Showing posts with label ပညာရေးကဗျာများ. Show all posts
Showing posts with label ပညာရေးကဗျာများ. Show all posts

Saturday, August 29, 2020

ဘီအီးဒီဆိုတာ .......

 



ဘီအီးဒီဆိုတာ ကြွားဖို့မဟုတ်ဘူး 

ဂုဏ်ယူဖို့ပါ။

ဘီအီးဒီဆိုတာ သာမာန်မဟုတ်ဘူး 

ပညာရေးရဲ့ ရင်းမြစ်ကြီးပါ။

ဘီအီးဒီဆိုတာ 

ပညာရေးတက္ကသိုလ်တက်ရမှ 

ရတာ မဟုတ်ပါဘူး။ 

ဘွဲ့လက်မှတ်ကြီး ရမှမဟုတ်ဘဲ 

ဝါသနာ တကယ်ပါရင်

အပြင်ကနေ လေ့လာမှတ်သား 

လက်တွေ့ အသုံးချနိုင်ပါတယ်။ 

ဘီအီးဒီဆိုတာ ပညာရေးရဲ့ 

Promotion လှေကားဖြစ်တာ မှန်ပေမယ့် 

ပညာရေးမှာ 

domain ဘယ်နှစ်ခုရှိတယ်

ဆိုတာလေးတောင် မသိ‌တော့တဲ့ 

ဘီအီးဒီဆင်းသူတွေ ရှိနေတယ်။

ဘီအီးဒီက ပေးလိုက်တာတွေကို

လက်မှတ်ရတာနဲ့ 

ရင်းမြစ်တွေကို မေ့လျော့လို့

ရာထူးနောက် အသပြာနောက်

ကောက်ကောက်ပါအောင်လိုက်လို့

ဘီအီးဒီရသူ ဆိုတာကိုတောင် 

မေ့ထားကြသူတွေရှိတယ်။

အဲဒါတွေက ရ တာ နာ တွေ။ 

သင် ဘီအီးဒီရဖို့

ကြိုးစားတာ လက်ခံတယ်။ 

ဘီအီးဒီလက်မှတ်ယူပြီး

လုပ်စားတာ မဖြစ်သင့်ဘူး။

ဘီအီးဒီက ရင်းမြစ်တွေနဲ့ 

အခြေခံပညာကို တိုးတက်အောင်

အင်တိုက်အားတိုက် အားစိုက်ခွန်စိုက်

ရည်ရွယ်လုပ်ကိုင်ဖို့ 

အရေးကြီးပါတယ်။ 

ဘီအီးဒီနဲ့ အခြေခံပညာ 

တိုးတက်အောင် လုပ်ကြဖို့ 

ဘီအီးဒီ ရပြီးသူကော မရသေးသူတွေပါ 

အခြေခံပညာအတွက် 

စေတနာရှင်၊ဝါသနာရှင်၊ပညာရှင်ကြီးတွေ

ဖြစ်ကြစမ်းစေချင်လှပါတယ်။

 

ဦးမြင့်ဝင်းလှ B.Sc,B.Ed

ဒုတိယမြို့နယ်ပညာရေးမှူး




အခြေခံပညာရေးအတွက် ဘီအီးဒီကို ရာထူးထက် အခြေခံပညာအတွက် ထက်မြတ်တဲ့ လက်နက်အဖြစ်
သိနားလည်ပြီး ရယူခဲ့သည်။ ငွေရဖို့ အနည်းငယ်မျှ မစဉ်းစားခဲ့ပါ။ ရာထူးရဖို့တော့ သိခဲ့ပါသည်/
သို့သော် ပညာရေးမှူးရုံးအဆင့်ဆင့်တွင် နေသော အရာရှိရာထူးထက် ကျောင်းတွင် စာသင်သောဆရာသာ
ဘီအီးဒီကို ပိုမို ပုံဖော်နိုင်မည်ကို သိလာသောအခါ ကျောင်းတွင် စာသင်သော ဦးဆောင်ရသော ကျောင်းအုပ်ဘဝကိုသာ နေ့စဉ်တမ်းတလျက် တတ်စွမ်းသမျှ ဘီအီးဒီဆင်းများ အခြေခံပညာအတွက် မှန်မှန်ကန်ကန် ဦးဆောင်စေလိုသော မြန်မာ့ပညာရေးအတွက် အားဖြည့်စေချင်သော စေတနာမှန်ဖြင့် ဖေ့စ်ဘုတ်တွင်
လက်ညိုးလေးဖြင့် တည်းဖြတ်မှုမရှိ ခံစားချက်လေးအား အနည်းငယ်ပြုပြင်လျက် ကိုယ်ပိုင်ဘလော့များတွင်
ရေးသားတင်ပြ မှတ်တမ်းတင်ခြင်းဖြစ်ပါသည်။

