Showing posts with label မှိုင်း(ဓာတု). Show all posts
Showing posts with label မှိုင်း(ဓာတု). Show all posts

Monday, August 17, 2020

သူသိပါစေ ...

 


ဆံနွယ်ရှည်ရှည်
မြင်ကာလေတိုင်း
မချိသောက ဖြာခဲ့ရသည်
စွဲလန်းစိတ်များ
ပြန်ရောက်သွားတိုင်း
မျက်ရည်ဝိုင်းသည့်
အတိတ်နုပျို
ကာလထိုက
လူငယ်ဘဝ
ပြန်တမ်းတမိ
အချစ်သိစေ
ချစ်မိမေရယ် ...။
မှိုင်း(ဓာတု)







အလွမ်းကဗျာသစ်

 



တိမ်မှောင်ဖုန်းလွှမ်း
မိုးလလွမ်းလာ
ညချမ်းခါနီး
ညနေထီးကျန်
အကျည်းမတန်
ဝဿန်လှလှ
ထိုကာလမှာ
လွမ်းမိသူသာ
အပြစ်ပါတည်း။

မှိုင်း(ဓာတု)

၆.၈.၂၀၂၀

တမ်းတခြင်း(၄)

 လမင်းအောက်မှာ

မှုန်ပြာပြာရယ်
တွယ်လာစုထွေး
ဟိုဒီငေးနဲ့
မအေးရင်မှာ
လွမ်းကဗျာစု
နွမ်းလာသူလျှင်
အလွမ်းဘုရင်။
မှိုင်း(ဓာတု)

အထီးကျန်

 

မိုး‌ရိပ်ရယ်သန်း
နွေနှောင်းလမ်းမှာ
မလှမ်းသာပြီ
ပန်းမင်းဆီသို့
နှင်းဆီမေလား
ခရေလားလေ
စိတ်ထားတွေဝေ
အလွမ်းနွေရယ်
ပန်းချွေမအား
လမ်းတွေများအလယ်
အဆွေးများတွယ်။
မှိုင်း(ဓာတု)
(၃.၅.၂၀၂၀) ညရှစ်နာရီ

တမ်းတခြင်းခဏတာ




ကိုယ်တွေကနွမ်း ရင့်ရော်စမ်းပ
ဒီလမ်းဒီစခန်းကတော့ လန်းဆဲလေ။
အတိတ်အစ ပြန်ငေးရလည်း
ချစ်လှသူတွေ ဘယ်မလဲလေ။
မှိုင်း(ဓာတု)

၂၆.၁၂.၂၀၁၉

 

Saturday, April 4, 2020

ရင်ထဲက ခံစားချက်လေး တစ်ခု




ပြုစုတိုင်းသာ
ပန်းကလေးတွေ ပွင့်လန်းနေမယ်ဆိုရင်
ဥယျာဥ်မှူးကောင်း တယောက်အတွက်က
ဆူးစူးတာလောက်ကို
မမှုတော့ပါ ပန်းကလေးရေ။
မှိုင်း(ဓာတု)
၃.၄.၂၀၂၀

Wednesday, March 11, 2020

ပန်းကလေးလို လှနေတာဘဲ ကြည့်ချင်ပါသည်။




နွေအရိပ်သန်း
ရွက်ခြောက်လမ်းမှာ
ခြေလှမ်းဖွဖွ
နွေအလှသူ
ရင်မှာပူမိ
သူ၏ဘဝ
လှပစေလို
စေတနာပိုမိ
ရင်၌သိပြီ ကြားဖူးစာသား
ကိုယ်ရွတ်တွားမည်
ပန်းကလေးလို လှနေတာဘဲ
ကြည့်ချင်ပါသည်။
မှိုင်း( ဓာတု)
ကဗျာသည် ကဗျာသာဖြစ်ပါသည်။ 
သို့သော်လည်း သူမသိသော်လည်း 
ကိုယ်သာသိသော ဝေဒနာ တစ်ရပ်တော့ ဖြစ်ပါသည်။


-----------------------------------------------------------------------------------------------------


