Tuesday, September 21, 2021

အဆင်ပြေအောင်ပေါင်းသင်းနေထိုင်ဆက်ဆံပါ


 

ကိုယ့်ထက် ရာထူးငယ်ငယ်
ရာထူးကြီးကြီး ရာထူးတူတူ
အဆင်ပြေအောင်ပေါင်းသင်းနေထိုင်ဆက်ဆံပါ။
ကိုယ့်ထက် အသက်ငယ်ငယ်
အသက်ကြီးကြီး အသက်တူတူ
အဆင်ပြေအောင်ပေါင်းသင်းနေထိုင်ဆက်ဆံပါ။
ကိုယ့်ထက် ငွေကြေးချမ်းသာမှုမရှိလည်း
ငွေကြေးပိုမိုချမ်းသာလည်း ငွေကြေးချမ်းသာမှုတူလည်း
အဆင်ပြေအောင်ပေါင်းသင်းနေထိုင်ဆက်ဆံပါ။
ကိုယ့်ထက် ရုပ်မလှလှ
ရုပ်လှလှ ရုပ်ချင်းဆင်ဆင်
အဆင်ပြေအောင်ပေါင်းသင်းနေထိုင်ဆက်ဆံပါ။
အစစအရာရာ မည်သူနဲ့မဆို
အဆင်ပြေအောင်ပေါင်းသင်းနေထိုင်ဆက်ဆံပါမိတ်ဆွေ
သင့်လုပ်ငန်းဆောင်တာတွေ အောင်မြင်သွားမှာပါလေ။
ဦးမြင့်ဝင်းလှ(ပညာရေး) ၂၁.၉.၂၀၂၁

No comments:

Post a Comment

ဂိမ္မာန်နိမိတ် ဗန်ဒါရိပ်ဝေဒနာ

  နွေအကူး ‌ကြွေပေဦးတော့ ဗန်ဒါရေ။ မင်းအလှည့် ပြီးပြန်တော့ ကျွန်းရယ် မဟော်ဂနီရယ် ရောက်လာအုံးမယ်‌လေ ။ ရွက်ဝါကြွေ ရွက်သစ်ဦး ‌ အပျော်ဦးတာက ဗန်ဒါလ...