Monday, May 3, 2021

ဘာကြောင့်ပါလဲ လောကရယ်။

 



     ဒီတောဒီတောင်တွေပေါ်ရောက်တုန်း

     မဆင်းတော့ဘဲနေချင်မိတယ်။

     ဒီနေရာမှာ လူဆိုးတွေမရှိဘူး။

     ဒီနေရာမှာ မရိုးသားသူတွေမရှိဘူး။

     ဒီနေရာဟာ မနာလိုဝန်တိုခြင်းတွေမရှိဘူး။

     ဒီနေရာလို ငြိမ်းချမ်းမှုတွေ

     မြို့ပြမှာ ဘာလို့မရှိရတာလဲ။



     ဒီနေရာလိုဖြစ်အောင် 

     မြို့ပြကို ဘယ်လိုပြုပြင်ရမလဲ။

     စဉ်းစားရင်း စဉ်းစားရင်း

     အပြင်းဖျားတာကမှ

     သက်သာအုံးမယ်ထင်ပါရဲ့ လောကရယ်။

        မြတ်မျိုးမြင့်မာန်(၂၈.၄.၂၀၂၁)


ပညာရေးဆိုတာ အဖြူရောင်ပါ။






  ပညာရေးဆိုတာ အဖြူရောင်အဖြစ်

  သန့်စင်စွာ အမြဲတည်ရှိနေတာပါ။

  မိမိရဲ့စိတ်အလိုနဲ့ မတိုက်ဆိုင်တိုင်း

  လိုရာဆွဲပြီး ဘယ်လိုအရောင်ဆိုးပေမယ့်

  ပညာရေးဆိုတာကတော့ 

  အမြဲဖြူဖွေးသန့်စင်ပြီးသားပါ။

  ပညာရေးကို အသုံးပြုမယ့်

  အာစရိယဆရာတွေကတော့

  အရေးကြီးလှပါတယ်။

  စိတ်ဓာတ်ဖြူစင်တဲ့

  ဆရာ့စေတနာနဲ့

  ပညာဆိုတဲ့ ဖြူစင်ပြီးသားအရာကို

  အသုံးပြုသင်ကြားရင်

  ဘယ်အချိန်ပညာသင်သင်

  ပညာသင်ယူသူ

  ကလေးများအတွက်

  အကျိုးများလှပါတယ်။


  ဦးမြင့်ဝင်းလှ(ပညာရေး)

  မြတ်မျိုးမြင့်မာန်၊မှိုင်း(ဓာတု)

  မြန်မာနိုင်ငံစာရေးဆရာအသင်းဝင်အမှတ်(၇၅၅၂)

  (၁.၅.၂၀၂၁)


 

မောဟကမ္ဘာ

 


ဪ.. လူ့ဘောင်လောက
ဤဌာနကား
ခဏမခြား
မောဟများဖြင့်
စီထားပန်းကုံး
လှမဆုံးဆင်ယင်
အပြုံးတုရင်ပြင်နဲ့
သောကအသွင်များပါတကား။

မြတ်မျိုးမြင့်မာန်
(၄.၅.၂၀၂၁) 

facebook စာမျက်နှာပေါ်က ဓာတ်ပုံတစ်ပုံအား ကူးယူခံစားဖော်ပြပါသည်။

ဂိမ္မာန်နိမိတ် ဗန်ဒါရိပ်ဝေဒနာ

  နွေအကူး ‌ကြွေပေဦးတော့ ဗန်ဒါရေ။ မင်းအလှည့် ပြီးပြန်တော့ ကျွန်းရယ် မဟော်ဂနီရယ် ရောက်လာအုံးမယ်‌လေ ။ ရွက်ဝါကြွေ ရွက်သစ်ဦး ‌ အပျော်ဦးတာက ဗန်ဒါလ...