Thursday, September 30, 2021

လျော့ကြ


 

မိရိုးဖလာ ဗုဒ္ဓဘာသာတွေ
ကိုးကွယ်ရာဘာသာကို
ထဲထဲဝင်ဝင်သိအောင်
မလေ့လာကြတဲ့အခါ
မကျင့်သုံးကြတဲ့အခါ
လောဘတွေတက်လည်း
သတိကမရှိ.......
အသိကမရှိ..........
ဒေါသတွေထွက်လည်း
သတိကမရှိ.......
အသိကမရှိ..........
မောဟတွေဖက်လည်း
သတိကမရှိ.......
အသိကမရှိ..........
ခုတော့
သောကပင်လယ်တွေနဲ့
ပြည့်နေသည့် ဝန်းကျင်တွေကြား
ဟိုသွားလည်းမရ
ဒီလာလည်းဒုက္ခ
ဒုက္ခ ဒုက္ခ ဒုက္ခ
လောဘတွေကို လျော့ချ
ဒေါသတွေကို လျော့ချ
မောဟတွေကို လျော့ချ
အားလုံး အားလုံး အားလုံး လျော့ကြ။
မြတ်မျိုးမြင့်မာန်

(၃၀.၉.၂၀၂၁)

No comments:

Post a Comment

ဂိမ္မာန်နိမိတ် ဗန်ဒါရိပ်ဝေဒနာ

  နွေအကူး ‌ကြွေပေဦးတော့ ဗန်ဒါရေ။ မင်းအလှည့် ပြီးပြန်တော့ ကျွန်းရယ် မဟော်ဂနီရယ် ရောက်လာအုံးမယ်‌လေ ။ ရွက်ဝါကြွေ ရွက်သစ်ဦး ‌ အပျော်ဦးတာက ဗန်ဒါလ...