Showing posts with label ကာရံမဲ့ကဗျာ. Show all posts
Showing posts with label ကာရံမဲ့ကဗျာ. Show all posts

Tuesday, September 22, 2020

ဘဝဆိုတာ ကဗျာတစ်ပုဒ်ပါဘဲကွယ်။


 

ဘ၀ဆိုတာ
ပျော်ရတဲ့အခါလည်းရှိတယ်။
ဘဝဆိုတာ
ငိုရတဲ့အခါလည်းရှိမယ်။
ဘဝဆိုတာ
ကြမ်းတဲ့အခါလည်းရှိတယ်။
ဘဝဆိုတာ
နုတဲ့အခါလည်းရှိမယ်။
ဘဝဆိုတာ
ခါးတဲ့အခါလည်းရှိတယ်။
ဘဝဆိုတာ
ချိုတဲ့အခါလည်းရှိမယ်။
ကဗျာဆိုတာ
ကာရံနဲ့ကဗျာလည်းရှိတယ်။
ကဗျာဆိုတာ
ကာရံမဲ့ကဗျာလည်းရှိမယ်။
ကဗျာထဲမှာ
ချစ်တာလည်းရှိတယ်။
ကဗျာထဲမှာ
မုန်းတာလည်းရှိမယ်။
ကဗျာရဲ့အရသာ
ကြည်နူးခြင်းလည်းရှိတယ်။
ကဗျာရဲ့အရသာ
ကြေကွဲခြင်းလည်းရှိမယ်။
ဘဝနဲ့ကဗျာ ကဗျာနဲ့ဘဝ
အကောင်းနဲ့အဆိုးတွေ
အပြောင်းအလဲတွေ
မတူညီခြင်းတွေ
ပုံသေပြောမရ
မာယာအစအနတွေနဲ့
ပြည့်နှက်နေတာပါဘဲကွယ်။
မှိုင်း(ဓာတု)
Daw Nang Hseng Hong, Daw Mar Mar Oo and 48 others

ဂိမ္မာန်နိမိတ် ဗန်ဒါရိပ်ဝေဒနာ

  နွေအကူး ‌ကြွေပေဦးတော့ ဗန်ဒါရေ။ မင်းအလှည့် ပြီးပြန်တော့ ကျွန်းရယ် မဟော်ဂနီရယ် ရောက်လာအုံးမယ်‌လေ ။ ရွက်ဝါကြွေ ရွက်သစ်ဦး ‌ အပျော်ဦးတာက ဗန်ဒါလ...