ပန်းကလေးလို လနေတာဘဲ ကြည့်ချင်ပါသည်။
နွေအရိပ်သန်း
ရွက်ခြောက်လမ်းမ

ခြေလ
မ်းဖွဖွ
နွေအလ
သူ
ရင်မ
ာပူမိ
သူ၏ဘဝ
ပစေလို
စေတနာပိုမိ
ရင်၌သိပြီ ကြားဖူးစာသား
ကိုယ်ရွတ်တွားမည်
ပန်းကလေးလို လ
နေတာဘဲ
ကြည့်ချင်ပါသည်။
ိုင်း( ဓာတု)
ကဗျာသည် ကဗျာသာဖြစ်ပါသည်။ 
သို့သော်လည်း သူမသိသော်လည်း 

ကိုယ်သာသိသော ဝေဒနာ တစ်ရပ်တော့ ဖြစ်ပါသည်။


Saturday, August 31, 2019

အလွမ်း မိုးရေ




###  မစဲအောင်ရွာနေတဲ့ မိုးရေ
         အညှိုးနဲ့ဘဲ ရွာနေသလား
         တို့တွေလည်း အပါအ၀င်ပေါ့နော်။

###  ကောင်းကင်တစ်ခုလုံး
          အပြည့်ဖုံးလွှမ်းလို့
           တိမ်မီးခိုးရောင်တွေက
           မြို့လုံးလုံးမက
          နယ်လုံးလုံးပါခဲ့ပါပြီ
         လှပတဲ့ရှုခင်းများ
         ပျောက်ကွယ်လုနီးနီးပါဘဲ။

###  အရှေ့မှာမိုး
         အနောက်မိုးတွေ
           တောင်မြောက်မိုးပြင်း
          အထက်မိုးမင်းက
          မိုးနေ့ဆောင်ခဲ့
          အေးချမ်းတဲ့နေ့ တနင်္ဂနွေရယ်။

###  မင်းမရှိတဲ့ တို့ဘ၀မှာ
         မင်းမသိတဲ့ တို့ဘ၀မှာ
          ကဗျာတွေထဲ နစ်မျောနေတာ
         စာတွေထဲ နစ်မျောအခါခါ
          ကိုယ်လေ ....တစ်ယောက်တည်း
          အလွမ်းသံသရာ။

                         မှိုင်း(ဓာတု)

(၁.၉.၂၀၁၉) နံနက်(၉)နာရီ တွင် ရေးသားသည်။






   

Wednesday, August 14, 2019

တမ်းတခြင်းအလွမ်းအိပ်မက်




တမ်းတခြင်းအလွမ်းအိပ်မက်
******************************
ရွက်ဝါကြွေ နွေမကူးပေမယ့်
သက်ညှာမေ ဘယ်မရှိဘူးလေပ
လွမ်းခြင်းကပြိုင်။
လွမ်းတတ်သူ လွမ်းနေပါလေရဲ့
ရမ်းရော်ကာ ဘယ်ညာကြည့်ပြန်တဲ့အခါ
မိုးဖွဲကလာ။
ကဗျာစပ် ပြန်ရက်ရယ် မသိနိုင်သူမို့
ရီဝေစွာမျက်ဝန်းထဲ
ပုလဲဥတွေတွဲ။
မှိုင်း(ဓာတု)
(3.1.2019) ခေါင်းစဉ်တပ်၍
ကွန်ပျူတာဖြင့်
ပြန်လည်ပြင်ဆင်ပါသည်။
လက်တန်း ရေးခဲ့စဉ်က
မညီမညာ စာသားများအား
အားပေးစာနာ နားလည်ပေးသူ
မိတ်ဆွေအားလုံးအား
အထူးကျေးဇူးတင်ပါသည်။

ဧပြီမှာ ဝေတဲ့နှင်း ဝေးခြင်းမှကင်းစေ


ဧပြီမှာ ဝေတဲ့နှင်းရယ်
လွမ်းချင်လည်း အလွမ်းဖြစ်စေ
ဆွေးချင်လည်း အဆွေးဖြစ်စေ
တွေးချင်လည်း အတွေးဖြစ်စေ
ငေးချင်လည်း အငေးဖြစ်စေ
မဝေးချင်တဲ့ အတွက်တော့
ဝေးခြင်းတော့ ကင်းပါရစေနှင်းရေ။
မှိုင်း(ဓာတု)
၂၅.၄.၂၀၁၉


