတာ
သင့်ကိုယ်သင် သိပါစေလေ။

ပန်းချစ်သူရေ
ပြန်လည် မရရှိနိုင်တော့တဲ့
ဟိုးအဝေးကို ရောက်ရှိနေပြီဖြစ်တဲ့
သင့်ကို မေ့နေပြီဖြစ်တဲ့ ပန်းကလေးကိုမှ
သင်ဦးခေါင်းထက်မှာ
ပန်ဆင်ချင်တယ်ဆိုရင်
သင်မဟုတ်သေးဘူးဆိုတာ
သင့်ကိုယ်သင် သိပါစေလေ။

ပန်းချစ်သူရေ
သင်မဟုတ်သေးပါဘူးလို့ ပြောတာက
သင် ပန်းဝေဒနာတွေ ခံစားရမှာစိုးလို့
ပြောမိတာကို သိပါစေ ပန်းချစ်သူရေ။

                                 မှိုင်း(ဓာတု)



ဂိမ္မာန်နိမိတ် ဗန်ဒါရိပ်ဝေဒနာ

  နွေအကူး ‌ကြွေပေဦးတော့ ဗန်ဒါရေ။ မင်းအလှည့် ပြီးပြန်တော့ ကျွန်းရယ် မဟော်ဂနီရယ် ရောက်လာအုံးမယ်‌လေ ။ ရွက်ဝါကြွေ ရွက်သစ်ဦး ‌ အပျော်ဦးတာက ဗန်ဒါလ...