Sunday, June 13, 2021

အလွမ်းကဗျာလေးတစ်ပုဒ်


၁၁.၆.၂၀၂၁ တွင်ရေးသားခဲ့ပါသည်။

 

ကျွန်တော်မချစ်တဲ့ ကိုဗစ် (၄)

 


ကျွန်တော်မချစ်တဲ့ ကိုဗစ်ရေ

၂၀၂၀ခုကနေ ၂၀၂၁ခုနှစ်တောင်ကူးခဲ့လို့

ဆောင်းကနွေ နွေကမိုးပြောင်း

ရာသီအလီလီနှောင်းခဲ့ပြီလေ။

ကာကွယ်ဆေးတစ်ကြိမ်ထိုးပြီးပေမယ့်

သတိထားရအုံးမတဲ့

ညွှန်ကြားချက်နာခံရင်း

ကိုဗစ်အတင်းတွေ ဆက်ပြောရအုံးမှာပါ။


ဟိုနိုင်ငံမှာလည်း လူတွေသေဆုံးလို့

ဒီနိုင်ငံမှာတော့ အလောင်းတွေပုံလို့

စသဖြင့် စသဖြင့် ကိုဗစ်ရဲ့သတင်း

ကြောက်စရာ အဖြစ်သနင်းပေါ့ကွယ်။

ဒီရက်ပိုင်း တို့မြန်မာမှာ

ကိုဗစ်လူနာစာရင်း တက်လာတာမို့

သတိတွေချပ်ဖို့ အသိတွေလည်းတက်ဖို့

ဒီစာတွေနဲ့ နှိုးဆော်လိုက်ရပါတယ်။


ကျွန်တော်မချစ်တဲ့ ကိုဗစ်ရေ

မင်းလူ့ပြည်ကို ဒုက္ခပေးခဲ့တာ

ကြာလှပါပြီ ပြန်ပါတော့ ပြန်ပါတော့

ပြန်ပါတော့ ကိုဗစ်ရေ။



မှိုင်း(ဓာတု)

ဂိမ္မာန်နိမိတ် ဗန်ဒါရိပ်ဝေဒနာ

  နွေအကူး ‌ကြွေပေဦးတော့ ဗန်ဒါရေ။ မင်းအလှည့် ပြီးပြန်တော့ ကျွန်းရယ် မဟော်ဂနီရယ် ရောက်လာအုံးမယ်‌လေ ။ ရွက်ဝါကြွေ ရွက်သစ်ဦး ‌ အပျော်ဦးတာက ဗန်ဒါလ...