တစ်ခါတစ်လေ(သို့မဟုတ်) မိုင်းဆတ်ရောက်ကျွန်တော်



တစ်ခါတစ်လေ(သို့မဟုတ်) မိုင်းဆတ်ရောက်ကျွန်တော်
***************************************
တစ်ခါတစ်လေ တောင်ပေါ်မှာ
တစ်ခါတစ်လေ မြို့ထဲမှာ
တစ်ခါတစ်လေ တစ်ယောက်တည်း
တစ်ခါတစ်လေ မိတ်ဆွေနဲ့
တစ်ခါတစ်လေ မိုးထဲမှာ
တစ်ခါတစ်လေ အမိုးအောက်မှာ
တစ်ခါတစ်လေ မီးမရှိပါ
တစ်ခါတစ်လေ မီးရှိတော့ တီဗွီ၊လက်ပ်တော့နဲ့ပါ
တစ်ခါတစ်လေ စာရေးဆရာ
တစ်ခါတစ်လေ ကဗျာရေးဆရာ
တစ်ခါတစ်လေ ဘာတွေလည်း မသိချင်တော့ပါ
ဘာလို့လဲဆိုတော့
တစ်ခါတစ်လေ ကိုယ်ဟာလည်း
ဘာမှမဟုတ်ပါ .......
သင်္ခါရဆိုတာ သိနေလို့ပေါ့ဗျာ။

မှိုင်း(ဓာတု)


-----------------------------------------------------------------------------



တစ်ခါတစ်လေ(သို့မဟုတ်) မိုင်းဆတ်ရောက်ကျွန်တော်
***************************************
တစ်ခါတစ်လေ တောင်ပေါ်မှာ
တစ်ခါတစ်လေ မြို့ထဲမှာ
တစ်ခါတစ်လေ တစ်ယောက်တည်း
တစ်ခါတစ်လေ မိတ်ဆွေနဲ့
တစ်ခါတစ်လေ မိုးထဲမှာ

တစ်ခါတစ်လေ အမိုးအောက်မှာ
တစ်ခါတစ်လေ မီးမရှိပါ
တစ်ခါတစ်လေ မီးရှိတော့ တီဗွီ၊လက်ပ်တော့နဲ့ပါ
တစ်ခါတစ်လေ စာရေးဆရာ
တစ်ခါတစ်လေ ကဗျာရေးဆရာ
တစ်ခါတစ်လေ ဘာတွေလည်း မသိချင်တော့ပါ
ဘာလို့လဲဆိုတော့
တစ်ခါတစ်လေ ကိုယ်ဟာလည်း
ဘာမှမဟုတ်ပါ .......
သင်္ခါရဆိုတာ သိနေလို့‌ပေါ့ဗျာ။

မှိုင်း(ဓာတု)

အလွမ်းကဗျာလေးတစ်ပုဒ်


၂၀၁၉ ခုနှစ် ဇူလိုင်လ ၂ရက်နေ့တွင် မိုင်းဆတ်မြို့ တွင် ရေးစပ်သည်။

ယခုမေ သိစေသား


       

 @@ ချစ်သူပြောလေ
       အတိတ်တွေက
       ကိုယ်ချစ်သာဘဲ
       မေသိမြဲလေ။

@@ ချစ်သူသိလေ
       အတိတ်တွေက
       ကိုယ်ချစ်သာဘဲ
       မေသိဆဲလေ။

@@ ချစ်သူမေ့နေ
       အတိတ်တွေက
       ကိုယ်ချစ်သာဘဲ
       မေတွက်ဘဲလေ။

@@ ချစ်သူသိနေ
       ယခုမေက
        သူချစ်ကိုဘဲ
      တမ်းတဆဲလား။

@@ ချစ်သူသိစေ
        ယခုမေရေ
        ကိုယ်ချစ်ကိုတော့
         ချန်ရစ်ထိန်းထား
         သူစိမ်းကားဟု
        မထင်တွယ်ရစ်
         အကြင်နာစစ်ကို
        အကျွန်မျှော်ကိုး
       စဉ်စိုးမိုးလို့
         တမ်းတခြင်းတွေ
        မေသိစေ။

