Friday, April 6, 2018
တာချီလိတ်၏ ပုံရိပ်သွင် ကဗျာ (၂)
ဒို့ဒေသမှာ
ထူးလှပါသည် … ရေမြေဆီက
ကောက်နှံစပါး … ပေါကြွယ်များ၍
မယ်ခေါင်ယှက်သွယ် … ချောင်းရိုးနွယ်ကာ
စီးပွားသာခဲ့ …
စိမ်းစိုလွှမ်းသည် … မြို့တာချီ ။
ဒို့ဒေသမှာ
ပိုင်ခြားနယ်မြေ … ရေချောင်းတွေရယ်
မယ်ခေါင်မယ်ဆိုင် … မြစ်ရေပိုင်နက်
ထိုင်းနယ်လာအို … ပိုင်ခြားဆိုကြ
အေးရိပ်ပြခဲ့ …
ထူးခြားဂုဏ်ရည် … မြို့တာချီ ။
ဒို့ဒေသမှာ
တာလေကျိုင်းလပ် … မြို့သစ်နယ်မြေ
စည်ကားတိုးသည် … ကြိုးစားမည်ဟု
ရှမ်းနဲ့လားဟူ … အာခါသူတို့
ဗမာပလောင် … တိုင်းရင်းမောင်တို့
ဝပါမကျန် … နယ်မြေခံတို့
အားထုတ်စို့ကွဲ့ …
ထူးတင့်တိုးမည် … မြို့တာချီ ။
ဒို့ဒေသမှာ
မိုင်းဖုန်းဝမ်ပုံ … မယ်ခေါင်ဆုံရာ
ခုတ်ဝရွာနား … ဇွဲသာယာသွား
ပျော်ပွဲစားကြ … ပျော်ရွှင်ရသည်
သင်္ကြန်ကာလ … သမယမှာ
ပုန်းထွန်းရေချောင်း … ပျော်ပါကြောင်းနှင့်
မယ်ဟုတ်ရေချောင်း … ပျော်ပါကြောင်းနှင့်
တာလေနမ့်မွေ … ပျော်ကြလေသည်
ပျော်ခြင်းစုံညီ … မြို့တာချီ ။
ဒို့ဒေသမှာ
ဘယ်ကို သွားသွား …
ဘာကို ကြည့်ကြည့် …
အလှတရားများက
တောင်မြောက်မှာလည်း … ပြည့်နေဆဲပါ
ရှေ့နောက်မှာလည်း … ပြည့်ဝဆဲမို့
ဘယ်နေ့ … ဘယ်အချိန်
ဘယ်ကာလမဆို … ရွှေဧည့်သည်ကို
ကြိုဆိုလှမ်းမျှော် … လာလှည့်နော်ဟု
ဖိတ်ခေါ်ပါသည် … မြို့တာချီ ။
၂၀၁၈ခုနှစ် ထုတ် တာချီလိတ်မြို့နယ်စာရေးဆရာအသင်း၏ ရွှေတြိဂံမဂ္ဂဇင်းတွင် ဖော်ပြပါရှိပြီးဖြစ်ပါသည်။
Saturday, November 25, 2017
တာဝန်သည်သာ သူ့ရင်မှာ
Posted in: ကဗျာ, မြတ်မျိုးမြင့်မာန်
လျှပ်တပြက်ရေးသားခဲ့သော နှလုံးသားအတွင်းမှ ကဗျာလေးတစ်ပုဒ်ဖြစ်ပါသည်။
Friday, November 10, 2017
Thursday, November 2, 2017
Wednesday, October 18, 2017
မာယာရာသီမိုး
ပထမတန်းသင်ရိုးသစ်ဆင့်ပွားသင်တန်းကာလတွင် စပ်ဆိုမိခြင်းဖြစ်ပါသည်။
တစ်ပိုဒ်ဆိုသော်လည်း အမှတ်တရဖြစ်သဖြင့် မှတ်တမ်းတင်မိပါသည်။
Monday, October 9, 2017
ပန်းချစ်သူရေ သိပါစေ
ပန်းချစ်သူရေ
သင့်ဦးခေါင်းပေါ်မှာ
လှပတဲ့ပန်းတွေကို
တစ်ပြိုင်တည်း ပန်ချင်တယ်ဆိုရင်
သင်မဟုတ်သေးဘူးဆိုတာ
သင့်ကိုယ်သင် သိပါစေလေ။
ပန်းချစ်သူရေ
ပန်ဆင်ပြီးသား ညိုးနွမ်းနေတဲ့
ပန်းကလေးကိုမှ
သင်ဦးခေါင်းမှာ ပန်ဆင်ချင်တယ်ဆိုရင်
သင်မဟုတ်သေးဘူးဆိုတာ
သင့်ကိုယ်သင် သိပါစေလေ။
ပန်းချစ်သူရေ
သင်းပျံ့မွှေးလွန်းတဲ့ပန်းကိုမှ
သင်ဦးခေါင်းထက်မှာ
ပန်ဆင်ချင်တယ်ဆိုရင်
သင်မဟုတ်သေးဘူးဆိုတာ
သင့်ကိုယ်သင် သိပါစေလေ။
ပန်းချစ်သူရေ
ပြန်လည် မရရှိနိုင်တော့တဲ့
