Saturday, November 25, 2017
Friday, November 10, 2017
Thursday, November 2, 2017
Wednesday, October 18, 2017
မာယာရာသီမိုး
ပထမတန်းသင်ရိုးသစ်ဆင့်ပွားသင်တန်းကာလတွင် စပ်ဆိုမိခြင်းဖြစ်ပါသည်။
တစ်ပိုဒ်ဆိုသော်လည်း အမှတ်တရဖြစ်သဖြင့် မှတ်တမ်းတင်မိပါသည်။
Monday, October 9, 2017
ပန်းချစ်သူရေ သိပါစေ
ပန်းချစ်သူရေ
သင့်ဦးခေါင်းပေါ်မှာ
လှပတဲ့ပန်းတွေကို
တစ်ပြိုင်တည်း ပန်ချင်တယ်ဆိုရင်
သင်မဟုတ်သေးဘူးဆိုတာ
သင့်ကိုယ်သင် သိပါစေလေ။
ပန်းချစ်သူရေ
ပန်ဆင်ပြီးသား ညိုးနွမ်းနေတဲ့
ပန်းကလေးကိုမှ
သင်ဦးခေါင်းမှာ ပန်ဆင်ချင်တယ်ဆိုရင်
သင်မဟုတ်သေးဘူးဆိုတာ
သင့်ကိုယ်သင် သိပါစေလေ။
ပန်းချစ်သူရေ
သင်းပျံ့မွှေးလွန်းတဲ့ပန်းကိုမှ
သင်ဦးခေါင်းထက်မှာ
ပန်ဆင်ချင်တယ်ဆိုရင်
သင်မဟုတ်သေးဘူးဆိုတာ
သင့်ကိုယ်သင် သိပါစေလေ။
ပန်းချစ်သူရေ
ပြန်လည် မရရှိနိုင်တော့တဲ့
ဟိုးအဝေးကို ရောက်ရှိနေပြီဖြစ်တဲ့
သင့်ကို မေ့နေပြီဖြစ်တဲ့ ပန်းကလေးကိုမှ
သင်ဦးခေါင်းထက်မှာ
ပန်ဆင်ချင်တယ်ဆိုရင်
သင်မဟုတ်သေးဘူးဆိုတာ
သင့်ကိုယ်သင် သိပါစေလေ။
ပန်းချစ်သူရေ
သင်မဟုတ်သေးပါဘူးလို့ ပြောတာက
သင် ပန်းဝေဒနာတွေ ခံစားရမှာစိုးလို့
ပြောမိတာကို သိပါစေ ပန်းချစ်သူရေ။
မှိုင်း(ဓာတု)
Thursday, June 15, 2017
အမိမြေ သို့မဟုတ် အုပ်ချုပ်မှုသင်တန်းကျောင်း(အခည)
*** အရှေ့ပိတောက် နောက်ပိတောက်နှင့်
တောင်မြောက်ကြည့်ရာ ပိတောက်ပါဘဲ
မလွဲသည်မြေ ပိတောက်မြေဟု
တင်စားညွှန်းဆို တို့ကွန်းခိုအံ့။
*** ခိုနားရိပ်ဆောင် သီဟမောင်၌
ခိုနားရိပ်ဝေ သီရိမေ၌
မတူကွဲပြား ရာထူးများလှ
စိတ်ထားကိုယ်စီ ကြိုးစားမည်ဟု
အံတုရာသီ ၀ဿန်ဤသို့
မိုးညိုမှုန်မှိုင်း ခြုံသိုင်းတိမ်လွှာ
ချမ်းစိမ့်လာလည်း
ပန်းတိုင်ရောက်အောင် တို့စွမ်းဆောင်အံ့။
*** မဟောသဓ ထိုခန်းမ၌
ရက်လသင်ယူ ပညာထူမ
သာတူညီမျှ ကြိုးပမ်းကြသည်
နေ့ညသင်ပြ အာစရိယအား
ဦးခိုက်လျှက်ပါ မြတ်ဆရာတို့။
*** ပညာရတနာ ခန်းမသာ၌
ဖွင့်ပွဲသြ၀ါဒ နာယူရသည်
လွမ်းကြပါစို့ ပီတီမို့လည်း
ဘယ်ညာချီတက် ခန်းမဘက်မှာ
လေးပြုတန်းစီ အဖွဲ့ညီခဲ့
တွဲသည်ကဗျာ ကြောင်းအရာများ
မှတ်ကာပြုစု ဖွဲ့သီဦးအံ့။
*** လေးမျဉ်းစောင်း တစ်ခွန်
သင်တန်းအစ ဒီကာလမှာ
လေးမျဉ်းစောင်းတစ်ခွန်
သင်တန်းအဆုံး မြင်ယောင်အုံးမှာ
ပြောင်းလဲတာများ တို့အားထားလျက်
ပညာတန်ဆောင် ၀န်ထမ်းမောင်မယ်
စီမံဘဏ္ဍာ သင်ခန်းစာများ
သင်ကြားပြီးကြ တို့ဘ၀တွေ
လက်ကိုင်မြဲထား ဇွဲမာန်များနှင့်
ပညာပြည့်ဝ ခရီးလှအံ့။
စိုင်းမြင့်ဝင်းလှ (ရှမ်းအရှေ့)
Sunday, February 26, 2017
သင်မရှိသော်.................................
Posted on 4:20 AM by မြတ်မျိုးမြင့်မာန်
သင်မရှိသော်
ဤရပ်မြေ၌ သင်မရှိသော်
သင်တည်ခဲ့ပေ ဤကျောင်းမြေသည်
တိုးမြင့်ထွန်းတင့် ကျန်ကောင်းသင့်၏။
သင့်ကျောင်းမှာပျော် တပည့်ကျော်တို့
တိုးမြင့်ထွန်းတင့် ကျန်ကောင်းသင့်၏။
သင့်မြတ်နိုးရာ ဤနေရာသည်
ငြိမ်းချမ်းသာယာပါစေသတည်း။
မြတ်မျိုးမြင့်မာန်
(၂၃.၈.၂၀၁၂)
မိမိတာဝန်ထမ်းဆောင်ခဲ့သည့်နေရာအား ဇာတိသဖွယ်သဘောထားပြီးဆောင်ရွက်စေလိုသော
စေတနာမှန်ဖြင့် ဆရာဇော်ဂျီ၏ စကားလုံးအနည်းငယ်ယူငင်သုံးစွဲ စပ်ဆိုပါသည်။
Subscribe to:
Posts (Atom)
ဂိမ္မာန်နိမိတ် ဗန်ဒါရိပ်ဝေဒနာ
နွေအကူး ကြွေပေဦးတော့ ဗန်ဒါရေ။ မင်းအလှည့် ပြီးပြန်တော့ ကျွန်းရယ် မဟော်ဂနီရယ် ရောက်လာအုံးမယ်လေ ။ ရွက်ဝါကြွေ ရွက်သစ်ဦး အပျော်ဦးတာက ဗန်ဒါလ...
-
ခရေဆိုင်ရာ ရင်ဖွင့်ခြင်း ****************** ရေးသားရသည့် အကြောင်းရင်း ************************** ယနေ့လူငယ်များ ဘ၀တစ်ခုကို...