နွေဦးတပို့တွဲ
ကာလထဲမှာ
ငြိမ်မြဲအေးချမ်း
ဥဩမှန်းဆ
သာစမ်းပလေ
ရှမ်းတို့မြေမှာ
ကိုယ်လေရေးထုတ်
ကဗျာတစ်ပုဒ်ပါ ချစ်သူရေ။
မတူတာတွေ
တူကြစေဖို့
ညှိလေကွဲလေ
ကာလတွေမှာ
အဝေးကမေ
ကိုယ့်စိတ်တွေနဲ့
တူနေပါစေ
တောင်းဆုချွေသည်
ပျော်စေလန်းစေ ချစ်သူရေ။
မှိုင်း(ဓာတု)
၂.၃.၂၀၂၁ (တောင်သူလယ်သမားနေ့)
စာကြွင်း။ မတူညီသူ အားလုံးတူညီ စည်းလုံးစွာဖြင့် အမိမြန်မာ
ပြည်ကြီးအတွက် တက်ညီလက်ညီကြိုးစားကြသောကာလအား
အမြန်ရောက်ပါစေရန် ဆုတောင်းလျက်ရေးသားစပ်ဆိုမိပါသည်။
No comments:
Post a Comment