Monday, December 9, 2019

မောအလှ နှမငယ်



၂၀၁၉ ခုနှစ်တွင် ထုတ်ဝေခဲ့သည့်  တာချီလိတ်မြို့နယ် စာရေးဆရာအသင်း၏
 အသင်း(၂၀) နှစ်မြောက် ရွှေတြိဂံ မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံ ပညာရေးသင်ရိုးသစ် မိဘဆရာပူးပေါင်းမှ ဖြစ်မည်။





၂၀၁၉ ခုနှစ်တွင် ထုတ်ဝေခဲ့သည့်  တာချီလိတ်မြို့နယ် စာရေးဆရာအသင်း၏ ၂၀နှစ်မြောက် ရွှေတြိဂံ မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည်။

Saturday, August 31, 2019

အလွမ်း မိုးရေ




###  မစဲအောင်ရွာနေတဲ့ မိုးရေ
         အညှိုးနဲ့ဘဲ ရွာနေသလား
         တို့တွေလည်း အပါအ၀င်ပေါ့နော်။

###  ကောင်းကင်တစ်ခုလုံး
          အပြည့်ဖုံးလွှမ်းလို့
           တိမ်မီးခိုးရောင်တွေက
           မြို့လုံးလုံးမက
          နယ်လုံးလုံးပါခဲ့ပါပြီ
         လှပတဲ့ရှုခင်းများ
         ပျောက်ကွယ်လုနီးနီးပါဘဲ။

###  အရှေ့မှာမိုး
         အနောက်မိုးတွေ
           တောင်မြောက်မိုးပြင်း
          အထက်မိုးမင်းက
          မိုးနေ့ဆောင်ခဲ့
          အေးချမ်းတဲ့နေ့ တနင်္ဂနွေရယ်။

###  မင်းမရှိတဲ့ တို့ဘ၀မှာ
         မင်းမသိတဲ့ တို့ဘ၀မှာ
          ကဗျာတွေထဲ နစ်မျောနေတာ
         စာတွေထဲ နစ်မျောအခါခါ
          ကိုယ်လေ ....တစ်ယောက်တည်း
          အလွမ်းသံသရာ။

                         မှိုင်း(ဓာတု)

(၁.၉.၂၀၁၉) နံနက်(၉)နာရီ တွင် ရေးသားသည်။






   

Wednesday, August 14, 2019

တမ်းတခြင်းအလွမ်းအိပ်မက်




တမ်းတခြင်းအလွမ်းအိပ်မက်
******************************
ရွက်ဝါကြွေ နွေမကူးပေမယ့်
သက်ညှာမေ ဘယ်မရှိဘူးလေပ
လွမ်းခြင်းကပြိုင်။
လွမ်းတတ်သူ လွမ်းနေပါလေရဲ့
ရမ်းရော်ကာ ဘယ်ညာကြည့်ပြန်တဲ့အခါ
မိုးဖွဲကလာ။
ကဗျာစပ် ပြန်ရက်ရယ် မသိနိုင်သူမို့
ရီဝေစွာမျက်ဝန်းထဲ
ပုလဲဥတွေတွဲ။
မှိုင်း(ဓာတု)
(3.1.2019) ခေါင်းစဉ်တပ်၍
ကွန်ပျူတာဖြင့်
ပြန်လည်ပြင်ဆင်ပါသည်။
လက်တန်း ရေးခဲ့စဉ်က
မညီမညာ စာသားများအား
အားပေးစာနာ နားလည်ပေးသူ
မိတ်ဆွေအားလုံးအား
အထူးကျေးဇူးတင်ပါသည်။

ဧပြီမှာ ဝေတဲ့နှင်း ဝေးခြင်းမှကင်းစေ


ဧပြီမှာ ဝေတဲ့နှင်းရယ်
လွမ်းချင်လည်း အလွမ်းဖြစ်စေ
ဆွေးချင်လည်း အဆွေးဖြစ်စေ
တွေးချင်လည်း အတွေးဖြစ်စေ
ငေးချင်လည်း အငေးဖြစ်စေ
မဝေးချင်တဲ့ အတွက်တော့
ဝေးခြင်းတော့ ကင်းပါရစေနှင်းရေ။
မှိုင်း(ဓာတု)
၂၅.၄.၂၀၁၉


