Sunday, December 29, 2013

အလွမ်းနိမိတ်





ဆရာသူငယ်ချင်းတစ်ယောက်ရှိခဲ့ဖူးပါတယ်။ သူထက်အများကြီးငယ်တဲ့ ဆရာမတစ်ယောက်ကို ချစ်ခဲ့
သူဖြစ်ပါတယ်။ တစ်ဖက်သတ်ချစ်သူအဖြစ် ချစ်ခဲ့ပြီး ဇန်န၀ါရီလ ကျောင်းကဗန်ဒါပင် အရွက်တွေကြွေ
ပြီဆို သူချစ်ရတဲ့ဆရာမလေးနဲ့ နေ့တိုင်းမတွေ့ရတော့မယ့် နွေရက်ကိုနီးပြီ  ဆိုတာသိလို့ သူက
နွေကို မုန်းတယ်လို့ ဆိုခဲ့ဖူးပါတယ်။ သူ့ကိုယ်စား စပ်ဆိုမိတာပါ။

                                                                  လေးစားလျက် - မှိုင်း(ဓာတု) ၂၈.၁၂.၁၃


Friday, December 20, 2013

ရလဒ်ကောင်းတစ်ခု





မီး           ဘေးရန်စွယ်      အန္တရာယ်ကို
သတ       မယ်ငြိမ်းရန်       ဇွဲစိတ်မာန်နှင့်
တပ်         ဟန်စုတည်       အင်အားချီခဲ့
ဖွဲ့           သည်စိတ်ထား   စွမ်းပကားဖြင့်
ဝင်          နားရိပ်ခို           ရဲဘော်ပျိုနု
တို့          ကြိုဆိုလှမ်း       အနာဂတ်လမ်းမ
အား        လွှမ်းရဲရင့်         စည်းကမ်းဖြင့်မော်
မာန         တင့်ညီညာ        ကိုယ်ကျန်းမာ၍
ဝေ          ဆာဖျတ်လတ်    လျင်မြန်ချက်နှင့်
ဖြာ          သက်တည်ကြည် မနောပီသ
မြန်          ပြည်တစ်လွှား    သစ္စာများဖြင့်
ပြည        သားကောင်းကျိုး တို့သယ်ပိုးမည်
သာ         ဖြိုးငြိမ်းစေ တောင်းဆုချွေ။
                                           စိုင်းမြင့်ဝင်းလှ(ရှမ်းအရှေ့)
၁၀.၁၂.၁၃တွင်  တာချီလိတ်မြို့နယ်မီးသတ်တပ်ဖွဲ့မှူး  မေတ္တာရပ်ခံ
ချက်အရ ခံစားစပ်ဆိုခြင်းဖြစ်ပါသည်။

စင်္ကာပူနိုက်ကလပ်အတွေ့အကြုံ နဲ့ ယနေ့မြန်မာ့ယဉ်ကျေးမှုဝေဒနာ





နိုင်ငံတော်က စေလွှတ်လို့  ပြည်နယ်နဲ့တိုင်းများက မြန်မာလူငယ်ကိုယ်စားလှယ်များ
(30th SSEAYP 2003) ကို ၂၀၀၃ ခု စက်တင်ဘာလ (၉)
ရက် အင်္ဂါနေ့မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ စင်္ကာပူနိုင်ငံ အပြည်ပြည်ဆိုင်ရာ ချန်ဂီလေဆိပ်ကို ရောက်ရှိကြပါတယ်။ကျွန်တော်လည်း အဖွဲ့ဝင်တစ်ဦး အနေနဲ့ ပါဝင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ဂျပန်နဲ့ အာဆီယံ(၁၀)နိုင်ငံဖြစ်တဲ့ မြန်မာ၊ ဂျပန်၊စင်္ကာပူ၊ထိုင်း၊မလေးရှား၊အင်ဒိုနီးရှား၊ဖိလစ်ပိုင်လော၊ကမ္ဘောဒီးယား၊ ဘရူးနိုင်း၊ဗီယက်နမ်
 နိုင်ငံများမှ လူငယ်ကိုယ်စားလှယ်သုံးရာကျော် ပါဝင်ပါတယ်။အစီအစဉ်တွေ ကို ၁၀ ရက်နေ့မှာ စတင်မှာဖြစ်တာကြောင့် နဲ့ ၁၁နိုင်ငံကလူငယ်တွေအတွေ့အကြုံရရှိအောင်လားတော့မသိပါ။
 ရောက်တာနဲ့ home stay အိမ်များမှာ အနားယူဖို့ စီစဉ်ပေးပါတယ်။ ကျွန်တော်ရယ် ဖိလစ်ပိုင် လူငယ်တစ်ဦးရယ် စင်္ကာပူ နိုင်ငံက မိသားတစ်စုထံမှာ နေခွင့်ရခဲ့ပါတယ်။ ထုံးစံအရ တကယ့်မိသားစုဝင်လို ဆက်ဆံကြတဲ့အတွက် စင်္ကာပူမိသားစုနဲ့ ခဏချင်းမှာဘဲ ရင်းနှီးသွားကြပါတယ်။