လေးစားလျက် ဦးမြင့်ဝင်းလှ (ပညာရေး)







Thursday, June 15, 2017

အမိမြေ သို့မဟုတ် အုပ်ချုပ်မှုသင်တန်းကျောင်း(အခည)




*** အရှေ့ပိတောက်  နောက်ပိတောက်နှင့်
        တောင်မြောက်ကြည့်ရာ  ပိတောက်ပါဘဲ
       မလွဲသည်မြေ  ပိတောက်မြေဟု
       တင်စားညွှန်းဆို  တို့ကွန်းခိုအံ့။

***  ခိုနားအိပ်ဆောင်  သီဟမောင်၌
         ခိုနားရိပ်ဝေ  သီရိမေ၌
         မတူကွဲပြား  ရာထူးများလှ
         စိတ်ထားကိုယ်စီ  ကြိုးစားမည်ဟု
         အံတုရာသီ    ဝဿန်ဤသို့
          မိုးညိုမှုန်မှိုင်း  ခြုံသိုင်းတိမ်လွှာ
         ချမ်းစိမ့်လာလည်း ................
         ပန်းတိုင်ရောက်အောင်  တို့စွမ်းဆောင်အံ့ ။

***   မဟော်သဓ  ထိုခန်းမ၌
         ရက်လသင်ယူ   ပညာထူမ
         သာတူညီမျှ   ကြိုးပမ်းကြသည်
          နေ့ညသင်ပြ
         ဦးခိုက်လျက်ပါ  မြတ်ဆရာတို့။

***    ပညာရတနာ  ခန်းမသာ၌
         ဖွင့်ပွဲဩ၀ါဒ   နာယူရသည်
         လွမ်းကြပါစို့   ပီတိမို့လည်း
         ဘယ်ညာချီတက်  လမ်းမဘက်မှာ
         လေးပြုတန်းစီ  အဖွဲ့ညီခဲ့
          ဖွဲ့သည်ကဗျာ ကြောင်းအရာများ
         မှတ်ကာပြုစု  ဖွဲ့သီ


***   လေးမျဉ်းစောင်း တစ်ခွန်
         သင်တန်းအစ      ဒီကာလမှာ
         လေးမျဉ်းစောင်း တစ်ခွန်
         သင်တန်းအဆုံး  မြင်ယောင်အုံးမှာ        
        ပြောင်းလဲတာများ  တို့အားထားလျက်
        ပညာတန်ဆောင်  ဝန်ထမ်းမောင်မယ်
        စီမံဘဏ္ဋာ   သင်ခန်းစာများ
        သင်ကြားပြီးကြ  တို့ဘဝတွေ
        လက်တွဲမြဲထား ဇွဲမာန်များနှင့်
         ပညာပြည့်ဝ ခရီးလှအံ့။

                         စိုင်းမြင့်ဝင်းလှ(ရှမ်းအရှေ့)

ဂိမ္မာန်နိမိတ် ဗန်ဒါရိပ်ဝေဒနာ

  နွေအကူး ‌ကြွေပေဦးတော့ ဗန်ဒါရေ။ မင်းအလှည့် ပြီးပြန်တော့ ကျွန်းရယ် မဟော်ဂနီရယ် ရောက်လာအုံးမယ်‌လေ ။ ရွက်ဝါကြွေ ရွက်သစ်ဦး ‌ အပျော်ဦးတာက ဗန်ဒါလ...