ဟိုးအဝေးကို ရောက်ရှိနေပြီဖြစ်တဲ့
သင့်ကို မေ့နေပြီဖြစ်တဲ့ ပန်းကလေးကိုမှ
သင်ဦးခေါင်းထက်မှာ
ပန်ဆင်ချင်တယ်ဆိုရင်
သင်မဟုတ်သေးဘူးဆိုတာ
သင့်ကိုယ်သင် သိပါစေလေ။
ပန်းချစ်သူရေ
သင်မဟုတ်သေးပါဘူးလို့ ပြောတာက
သင် ပန်းဝေဒနာတွေ ခံစားရမှာစိုးလို့
ပြောမိတာကို သိပါစေ ပန်းချစ်သူရေ။
မှိုင်း(ဓာတု)
Thursday, June 15, 2017
အမိမြေ သို့မဟုတ် အုပ်ချုပ်မှုသင်တန်းကျောင်း(အခည)
*** အရှေ့ပိတောက် နောက်ပိတောက်နှင့်
တောင်မြောက်ကြည့်ရာ ပိတောက်ပါဘဲ
မလွဲသည်မြေ ပိတောက်မြေဟု
တင်စားညွှန်းဆို တို့ကွန်းခိုအံ့။
*** ခိုနားအိပ်ဆောင် သီဟမောင်၌
ခိုနားရိပ်ဝေ သီရိမေ၌
မတူကွဲပြား ရာထူးများလှ
စိတ်ထားကိုယ်စီ ကြိုးစားမည်ဟု
အံတုရာသီ ဝဿန်ဤသို့
မိုးညိုမှုန်မှိုင်း ခြုံသိုင်းတိမ်လွှာ
ချမ်းစိမ့်လာလည်း ................
ချမ်းစိမ့်လာလည်း ................
ပန်းတိုင်ရောက်အောင် တို့စွမ်းဆောင်အံ့ ။
*** မဟော်သဓ ထိုခန်းမ၌
ရက်လသင်ယူ ပညာထူမ
သာတူညီမျှ ကြိုးပမ်းကြသည်
နေ့ညသင်ပြ
ဦးခိုက်လျက်ပါ မြတ်ဆရာတို့။
*** ပညာရတနာ ခန်းမသာ၌
ဖွင့်ပွဲဩ၀ါဒ နာယူရသည်
လွမ်းကြပါစို့ ပီတိမို့လည်း
ဘယ်ညာချီတက် လမ်းမဘက်မှာ
လေးပြုတန်းစီ အဖွဲ့ညီခဲ့
ဖွဲ့သည်ကဗျာ ကြောင်းအရာများ
မှတ်ကာပြုစု ဖွဲ့သီ
*** လေးမျဉ်းစောင်း တစ်ခွန်
သင်တန်းအစ ဒီကာလမှာ
လေးမျဉ်းစောင်း တစ်ခွန်
*** မဟော်သဓ ထိုခန်းမ၌
ရက်လသင်ယူ ပညာထူမ
သာတူညီမျှ ကြိုးပမ်းကြသည်
နေ့ညသင်ပြ
ဦးခိုက်လျက်ပါ မြတ်ဆရာတို့။
*** ပညာရတနာ ခန်းမသာ၌
ဖွင့်ပွဲဩ၀ါဒ နာယူရသည်
လွမ်းကြပါစို့ ပီတိမို့လည်း
ဘယ်ညာချီတက် လမ်းမဘက်မှာ
လေးပြုတန်းစီ အဖွဲ့ညီခဲ့
ဖွဲ့သည်ကဗျာ ကြောင်းအရာများ
မှတ်ကာပြုစု ဖွဲ့သီ
*** လေးမျဉ်းစောင်း တစ်ခွန်
သင်တန်းအစ ဒီကာလမှာ
လေးမျဉ်းစောင်း တစ်ခွန်
သင်တန်းအဆုံး မြင်ယောင်အုံးမှာ
ပြောင်းလဲတာများ တို့အားထားလျက်
ပညာတန်ဆောင် ဝန်ထမ်းမောင်မယ်
စီမံဘဏ္ဋာ သင်ခန်းစာများ
သင်ကြားပြီးကြ တို့ဘဝတွေ
လက်တွဲမြဲထား ဇွဲမာန်များနှင့်
ပညာပြည့်ဝ ခရီးလှအံ့။
စိုင်းမြင့်ဝင်းလှ(ရှမ်းအရှေ့)
စိုင်းမြင့်ဝင်းလှ(ရှမ်းအရှေ့)
Subscribe to:
Posts (Atom)
ဂိမ္မာန်နိမိတ် ဗန်ဒါရိပ်ဝေဒနာ
နွေအကူး ကြွေပေဦးတော့ ဗန်ဒါရေ။ မင်းအလှည့် ပြီးပြန်တော့ ကျွန်းရယ် မဟော်ဂနီရယ် ရောက်လာအုံးမယ်လေ ။ ရွက်ဝါကြွေ ရွက်သစ်ဦး အပျော်ဦးတာက ဗန်ဒါလ...

-
ပထမတန်းသင်ရိုးသစ်ဆင့်ပွားသင်တန်းကာလတွင် စပ်ဆိုမိခြင်းဖြစ်ပါသည်။ တစ်ပိုဒ်ဆိုသော်လည်း အမှတ်တရဖြစ်သဖြင့် မှတ်တမ်းတင်မိပါသည်။