ညဘက်ရောက်လာတာကော မနက်ကတည်းက ရန်ကုန်ကနေစထွက်လာတာကြောင့် အနည်းငယ်
ပင်ပန်းနေပေမယ့် ကျွန်တော်နဲ့အတူပါလာတဲ့ ဖိလစ်ပိုင်လူငယ်ရဲ့ အပြောကောင်း
တောင်းဆိုမှုကြောင့် home stay အစ်ကိုနဲ့ ညီမက night club  ကိုလိုက်ပို့ကြပါတယ်။
home stay အစ်ကိုက အေးအေးဆေးဆေးနေချင်ပြီး သိပ်ဆန္ဒရှိပုံတော့မရပါဘူး။ ဒီလိုနဲ့
ရောက်ရှိခဲ့ကြပါတယ်။  သူတို့အစိုးရက တရားဝင်ခွင့်ပြုမထားဘူးလို့သိရပါ
တယ်။ ဒါပေမယ့် ပြဿနာမဖြစ်အောင် ထိန်းသိမ်းတဲ့ အန္တရာယ်ဖြစ်စေတဲ့ ဒုတ်၊ဓား၊အချွန်အထက်
ပစ္စည်းမယူလာခိုင်းတာတွေ ကင်မရာ မပါဖို့ရယ်တွေကိုတော့အင်မတန်
ကန့်သတ်ထားတာတွေ့ရပါတယ်။

ဟိုရောက်တော့ နိုက်ကလပ်ထုံးစံအတိုင်း ပျော်တာပါးတာ ကတာတွေ၊ အဖော်အချွတ်တွေ၊
ဝတ်စားထားတာတွေ အစုံအလင်ကို စတင် မြင်သိကြားတွေ့နေရတာပါဘဲ။ ဖိလစ်ပိုင်လူငယ်
နဲ့ homestay ညီမကတော့ ကဖို့ပျော်ဖို့ သောက်ဖို့စသဖြင့်လည်ဖို့ ပြောတဲ့အခါ
ကျွန်တော်က အအေးဘဲသောက်ပြီး ဘာမှမလုပ်ချင်ကြောင်းပြောတဲ့အတွက် homestay
 အစ်ကိုကလည်း ကျွန်တော့်လိုနေတာသဘောတူပြီး အရက်ဆိုင်မှာ အအေးအတူသောက်ရင်း
ထိုင်နေကြပါတယ်။

ကျွန်တော်တို့ SSEAYP အစီအစဉ်နဲ့ လိုက်ပါမယ် စင်္ကာပူလူငယ်တော်တော်များများနဲ့ (၁၁)
နိုင်ငံက လူငယ် အမျိုးသားအမျိုးသမီး အချို့ကိုလည်း တွေ့နေရပါတယ်။ ကျွန်တော်တို့ မြန်မာ
အဖွဲ့တွေ တွေ့ရမလား ရှာမိသလို ပါလာတဲ့မြန်မာညီမလေးတွေကို မတွေ့ချင်ခဲ့ရိုးအမှန်ပါ။
လျှပ်ပေါ်လော်လီတဲ့ အ၀တ်အစားတွေ အနေအထိုင်တွေနဲ့ ဖိုမသွေးကြွပြီး ပြဿနာတွေကို
ဖိတ်ခေါ်နေတဲ့ ကာမဂုဏ်အာရုံအပျော်အပါးလွန်ဖို့ ဖန်တီးထားတဲ့နေရာတစ်ခုကို မလာစေချင်
ခဲ့ပါဘူး။ ကျွန်တော်လို အေးချမ်းစွာ နေချင်တဲ့ယောက်ကျားတစ်ယောက်တောင် လုံးဝလာချင်စိတ်
မရှိပါဘူး။ လူမှုရေးအရ လိုက်ခဲ့ရပေမယ့် မပျော်ရိုး အမှန်ပါ။

