**** လေယာဉ်ပေါ်မှာ လူတွေဟာ
မုန့်ဝေတာ သုံးနေရာလေယာဉ်ဆင်းရင်
သုံးခါအတက် မုန့်သုံးခါနဲ့
အအေး သို့မဟုတ် အပူသုံးခွက်
**** လေယာဉ်ပေါ်မှာ ကျွန်တော်ဟာ
နှစ်နေရာဆင်းတာကြုံတော့
မုန့်ဝေတာ နှစ်ခါကြုံပေါ့
အအေးအပူသောက်စရာ
နှစ်ခါရပြန်တာပေါ့။
**** လေယာဉ်ပေါ်မှာ လူတွေဟာ
ဝေတဲ့အခါတိုင်းသာ စားမိကြရင်
သောက်မိကြရင် သုံးခါစားမိသူ
ဆီးချိုသွေးတိုး တကယ်တိုးပြီထင်။
**** လေယာဉ်ပေါ်မှာ ကျွန်တော်ကတော့
ပထမဝေတာ စားပါတယ်
ဒုတိယဝေတာ သိမ်းထားပါတယ်။
**** လေယာဉ်ပေါ်မှာ ကျွန်တော်ဟာ
ပထမပေးတဲ့အအေး
ဂတ်စ်မပါတာလေး ရွေးသောက်ပါတယ်
ဒုတိယဝေတဲ့အအေး ရေသန့်လေးဘဲသောက်ပါတယ်။
ဘာဖြစ်လို့ ဒီလို သောက်သလဲ ဒီလိုစားသလဲမေးရင်
အသက်အရွယ်နဲ့ အသိဥာဏ်က
စကားပြောလာလို့ပါဘဲ။
ရသမျှ အကုန်စားလို့ကတော့
ရသမျှ အကုန်သောက်လို့ကတော့
ကောင်းကျိုးတကွက်မှမရှိ
စဉ်းစားဆင်ခြင်မိမှ သိနိုင်တာများပါ။
**** လေယာဉ်ပေါ်မှာ ရခဲ့တဲ့
အသိလေးတစ်ခု
ယနေ့ယခု ရခဲ့မှုကြောင့်
တစ်စုံတစ်ခု လူသားထုကို
ပေးနိုင်ခဲ့တယ်ဆိုရင်
ကျေနပ်ပါရဲ့မိတ်ဆွေ။
စိုင်းမြင့်ဝင်းလှ(ရှမ်းအရှေ့)
၂၀၁၈ခုနှစ် စက်တင်ဘာမှ နိုဝင်ဘာအတွင်း
လေယာဉ်(၆)ကြိမ်စီးနင်းရင်း ရရှိခဲ့သည့်
အတွေးများအား ကာရန်မဲ့ မျှဝေပါသည်။