Saturday, February 20, 2021

မျက်ရည် ဆုတောင်း


 

ကြေကွဲလို့ကျတဲ့ မျက်ရည်

သူ့မျက်ရည်တွေဘဲပေါ့လေ။

ကြေကွဲလို့ကျတဲ့မျက်ရည်

ကိုယ့်မျက်ရည်တွေဘဲပေါ့လေ။

ကြေကွဲခြင်းခပ်သိမ်း 

ကင်းငြိမ်းကြပါစေ။


အသက်အတွက် ကျတဲ့မျက်ရည်

နာကျင်မှုအတွက် ကျတဲ့မျက်ရည်

သူ့ဘက်ကိုယ့်ဘက် ကျတဲ့မျက်ရည်

တို့များနှလုံးသားတွေထဲက

ထွက်ပေါ်လာသည်ဘဲလေ

ထိုထိုမျက်ရည်များ ကင်းငြိမ်းကြပါစေ။


အမုန်းကြောင့် ဖြစ်လာတဲ့မျက်ရည်

ကုန်ဆုံးနိုင်ပါစေ။

အပြုံးကြောင့်ကျတဲ့ ပီတိမျက်ရည်

ထာဝရ စီးဆင်းနိုင်ပါစေ။

မြတ်ဗုဒ္ဓ ဆိုဆုံးမစကားများ

နှလုံးသွင်း၍ အမုန်းကင်းနိုင်ကြပါစေ။


မြတ်မျိုးမြင့်မာန်


Saturday, February 13, 2021

အကျွန်၏စေတနာဆုတောင်းလွှာ


 

ပန်းတွေလည်း ပွင့်ပါစေ 

အလွမ်းတွေလည်း လွင့်ပါစေ။ 

အနမ်းတွေလည်း မွှေးပါစေ 

စမ်းရေလည်း အေးပါစေ။ 

လောကကြီးလည်း 

သာယာစို‌ပြည်ပါစေ။ 

မှိုင်း(ဓာတု)



Wednesday, February 10, 2021

ဆောင်းဆုတောင်း

 



ချမ်းမြေ့ပါစေ

တောင်းဆုချွေသည်

ဆောင်းဝေပန်းတွေ

လန်းကြစေ။

မှိုင်း(ဓာတု)

ဂိမ္မာန်နိမိတ် ဗန်ဒါရိပ်ဝေဒနာ

  နွေအကူး ‌ကြွေပေဦးတော့ ဗန်ဒါရေ။ မင်းအလှည့် ပြီးပြန်တော့ ကျွန်းရယ် မဟော်ဂနီရယ် ရောက်လာအုံးမယ်‌လေ ။ ရွက်ဝါကြွေ ရွက်သစ်ဦး ‌ အပျော်ဦးတာက ဗန်ဒါလ...