ဘဝဆိုတာ
တိုက်ပွဲတစ်ခုဆိုတာ
ဆရာကြီးပီမိုးနင်းဆီက
ကလေးဘဝမှာ
စသိခဲ့ရတယ်။
ခယောင်းလမ်းကို
ဖြတ်ကျော်ခြင်းဆိုတဲ့
ဆရာနန္ဒသိန်းဇံရဲ့
အတွေးအခေါ်စာအုပ်နဲ့
ဘဝကို ကောင်းစွာဖြတ်သန်းနိုင်ခဲ့တယ်။
စာအုပ်တွေ...စာအုပ်တွေ...စာအုပ်တွေဟာ
ကျွန်တော့်ဘဝရဲ့
လမ်းပြကြယ်တွေပါဘဲ။
ဘုရားမှာ ဗုဒ္ဓ
လူမှာ အောင်ဆန်း
ကိုးကွယ်မှုလမ်းမမှာ
မိရိုးဖလာနဲ့ မိဘပတ်ဝန်းကျင်အကြား
လူငယ်ဘဝ မှန်ကန်စွာဖြတ်သန်းခဲ့ရတယ်။
ဆိုရှယ်လစ်အစိုးရကစလို့
အစိုးရအဆက်ဆက်
အခုထက်ထိ အတွေ့အကြုံတွေကများ
အသက်ကငါးဆယ်ကျော်သွားပြီလောကရယ်။
အမှားကိုလည်းသိခဲ့တယ်။
အမှန်ကိုလည်းသိခဲ့တယ်။
အမှန်နဲ့အမှားကြား
အပြန်အလှန်သဘောတရားများကိုသိလို့
နေတတ်ခဲ့ပြီပေါ့ကွယ်။
လက်ရှိပစ္စုပ္ပန်မှာ..
လူသားအကျိုးပြုကိုဘဲလုပ်ရတဲ့
ကိုယ့်ရဲအသက်မွေးဝမ်းကျောင်းအလုပ်
ပညာရေး..ပညာရေး.....ပညာရေးရယ်
တစ်သက်မှာ တစ်ခါကြုံဖူးတဲ့
ကိုယ်မချစ်တဲ့ကိုဗစ်ရယ်နဲ့
ဘာတွေဆက်ဖြစ်မယ်ဆိုတာ
မခန့်မှန်းနိုင်တာမို့
မိတ်ဆွေအားလုံးကျန်းမာဖို့ရယ်
မိဘဆွေမျိုးဇနီးသားသမီး ကျန်းမာဖို့ရယ်
ကိုယ်ပါ ဒီကပ်ဆိုးမှာမပါဖို့ရယ်
ဆုတောင်းရင်းနဲ့....
ကာရန်မဲ့စာသားတွေအကြား
ပြေးလွှားရင်းပေါ့ လောကရယ်။
မြတ်မျိုးမြင့်မာန်
No comments:
Post a Comment