*** အရှေ့ပိတောက် နောက်ပိတောက်နှင့်
တောင်မြောက်ကြည့်ရာ ပိတောက်ပါဘဲ
မလွဲသည်မြေ ပိတောက်မြေဟု
တင်စားညွှန်းဆို တို့ကွန်းခိုအံ့။
*** ခိုနားအိပ်ဆောင် သီဟမောင်၌
ခိုနားရိပ်ဝေ သီရိမေ၌
မတူကွဲပြား ရာထူးများလှ
စိတ်ထားကိုယ်စီ ကြိုးစားမည်ဟု
အံတုရာသီ ဝဿန်ဤသို့
မိုးညိုမှုန်မှိုင်း ခြုံသိုင်းတိမ်လွှာ
ချမ်းစိမ့်လာလည်း ................
ချမ်းစိမ့်လာလည်း ................
ပန်းတိုင်ရောက်အောင် တို့စွမ်းဆောင်အံ့ ။
*** မဟော်သဓ ထိုခန်းမ၌
ရက်လသင်ယူ ပညာထူမ
သာတူညီမျှ ကြိုးပမ်းကြသည်
နေ့ညသင်ပြ
ဦးခိုက်လျက်ပါ မြတ်ဆရာတို့။
*** ပညာရတနာ ခန်းမသာ၌
ဖွင့်ပွဲဩ၀ါဒ နာယူရသည်
လွမ်းကြပါစို့ ပီတိမို့လည်း
ဘယ်ညာချီတက် လမ်းမဘက်မှာ
လေးပြုတန်းစီ အဖွဲ့ညီခဲ့
ဖွဲ့သည်ကဗျာ ကြောင်းအရာများ
မှတ်ကာပြုစု ဖွဲ့သီ
*** လေးမျဉ်းစောင်း တစ်ခွန်
သင်တန်းအစ ဒီကာလမှာ
လေးမျဉ်းစောင်း တစ်ခွန်
*** မဟော်သဓ ထိုခန်းမ၌
ရက်လသင်ယူ ပညာထူမ
သာတူညီမျှ ကြိုးပမ်းကြသည်
နေ့ညသင်ပြ
ဦးခိုက်လျက်ပါ မြတ်ဆရာတို့။
*** ပညာရတနာ ခန်းမသာ၌
ဖွင့်ပွဲဩ၀ါဒ နာယူရသည်
လွမ်းကြပါစို့ ပီတိမို့လည်း
ဘယ်ညာချီတက် လမ်းမဘက်မှာ
လေးပြုတန်းစီ အဖွဲ့ညီခဲ့
ဖွဲ့သည်ကဗျာ ကြောင်းအရာများ
မှတ်ကာပြုစု ဖွဲ့သီ
*** လေးမျဉ်းစောင်း တစ်ခွန်
သင်တန်းအစ ဒီကာလမှာ
လေးမျဉ်းစောင်း တစ်ခွန်
သင်တန်းအဆုံး မြင်ယောင်အုံးမှာ
ပြောင်းလဲတာများ တို့အားထားလျက်
ပညာတန်ဆောင် ဝန်ထမ်းမောင်မယ်
စီမံဘဏ္ဋာ သင်ခန်းစာများ
သင်ကြားပြီးကြ တို့ဘဝတွေ
လက်တွဲမြဲထား ဇွဲမာန်များနှင့်
ပညာပြည့်ဝ ခရီးလှအံ့။
စိုင်းမြင့်ဝင်းလှ(ရှမ်းအရှေ့)
စိုင်းမြင့်ဝင်းလှ(ရှမ်းအရှေ့)