အမှားတွေ အမှန်ထင်နေသူများသို့



အမှားတွေ အမှန်ထင်နေသူများသို့
************************************
အမှန်နဲ့အမှား ယှဉ်ပြိုင်ပွဲမှာ
အမှားကအမှန်ဖြစ်အောင်
အမှန်ကအမှားဖြစ်အောင်
လုပ်ကြတာ
အဓိကကတော့
ခေါင်းဆောင်အဖြစ်နေရာပေးခံရသူတစ်ဦးရဲ့
စီမံဦးစီးမှု လမ်းလွဲမှုကြောင့်
ဖြစ်ရတာ ရာခိုင်နှုန်း အများပါဘဲ။
ဆုံးဖြတ်ခွင့်ရှိတဲ့
ခေါင်းဆောင်ရွေးမှားနေသရွေ့
အဲ့ဒီအဖွဲ့အစည်း
တိုးတက်ဖို့ကတော့
သာမာန်အနေအထား
ထိန်းထားဖို့တောင်
တော်တော်ကြိုးစားကြရမှာဖြစ်ပါတယ်။
လေးစားလျက် -ဦးမြင့်ဝင်းလှ
ဒုတိယမြို့နယ်ပညာရေးမှူး(ပညာ) ၁၁.၅.၂၀၁၉

သင်တကယ်ခေါင်းဆောင်လား


သင်တကယ်ခေါင်းဆောင်လား
******************************
ခေါင်းဆောင်ဆိုတဲ့ 
တာဝန်ကို ရပြီဆိုတာနဲ့
အတွေးအခေါ် မြင့်မြတ်ရမယ်
အယူအဆ မှန်ကန်ရမယ်
အထက်အောက် ဆက်ဆံရေး
ကျွမ်းကျင်ရမယ်။
တာဝန်ယူမှု တာဝန်ခံမှုရှိရမယ်။
လက်အောက်ငယ်သား
အသုံးမကျတာတွေ ပြောနေရုံနဲ့
မပြီးဘူး မိမိကိုယ်တိုင်က စံပြနေပြီး
လက်အောက်ငယ်သား ပြုပြင်ပြောင်းလဲ
တိုးတက်အောင် ဆောင်ရွက်ရမယ်။
အဲ့ဒါတွေ ထက် လိုအပ်တာတွေ
အများကြီးရှိပါသေးတယ်။

အဲ့ဒီတော့ ခေါင်းဆောင်ဖြစ်လာရင်
ဘာလုပ်ရမလဲ။ အနည်းဆုံးတော့
ခေါင်းဆောင်မှုဆိုင်ရာ စာအုပ်တွေ
အတွေးအခေါ်ဆိုင်ရာစာအုပ်တွေ
ဖတ်မှတ်လေ့လာရမယ်။
လိုက်နာကျင့်သုံးရမယ်။
အဲ့ဒီလောက်လေးတောင်
မလုပ်နိုင်ဘဲ ခေါင်းဆောင်နေရာနေပြီး
ဆရာတွေ ဆရာကြီးတွေ
ဆရာမတွေ ဆရာမကြီးတွေအခေါ်ခံပြီး
မိန့်မိန့်ကြီး လုပ်နေရင်တော့
သင်ကြောင့် အဲ့ဒီအဖွဲ့အစည်း
ပျက်စီးခြင်း ဖြစ်မှာတော့
သေချာပါပြီ။ ခေါင်းဆောင်ဖြစ်ပြီး
သူကြီးနဲ့ပိုင်ရင် ဆယ်အိမ်ခေါင်းကို
ဂရုမစိုက်တဲ့
သာမာန်စိတ်မျိုး ဖျောက်ရမယ်။
ဆင့်ကဲလေးစား
နေရာပေးတတ်ရမယ်။

အထက်ဖားအောက်ဖိ
ဆိုတာလောက်နဲ့
ခေါင်းဆောင်လုပ်ပြီး
သင့်အဖွဲ့အစည်းကို
မဖျက်ဆီးကြပါနဲ့လို့
တင်ပြလိုက်ရပါတယ်။

လေးစားလျက် - ဦးမြင့်ဝင်းလှ

ဒုတိယမြို့နယ်ပညာရေးမှူး

၁၄.၅.၂၀၁၉

ဂိမ္မာန်နိမိတ် ဗန်ဒါရိပ်ဝေဒနာ

  နွေအကူး ‌ကြွေပေဦးတော့ ဗန်ဒါရေ။ မင်းအလှည့် ပြီးပြန်တော့ ကျွန်းရယ် မဟော်ဂနီရယ် ရောက်လာအုံးမယ်‌လေ ။ ရွက်ဝါကြွေ ရွက်သစ်ဦး ‌ အပျော်ဦးတာက ဗန်ဒါလ...