                       မှိုင်း(ဓာတု)

(14.8.2019)ညနေ (6;30) နာရီတွင် ရေးဖွဲ့သည်။

Friday, March 29, 2019

ပြောင်းပြန်လောက



တွေ့လိုက်​ရတဲ့
နံနက်​ခင်း မြင်​ကွင်း
အရုဏ်​ဦးက
ဆည်းဆာ​နေဝင်​​ချိန်လိုပါဘဲ။


နှင်းမဟုတ်​တဲ့
တောင်​ယာမီးခိုး​တွေက
မြူနှင်းနဲ့ တူ​နေသ​ယောင်​ပါဘဲ။

ဓာတ်​ပုံနဲ့
တကယ့်​အပြင်​အ​ခြေအ​နေ
ကွာခြား​နေ​လေရဲ့။

မာယာများတဲ့
လူ့​လောကမှာ
အမှန်​ကိုလည်း
အမှားထင်​ခံရသလို
အမှားကိုလည်း
အမှန်​မြင်​တတ်​ပြန်​သတဲ့။

မတတ်​သူကဆရာလုပ်
တတ်​သူကတပည့်​​နေရာ
ပြောင်းပြန်​​တွေဖြစ်​တတ်​တဲ့​လောက
အခုကျွန်​​တော်​​တွေ့​နေရတဲ့
ဘဝနဲ့က​တော့ 
လိုက်ဖက်​​နေသလိုပါဘဲ ​လောကရယ်​။

မှိုင်း(ဓာတု)

Saturday, August 11, 2018

အရုဏ်မတက်မီ တာချီလိတ်ရှုခင်းများ






ဒီမနက် လမ်းလျှောက်
လမ်းတစ်လျောက်ကတော့
ပြုပြင်နေဆဲ ရှမ်းရိုးမကွင်း
တိုးတက်ခြင်း တစိတ်တဒေသ
မှတ်တမ်းတင်ခဲ့ရသည်။
ဟိုမှာကြည့်လည်း...မိုးတိမ်
ဒီမှာကြည့်လည်း ....မိုးတိမ်
တာချီလိတ်ကတော့ ......
မိုးအုံ့နေဆဲပါလေ။
အိမ်ရာမဲ့ လူတန်းစားများ
မိုးမလင်းခင်ကဘဲ ဖွထားတဲ့
အမှိုက်ကစင့်ကလျားတွေ
စည်ပင်ဝန်ထမ်း အနည်းငယ်
လမ်းတလျောက် စုကာရယ်
သန့်ရှင်းရေးလုပ်နေကြပါတယ်။
မလုပ်ရမှာကို
လုပ်နေရတဲ့ သူတို့ဘဝ
ကိုယ်ချင်းစာမှုက
ရင်နှင့်အမျှပါ။
ပြတ်သားလို့ရတဲ့
ခေါင်းဆောင်က
မပြတ်သားသရွေ့
နောက်လိုက်တွေ ခံပေအုံးတော့။
ဆန်ဆိုင်းဈေးမှာ
ပစ္စည်းတစ်မျိုးထဲ
ဈေးနှုန်းကကွာခြား
မတူညီမှုများ
စားသုံးသူဆင်းရဲသား
ခေါင်းလည်သွားလောက်ရဲ့။
ဆင်းရဲချမ်းသာ
ကြည့်ပြီး ရောင်းတဲ့အခါ
ချမ်းသာသူ မပြောပလောက်ပေမယ့်
ဆင်းရဲသူ ဗိုက်မှောက်ရပေမပေါ့။
ကွပ်ကဲမှု အားနည်းရင်
ဖြစ်ချင်တာဖြစ်နေတာ
ဖြစ်ချင်တိုင်းဖြစ်နေတာ
ဤလောကကြီးပါဘဲ။
ဘာဘဲဖြစ်ဖြစ်
ဘာကိုလုပ်လုပ်
ပညာအခြေခံရှိရင်တော့
ဘ၀ကို
အဆိုးဆုံး မဖြစ်အောင်
ကာကွယ်နိုင်ကောင်းပါရဲ့။