ထင်တဲ့အတိုင်းဘဲဖြစ်လာခဲ့ပါတယ်။ မြန်မာညီမငယ် တစ်ယောက် အမောတကော ကြောက်အား
လန့်အားနဲ့ အပြေး ကျွန်တော့်ဆီ ရောက်လာတာတွေ့ရပါတယ်။ ပြီးတော့ စကားများကို အဆက်
မပြတ်ပြောပါတော့တယ် သူနဲ့ .............. နိုင်ငံက အမျိုးသမီးများ အတူ homestay နေရကြောင်း
ရောက်ရောက်ချင်းဘဲ သူတို့အဆက်အသွယ်နဲ့သူတို့ ဒီကို ခေါ်လာကြောင်း ဒီရောက်တော့ ဒီက
အခြေအနေကို တွေ့ရတာကော ဆက်ဆံခံရတဲ့အခြေအနေအရ မြန်မာ့ယဉ်ကျေးမှုနဲ့မကိုက်ညီ
တဲ့အတွက် ကြောက်ရွံ့ကြောင်း ၊ သူတို့လို မနေနိုင်ကြောင်း homestay အိမ်အမြန်ပို့ပေးဖို့ပြော
ပါတော့တယ်။ သူ့နောက်မှာလည်း ကျားလိုက်လာသလို သူ့နဲ့အတူတည်းနေရတဲ့SSEAYP နဲ့
လိုက်ပါမယ့် နိုင်ငံခြားသူတွေနဲ့ နိုင်ငံခြားသား ယောက်ကျားသားတွေ။သူ့ကို အတင်းဆွဲခေါ်ပြီး
သွားမယ့်ပုံတွေ။ ကြောက်ရွံ့နေတဲ့ ၊ ယနေ့ဝတ်စားထားတဲ့ မြန်မာချိတ်ထမီနဲ့ယူနီဖောင်းတောင်မလဲဘဲ
လိုက်လာခဲ့ရတဲ့ မြန်မာဆန်တဲ့ယဉ်ကျေးတဲ့ ညီမငယ် ကို ကြည့်ပြီး ပြတ်သားစွာ ကူညီပေးရပါတော့
တယ်။ အတူထိုင်နေတဲ့ စကားအတန်အသင့်ပြောပြီးလို့ စိတ်ချယုံကြည်ရတဲ့အခြေအနေရှိနေပြီ
ဖြစ်တဲ့ home stay  အစ်ကို စင်္ကာပူကို အကူအညီတောင်းလို့ ညီမရဲ့ home stay အိမ်ကို
လုံခြုံစွာရောက်ဖို့ ကူညီပေးလိုက်ပါတယ်။ ကူညီလိုက်ပြီးမှ ဘဲ ရင်ထဲကအပူတွေ ငြိမ်းခဲ့ရပါတယ်။
ကိုယ့်နိုင်ငံအတွက်ပါ တာဝန်တစ်ခုကျေပွန်သလိုခံစားခဲ့ရပါတယ်။အဲ့ဒီညီမငယ်က မှော်ဘီမြို့နယ်
ကပါ။ မြန်မာပြည်ပြန်ရောက်လို့ အချိန်များစွာ ကြာတာတောင် သူ နဲ့ကျွန်တော် မိုင်ထောင်ချီ
ဝေးနေပေမယ့် သူနိုင်တဲ့ လက်ဆောင်လေးတွေ လူကြုံနဲ့ အမှတ်တရ ပေးရှာပါတယ်။

