Wednesday, August 4, 2021

အဖြူရောင်ချစ်သူ


 

တဏှာမပါ ဖြူစင်စွာနဲ့
မင်းရဲ့အလှ တဒင်္ဂမှာ
ငေးမောကြည့်ရင်း ချစ်ဖူးတယ်။
တသက်တာလည်း မမှန်းရဲ
တွေ့ဆုံစဉ်လေး ပီတိအတွေးနဲ့
မင်းပျော်စေဖို့ဘဲ တွေးဖူးတယ်။
ကိုယ်ချစ်တာလဲ သူမသိ
သူသိစေဖို့လည်း ကိုယ့်မှာဆန္ဒမရှိ
အဖြူရောင်အချစ်တွေဘဲပေါ့ကွယ်။
ခုချိန်ခါ အဝေးကြီးမှာ
မင်းအတွက်လည်း ငါမဟုတ်တာ
ငါ့အတွက်လည်း မင်းမဟုတ်တာ
မင်းမသိပါလည်း
အတွင်းသိတဲ့ ကိုယ်ကတော့
ဆွေးမိစဉ် တသသမဖြစ်ဖို့
မေးကြည့်ရင် တစ်စတစ်စ
လွမ်းမိမှာမို့လို့
မင်းကို သတိတရ အမှတ်တရ
ရေးမိတဲ့ ကဗျာတိုစတွေ
ဟိုးအဝေးကို လွင့်ပျံစေလို့
စေလိုရာစေ သွားစေတော့မယ်ကွယ်။
မှိုင်း(ဓာတု)
(၄.၈.၂၀၂၁)
Nang Nwe Nwe Aung

No comments:

Post a Comment

ဂိမ္မာန်နိမိတ် ဗန်ဒါရိပ်ဝေဒနာ

  နွေအကူး ‌ကြွေပေဦးတော့ ဗန်ဒါရေ။ မင်းအလှည့် ပြီးပြန်တော့ ကျွန်းရယ် မဟော်ဂနီရယ် ရောက်လာအုံးမယ်‌လေ ။ ရွက်ဝါကြွေ ရွက်သစ်ဦး ‌ အပျော်ဦးတာက ဗန်ဒါလ...