Showing posts with label တရားသဘောကဗျာများ. Show all posts
Showing posts with label တရားသဘောကဗျာများ. Show all posts

Saturday, March 23, 2013

ဂန္တ၀င်အတ္တ




ငါ့သွေးငါ့သား   ငါ့မယားအတွက်
ငါဟုလောက   ငါ့အတ္က။

ငါ့ဝမ်းပြည့်ဖြိုး   ငါ့အိမ်တိုးတက်
ငါ့စီးပွားတွက်   ငါ၏မနော
ငါ့သဘောကား   ငါမပျက်ပြီး
ကမ္ဘာမီးလောင်   ငါ့မလောင်က
ငါကားအေးဆေး   နေနိုင်သေး၏။

      

ငါ့လမ်းမပေါ်   ငါလျှောက်သော်မှ
ငါ့တွက်ခလုတ်   ငါရှင်းထုတ်မည်
သူ့လမ်းမပေါ်   ငါလျှောက်သော်မှ
သူ့တွက်ခလုတ်   မရှင်းထုတ်လည်း
 ငါနေပျော်က  ..................
ငါ့လမ်းဖြစ်ရန်   ကြိုးစားကြံမည်။


လောဘကမ္ဘာ   မောဟဖြာလျှက်
ဤသည်လူသား   အတွေးများကား
ဂန္တ၀င်အတ္တ   စံတင်ရမည်
သူသိသည်ကား   ငါ့ဖို့တည်း။

ဤသည်လူသား   အတွေးများအား
ဖယ်ရှားရှင်းထုတ်   အကြံယုတ်ကို
ပယ်ဖြုတ်သန့်စင်   ကျွတ်တမ်းဝင်ဖို့
အကျွန်ုပ်တို့   .........................
စုပေါင်းဆောင်ရွက်ကြပါစို့။

                            မြတ်မျိုးမြင့်မာန်





အတ္တဆန်မှုလွန်ကဲသောလောကကြီးအား မေတ္တာတရားလွမ်းခြုံစေလိုသောစေတနာဖြင့်ဖွဲ့ဆိုပါသည်။

  မျိုးမြန်မာ စာစောင်တွင်ပါရှိပြီးဖြစ်ပါသည်။ ရန်ကုန်တွင်ခေတ္တရောက်ရှိစဉ်
  (၁၁.၁၀.၁၂)   ရက်နေ့အွန်လိုင်းစာမျက်နှာတွင်ဖော်ပြပါသည်

ဂိမ္မာန်နိမိတ် ဗန်ဒါရိပ်ဝေဒနာ

  နွေအကူး ‌ကြွေပေဦးတော့ ဗန်ဒါရေ။ မင်းအလှည့် ပြီးပြန်တော့ ကျွန်းရယ် မဟော်ဂနီရယ် ရောက်လာအုံးမယ်‌လေ ။ ရွက်ဝါကြွေ ရွက်သစ်ဦး ‌ အပျော်ဦးတာက ဗန်ဒါလ...