Monday, August 23, 2021

အသိတစ်ခုမျှဝေခြင်း



မူလတန်းကျောင်းအုပ်
ပေစုတ်စုတ် နေလို့တော့မရဘူး
သင်တို့ဟာ သင်နေတဲ့ရပ်ရွာမှာ
ပညာရေးရဲ့မီးရှူးတန်ဆောင်
ပညာရေးရဲ့ဦးဆောင်ဆိုတာ
အသင်တို့နားလည်ပါ
ညီလေးညီမလေးတို့ရာ။
ပညာရေးဝန်ထမ်းဆိုတာ
မြန်မာမှာ ဝင်လာကတည်းက
သူဌေးဖြစ်ဖို့ ဇာတာမပါတာ
နှလုံးပိုက် ဆုံးဖြတ်လိုက်ပြီးမှ
ဝင်လာသင့်တဲ့အရပ်ပါ။
ရိက္ခာ ထက် သိက္ခာ ကို
ဦးစားပေးလို့
ကလေးတွေရဲ့ပညာရေး
ဒေသရဲ့ပညာရေး
အချိန်တွေပေးရင်း
ဇရာကို ရောက်ချိန်တောင်
ပီတိကိုသာစားလို့
အားပြည့်နေရသူတွေပါ။
ကလေးတွေ နမူနာယူ
ကြိုးစားသူတွေဖြစ်အောင်
ကျောင်းအုပ်ကြီး ကိုယ်တိုင်က
စိတ်ဓာတ်၊စည်းကမ်း၊ပညာ ပြည့်ဝမှ
သူတို့လေးတွေ တချိန်ကျရင်
ခေါင်းဆောင်ကောင်းတွေ ဖြစ်နိုင်ကြလိမ့်မယ်။
ဘယ်လိုဘဲဖြစ်ဖြစ်
သင်တို့ဟာ
ပညာရေးရဲ့မီးရှူးတန်ဆောင်
ပညာရေးရဲ့ဦးဆောင်သူတွေဆိုတာ
အမြဲသတိပြုကြပါကွယ်။

ဦးမြင့်ဝင်းလှ ၊ဒုတိယမြို့နယ်ပညာရေးမှူး


စာကြွင်း။ မိမိ မူလတန်းကျောင်းအုပ်(မူလွန်ကျောင်းအုပ်)ဘဝက ဓာတ်ပုံလေး တစ်ပုံအား
တင်ပြထားပါသည်။ယခုကဲ့သို့Android ဖုန်း အိုင်ဖုန်းများကွန်ပျူတာများ မပေါများသေးခင်ကာလက
ရိုက်ကူးခဲ့သောပုံလေးဖြစ်ပါသည်။ ကျောင်းအုပ်နှင့်တူသောကျောင်းအုပ်များဖြစ်စေချင်၍
ရေးရခြင်းလည်းဖြစ်ပါသည်။ ရပ်ရွာမိဘနှင့်ကျောင်းသားများ ရိုသေလေးစားသောကျောင်းအုပ်၊
ဆရာ/ဆရာမများအဖြစ် မြင်စေချင်သောစေတနာကြောင့်ဖြစ်ပါသည်။

 

No comments:

Post a Comment

ဂိမ္မာန်နိမိတ် ဗန်ဒါရိပ်ဝေဒနာ

  နွေအကူး ‌ကြွေပေဦးတော့ ဗန်ဒါရေ။ မင်းအလှည့် ပြီးပြန်တော့ ကျွန်းရယ် မဟော်ဂနီရယ် ရောက်လာအုံးမယ်‌လေ ။ ရွက်ဝါကြွေ ရွက်သစ်ဦး ‌ အပျော်ဦးတာက ဗန်ဒါလ...