Monday, May 3, 2021

ဘာကြောင့်ပါလဲ လောကရယ်။

 



     ဒီတောဒီတောင်တွေပေါ်ရောက်တုန်း

     မဆင်းတော့ဘဲနေချင်မိတယ်။

     ဒီနေရာမှာ လူဆိုးတွေမရှိဘူး။

     ဒီနေရာမှာ မရိုးသားသူတွေမရှိဘူး။

     ဒီနေရာဟာ မနာလိုဝန်တိုခြင်းတွေမရှိဘူး။

     ဒီနေရာလို ငြိမ်းချမ်းမှုတွေ

     မြို့ပြမှာ ဘာလို့မရှိရတာလဲ။



     ဒီနေရာလိုဖြစ်အောင် 

     မြို့ပြကို ဘယ်လိုပြုပြင်ရမလဲ။

     စဉ်းစားရင်း စဉ်းစားရင်း

     အပြင်းဖျားတာကမှ

     သက်သာအုံးမယ်ထင်ပါရဲ့ လောကရယ်။

        မြတ်မျိုးမြင့်မာန်(၂၈.၄.၂၀၂၁)


No comments:

Post a Comment

ဂိမ္မာန်နိမိတ် ဗန်ဒါရိပ်ဝေဒနာ

  နွေအကူး ‌ကြွေပေဦးတော့ ဗန်ဒါရေ။ မင်းအလှည့် ပြီးပြန်တော့ ကျွန်းရယ် မဟော်ဂနီရယ် ရောက်လာအုံးမယ်‌လေ ။ ရွက်ဝါကြွေ ရွက်သစ်ဦး ‌ အပျော်ဦးတာက ဗန်ဒါလ...