မှိုင်း(ဓာတု)

(၁၀.၈.၂၀၁၈) နံနက်(၆း၄၄) နာရီတွင်ရေးသားသည်။









ဘယ်သောအခါမှ














(၁၁.၈.၂၀၁၈) တွင် စပ်ဆိုသည်။



Friday, August 3, 2018

နှင်းဆီသခင်မသို့








                                                                                                          မှိုင်း(ဓာတု)  ၄.၈.၂၀၁၈








Thursday, May 17, 2018

ချစ်သူကဗျာ ( ၁ )




 


အတိတ်ကိုပြန်လည်ခံစားရေးဖွဲ့ပါသည်။ 


Thursday, May 10, 2018

အဝေးဆုံးနေရာက အခြေခံဆရာ၏ ခံစားချက်များ



မိုးရွာလည်း
တာဝန်ကျေရတယ်။
နေပူလည်း
တာဝန်ကျေရတယ်။
နှင်းဝေလည်း
တာဝန်ကျေရတယ်။
ဖုန်ထူလည်း
ရအောင်ကျော်ဖြတ်ရတယ်။


တောထူလည်း
ရအောင်ကျော်ဖြတ်ရတယ်။
တောင်အထပ်ထပ်လည်း
ရအောင်ကျော်ဖြတ်ရတယ်။
လမ်းမကောင်းလည်း
ရအောင်လှမ်းကြရတယ်။
ကျောင်းမကောင်းလည်း
ရအောင်သင်ကြရတယ်။
မိဘပြည်သူအားနည်းလည်း
ရအောင်စည်းရုံးသင်ကြရတယ်။
ကျောင်းသူကျောင်းသားတပည့်လေးများ ဆိုးလည်း
သည်းခံကြိတ်မှိတ် ချော့မော့သင်ရတယ်။

လွမ်းသော်လည်း
အဝေးကဘဲ တမ်းတရတယ်။
မမေ့သော်လည်း
အားတဲ့တစ်နေ့ လာတွေ့မယ်။
ဘာလို့လဲဆိုတော့
ကိုယ်ဟာ
အခြေခံပညာရေးဝန်ထမ်းမို့ကွယ်။

မှိုင်း(ဓာတု)



10.5.2018 6:45 am တွင်
မိမိဖြတ်သန်းခဲ့သော့
ဘ၀များနှင့်ယှဉ်၍
ဝေးလံခေါင်ဖျားတွင်
တာဝန်ကျသည့်
အခြေခံဆရာဆရာမများကိုယ်စား
ခံစားရေးသားခြင်း ဖြစ်ပါသည်။