အဲ့ဒီ ခရီးစဉ်တစ်လျှောက်မှာလည်း မြန်မာညီမငယ်များဆီက နိုင်ငံခြားသူတွေရဲ့ မရှက်မကြောက်
နေတတ်လို့ မိန်းကလေးချင်းတောင် မျက်နှာချင်းမဆိုင်ချင် ၊အတူမနေချင်လောက်အောင်ဖြစ်ကြ
ရတဲ့ အခြေအနေမျိုးတွေကို သိခဲ့ရပါတယ်။ကျွန်တော်တို့ မြန်မာလူငယ်အမျိုးသားတွေလည်း
မြန်မာလူငယ်အမျိုးသမီးငယ်တွေကို ခရီးစဉ်တစ်လျှောက် ကူညီခဲ့ကြပါတယ်။ နိုင်ငံခြားသားနဲ့
အတူနေ အတူသွားအစီအစဉ်တွေပါတဲ့အတွက် သတိထားဖို့လိုတာတော့အမှန်ပါ။




အခု ကျွန်တော်အဓိက တင်ပြချင်တာက ကျွန်တော်နိုင်ငံခြား ခရီးစဉ်သွားတုန်းက အွန်လိုင်းအသုံးပြု
တာကို ကျွန်တော်ကောင်းစွာ မကျွမ်းကျင်သေးပါဘူး။၂၀၀၄ မှ အင်တာနက်ကိုစတင် သုံးစွဲတတ်
တာပါ။အင်တာနက်ဗဟုသုတတွေအရကော ၊ ယနေ့မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့ မြန်မာမိန်းကလေး
တွေရဲ့ နေထိုင်ပြုမူပြောဆိုနေထိုင်ကြတာကို ကြည့်ရတာ ခုနက တင်ပြခဲ့တဲ့ ကျွန်တော်ကြုံခဲ့ရတဲ့
မြန်မာ မိန်းကလေးရဲ့ ခံစားမှုတွေ ယနေ့မြန်မာမိန်းကလေးတွေ ရှားသွားပြီလားလို့ စိုးရိမ်ရ
မလောက်အောင် ဖြစ်နေသလားလို့ပါ။

ဘယ်လိုဘဲဖြစ်ဖြစ် ကျွန်တော့်အနေနဲ့ကတော့ မြန်မာမိန်းကလေးတွေ အရှက်အကြောက်တရား
ရှိတဲ့ သိက္ခာပြည့်ဝပြီး သိမ်မွေ့တဲ့သူတွေအဖြစ် ကိုယ့်နိုင်ငံ ဂုဏ်ဆောင်ပြီး တွေ့ချင်မိတာအမှန်ပါ။
ယနေ့မြန်မာမိန်းကလေးတွေ နှစ်ထောင်နဲ့ချီပြီး ထိန်းသိမ်းလာခဲ့တဲ့ မြန်မာ့ယဉ်ကျေးမှုနဲ့ ငြိမ်းချမ်း
တည်ငြိမ်တဲ့ နေထိုင်ခံယူမှုတွေကို စောင့်ထိန်းစေချင်ပါတယ်။ ယနေ့လူကြီးတွေ ဆုံးမလမ်းပြပေးဖို့
လည်း တာဝန်တစ်ခုဖြစ်ပါတယ်။ ယနေ့မြန်မာလူငယ်တွေ အတုခိုးမမှားစေဖို့ ဆုတောင်းရင်း
အမိမြန်မာနိုင်ငံတော်အတွက် ဒီစာကိုရေးသားရခြင်းဖြစ်ကြောင်း တင်ပြလျက် နိဂုံးချုပ်အပ်ပါတယ်။

                                                                            မြတ်မျိုးမြင့်မာန်

ဂိမ္မာန်နိမိတ် ဗန်ဒါရိပ်ဝေဒနာ

  နွေအကူး ‌ကြွေပေဦးတော့ ဗန်ဒါရေ။ မင်းအလှည့် ပြီးပြန်တော့ ကျွန်းရယ် မဟော်ဂနီရယ် ရောက်လာအုံးမယ်‌လေ ။ ရွက်ဝါကြွေ ရွက်သစ်ဦး ‌ အပျော်ဦးတာက ဗန်ဒါလ...