Monday, April 23, 2018

ခရေဆိုင်ရာ ရင်ဖွင့်ခြင်း

ခရေဆိုင်ရာ ရင်ဖွင့်ခြင်း
******************
ရေးသားရသည့် အကြောင်းရင်း
**************************
ယနေ့လူငယ်များ
ဘ၀တစ်ခုကို
တန်ဖိုးထားဖြတ်ကျော်စေလိုသည့်
အတွက် ရေးသားပါသည်။
ထို့ထက်ပို၍ ယနေ့
ပညာရေးဝန်ထမ်း
ဆရာ/ဆရာမငယ်များကို
ကောင်းသည့် အတုခိုးစေလိုသည့်
စေတနာဖြင့်လည်း
ရေးသားပါသည်။
ဆက်လက်ရေးသားရန်
များစွာရှိပါသေးသည်။
ယနေ့လူငယ်ဝန်ထမ်းအချို့သည်
အရွယ်ရောက်၍
မိဘအုပ်ထိန်းမှုမှ
စတင်ပြီး အနည်းငယ်
လွတ်လပ်လာသည့်
အချိန်ကာလတွင်
အကျင့်စာရိတ္တနှင့်
သိက္ခာ ဘာတစ်ခုမှ
မထိန်းတော့သည့်အပြင်
ကိုယ့်ထက်ရာထူးကြီးသူ တစ်ချို့၏
မကောင်းသော
အကျင့်စရိုက်ကို
အကောင်းထင်သဖြင့်လည်းကောင်း
ဆွဲဆောင်စည်းရုံး
ခံရသဖြင့်လည်းကောင်း
နုနုငယ်ငယ်ဘ၀တွင်ပင်
ပျက်စီးနေကြပါသည်။
အနာဂတ်ကို မြင့်မြင့်မြတ်မြတ်
ဖြတ်သန်းဖို့ထက်
အဆုံးစွန် ပျော်ပါးသောက်စား
နေနေကြသည်။
မိမိခန္ဓာကိုယ်ကိုပင်
တန်ဖိုးမထားသည့်
အခြေအနေထိပင်
တွေ့ကြုံနေရပါသည်။
ကျွန်တော်တို့ခေတ်
လွန်ခဲ့သော အနှစ်သုံးဆယ်
နီးပါး လူငယ်များထက်
ရဲတင်းလျက် အရှက်အကြောက်
မဲ့လာသည်ကိုတွေ့ရပါသည်။
တိုင်းပြည်အတွက်
မိမိလူမျိုးဘာသာ
မိဘဆွေမျိုးဒေသအတွက်
ဘာမှမစဉ်းစားတော့ဘဲ
ဖြစ်ချင်ရာဖြစ် ထင်ရာစိုင်းမှုများ
ဖြင့် ဆောင်ရွက်နေသည့်
ယနေ့လူငယ်အချို့ကို
ပြုပြင်စေလိုသော
စေတနာဖြင့် ရေးသားခြင်းလည်း
ဖြစ်ပါသည်။
လူငယ်များ လူငယ်ဘာဝ
ချစ်ခင်ခြင်းမှာလည်း
တဏှာကာမကို အဓိကထားခြင်း
များလာပြီး သန့်စင်သောမေတ္တာကို
တန်ဖိုးထားမှု နည်းပါးလာသည်ကို
မြင်သိကြားတွေ့နေရပါသည်။
အချစ်စစ် အချစ်မှန်သည်
ဖြူစင်နေသည့်အတွက်
မည်သည့် အရွယ်ရောက်သည်ဖြစ်စေ
ကျေနပ်ပီတိသည်
မည်သည့်အရာနှင့်မှ
လဲ၍မရအောင်
တန်ဖိုးရှိကြောင်း
ဘ၀ကို တန်ဖိုးထား
ကျော်ဖြတ်နိုင်စေရေးအတွက်
အမျိုးသမီးငယ်များလည်း
မိမိကိုယ်ကို တန်ဖိုးထား
စေရေးအတွက်လည်းကောင်း
ခရေဆိုင်ရာ ရင်ဖွင့်ခြင်း ကဏ္ဍကို
မိမိဘ၀ မှတ်တမ်းအဖြစ်လည်းကောင်း
ဆက်လက်ရေးသားသွားပါမည်။
မှိုင်း(ဓာတု)


ခရေဆိုင်ရာ ရင်ဖွင့်ခြင်း မှတ်တမ်းများ စုစည်းခြင်း




ငယ်စဉ်ကတည်းက
ယနေ့တိုင်အောင်
ခရေပန်းကိုမြတ်နိုးခဲ့သည်။
ရုပ်လှခြင်းထက်
စိတ်သဘောထားပြည့်ဝသော
ခရေသဘာဝရှိသူ
သူမတို့အားလေးစားသလို
နှလုံးသားထဲလည်း
ရောက်ရှိခံစား
တန်ဖိုးထားခဲ့သည်။


ကျွန်တော်တန်ဖိုးထားခဲ့သော
ခရေပန်းတို့သည်
နီးမလိုနှင့်အဝေးတွင်
ရှိနေခဲ့ပါသည်။
သို့သော်လည်း
အရွယ်လွန် ဘဝခြားသည့်
ယခုအချိန်တွင် မမျှော်လင့်ဘဲ
လူမှုရေးကွန်ယက်များကြောင့်
ပြန်လည်တွေ့ဆုံခဲ့ရပါသည်။


ပထမခရေမှတ်တမ်းအကျဉ်း
**********************

 အတိတ်က ပထမခရေနှင့်
မနေ့တစ်နေ့က
လူမှုရေး ကွန်ယက်တွင်
ပြန်ဆုံခွင့်ရခဲ့ပါသည်။

လူချင်းမဆုံရသော်လည်း
လူချင်းဆုံရသကဲ့သို့ပင်
ခံစားရပါသည်။
အနှစ်(၃၀)ဟူသောကာလသည်
အင်မတန်ရှည်ကြာသော်လည်း
ကျွန်တော့်အတွက်မူ
ခဏလေးကဲ့သို့ ဖြစ်ရသည်။
အဘယ့်ကြောင့်မူ
ခရေသည် ရနံ့မပြယ်
သေးသည်သာမက
ပို၍ပင် တင့်တယ်လှပ
နေပါသည်။
အပြန်အလှန် စာဖြင့်
ရေးသားရင်း မိမိတန်ဖိုး
ထားခဲ့ခြင်း မှန်ကန်ကြောင်း
သိရသဖြင့် ၀မ်းမြောက်မိပါသည်။
မိမိအမည်ပေးခဲ့သည်အတိုင်း
သူမ ဘ၀ကို အောင်မြင်စွာ
ဖြတ်ကျော်နေပါသည်။
လူချင်းတွေ့ရန်
သူငယ်ချင်းစိတ်ဖြင့်
သူမ ရိုးသားစွာပြောသော်လည်း
ကျွန်ုပ်ရင်မှာ
ခံနိုင်ရည်မရှိပါပြီ။
ခရေဟုတင်စားခဲ့သည်ကို
ခရေဟုအမည်ပေးခဲ့ရသည့်
သူမပင်
သိလိမ့်မည် မဟုတ်ချေ။
မည်သို့ပင်ဖြစ်စေကာမူ
မိုင်ထောင်နီးပါး အဝေးက
ကျွန်ုပ်တစ်ယောက်
ချယ်ရီမြေတွင်
ခရေမွှေးရနံ့လေးကို
သတိရလျက်
ပျော်ရွှင်ချမ်းမြေ့နေပါမည်။
ရယူပိုင်ဆိုင်ခြင်းအတွက်
လုံးဝစိတ်မကူးခဲ့သော
မေတ္တာဖြင့် တန်ဖိုးထားခဲ့သော
ခရေတစ်ပွင့်ကို အခါအခွင့်သင့်ပါက
မြင်ရရုံနဲ့ပင် ရင်ခုန်သံသည်
ယနေ့တိုင် မြန်နေအုံးမည်
ထင်ပါသည်။
သူဘ၀နှင့်သူလှပတင့်တယ်
မွှေးကြိုင်နေသည့်
ပထမခရေအား
အဝေးကပင်
ဂုဏ်ပြုပါသည်။

 ဒုတိယခရေမှတ်တမ်းအကျဉ်း
***********************
ပညာရေးလမ်းမပေါ်
လျှောက်လှမ်းရင်း
အနှစ်(၃၀)ကျော်က
ဒုတိယခရေအား
အွန်လိုင်း လူမှုရေးကွန်ယက်တွင်
မကြာမီက
ပြန်လည်တွေ့ရှိခွင့်ရခဲ့သည်။

တက္ကသိုလ်ဆရာမဘ၀ကို
စွန့်လွှတ်ပြီး
ယင်းထက်ပိုမိုသော
ဝင်ငွေကောင်းသည့်
နိုင်ငံတကာနှင့်ဆိုင်သောလုပ်ငန်းဖြင့်
ဘ၀ကို အောင်မြင်စွာဖြတ်သန်းနေသည်ကို
လေးစားစရာတွေ့ခဲ့ရသည်။
တကြိမ်တစ်ခါမှ
ပြန်လည်မတွေ့ရတာ
ကြာမြင့်နေသော်လည်း
လွန်ခဲ့သော အနှစ်သုံးဆယ်က
မိမိအမှတ်တရ တန်ဖိုးထား
ပေးခဲ့လေသည့်
တန်ဖိုးနည်းသော်လည်း
ရေရှည်ခိုင်ခန့်သည့်
သူ့အမည်နှင့်
မဟာဘွဲ့ကို
ရေးထိုးထားသည့်
စတီးပြားငယ်
အမှတ်တရပစ္စည်းလေးကိုပင်
ယနေ့တိုင်
တန်ဖိုးထား ထိန်းသိမ်းထားသည်ကို
ကျေနပ်မိခဲ့ရသည်။
သူ့ဘဝ
ထာဝရ အောင်မြင်ပျော်ရွှင်ပါစေရန်
ဆုတောင်းမိပါသည်။
လွတ်လပ်သော သူ့ဘ၀နှင့်
သူ့စိတ်ဓာတ်များသည်
ကျွန်တော် မြတ်နိုးတန်ဖိုးထားသော
ခရေပန်းလေးများကဲ့သို့
ရနံ့မပြယ်တြော့ပီကို
သိလိုက်ရပါသည်။
ဒုတိယခရေသည်
ဘ၀အမောများ
အကြိမ်ကြိမ်ကြုံသော်လည်း
ဘ၀ကိုအောင်မြင်စွာဖြင့်
သူမဖြတ်သန်းခဲ့သည်။
နိုင်ငံခြား ဘာသာစကားများကို
တတ်မြောက်သည့်အပြင်
ပြန်လည်သင်ကြားနိုင်သည့်
အဆင့်ပင်ရောက်ခဲ့သည်။
ခေတ်နှင့်အညီတိုးတက်နေသည့်
နည်းပညာများကိုလည်း
ကျွမ်းကျင်တတ်မြောက်နေပါသည်။
သူမသည် သူမ၏
မိဘ မောင်နှမများအတွက်ကိုပါ
တာဝန်ကျေလှသော
သမီးကောင်းအဖြစ်
ယနေ့တိုင် ဦးဆောင်နေပါသည်။
လူ့ဘ၀တွင်
အစကောင်းမှအနှောင်းသေချာသည်
ဆိုစကား အင်မတန်မှန်ပါသည်။
ပဲ့ကိုင် ထိန်းကျောင်းပေးပါလျှင်မူ
ပို၍အောင်မြင်ပါမည်။
ပဲ့ကိုင်ထိန်းကျောင်းသူ
မရှိပါက မိမိသာလျှင်အရှင်သခင်
ဖြစ်သောကြောင့် မိမိကိုယ်ကို
ထိန်းသိမ်း ကြိုးစားခြင်းဖြင့်
သက်ဆုံးတိုင်အောင်မြင်မည်
ဖြစ်ပါသည်။
မည်သို့ပင်ဖြစ်စေကာမူ
မိမိတန်ဖိုးထားသူ
ဒုတိယခရေသည်
ယခုကဲ့သို လှပတင့်တယ်
နေခြင်းအား ကျေနပ်ရင်း
အကျဉ်းချုပ်မှတ်တမ်းထားရှိပါသည်။


 ခရေရူး၏ ခရေပုံပြင်များကို
ရေးသားရခြင်းအား အမှားပါလျှင်
နားလည်ခွင့်လွှတ်ပါရန်
တင်ပြလိုက်ရပါသည်။

မှိုင်း (ဓာတု)

ဂိမ္မာန်နိမိတ် ဗန်ဒါရိပ်ဝေဒနာ

  နွေအကူး ‌ကြွေပေဦးတော့ ဗန်ဒါရေ။ မင်းအလှည့် ပြီးပြန်တော့ ကျွန်းရယ် မဟော်ဂနီရယ် ရောက်လာအုံးမယ်‌လေ ။ ရွက်ဝါကြွေ ရွက်သစ်ဦး ‌ အပျော်ဦးတာက ဗန်ဒါလ...