Monday, August 17, 2020

တမ်းတခြင်း(၄)

 လမင်းအောက်မှာ

မှုန်ပြာပြာရယ်
တွယ်လာစုထွေး
ဟိုဒီငေးနဲ့
မအေးရင်မှာ
လွမ်းကဗျာစု
နွမ်းလာသူလျှင်
အလွမ်းဘုရင်။
မှိုင်း(ဓာတု)

ဆုတောင်းကဗျာ(၁)

 

ဘုရားစင်ရှေ့
ဦးခိုက်မွေ့စဉ်
မမေ့သစ္စာ
ပြုခဲ့ပါသည်
ကြမ္မာကုသိုလ်
တောင်းဆုဆိုမည်
ဤသံသရာမှ
လွတ်စေသော်။
မြတ်မျိုးမြင့်မာန်

အထီးကျန်

 

မိုး‌ရိပ်ရယ်သန်း
နွေနှောင်းလမ်းမှာ
မလှမ်းသာပြီ
ပန်းမင်းဆီသို့
နှင်းဆီမေလား
ခရေလားလေ
စိတ်ထားတွေဝေ
အလွမ်းနွေရယ်
ပန်းချွေမအား
လမ်းတွေများအလယ်
အဆွေးများတွယ်။
မှိုင်း(ဓာတု)
(၃.၅.၂၀၂၀) ညရှစ်နာရီ

တမ်းတခြင်းခဏတာ




ကိုယ်တွေကနွမ်း ရင့်ရော်စမ်းပ
ဒီလမ်းဒီစခန်းကတော့ လန်းဆဲလေ။
အတိတ်အစ ပြန်ငေးရလည်း
ချစ်လှသူတွေ ဘယ်မလဲလေ။
မှိုင်း(ဓာတု)

၂၆.၁၂.၂၀၁၉

 

ဘဲဥခွဲပေးခဲ့ဖူးသူ ဆရာတစ်ယောက်အကြောင်း

 


လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော်က ကျွန်တော်တာလေမှာ
မူလတန်းကျောင်းအုပ်တာဝန်ကော ၊နယ်မြေမှူး
အုပ်စုမှူးတာဝန်တွေကိုပါ မြို့နယ်ပညာရေးမှူးက
တာဝန်ပေးလို့ ဆောင်ရွက်ခဲ့ဖူးပါတယ်။
မိမိတာလေကို တပ်တွင်းမူအုပ်နဲ့စတင်တာဝန်ထမ်းဆောင်
တဲ့နှစ်မှာဘဲ အထကခွဲကျတာမကြာလှသေးတဲ့ တာလေ
အနေနဲ့ တက္ကသိုလ်ဝင်တန်းအောင်မြင်သူမရှိဘဲ
ဘဲဥရသွားတာသိခဲ့ရဖူးပါတယ်။
ကျသွားတဲ့ကလေးထဲက တစ်ချို့ ကျွန်တော့်ဆီမှာ
ဆယ်တန်းစာတွေကို ခင်မင်လေးစားမှုအရ
မိမိသင်ကြားပေးစေလိုကြောင်း မေတ္တာရပ်ခံချက်အရ
အိမ်မှာ ညစဉ်ညတိုင်းတစ်နှစ်တာ ကလေးတစ်စုကို
မြေဖြူရနံ့တွေရှူလို့ နေ့ဆို တာလေတပ်တွင်း
မူလတန်းကလေးတွေကိုကျောင်းမှာသင်ပြီး ညဆယ်တန်း
ကလေးတွေနဲ့ စေတနာအပြည့် အခမဲ့ သင်ကြားခဲ့ဖူးပါတယ်။
အဓိကကတော့ ဘာသာရပ်ကျွမ်းကျင်တဲ့ဆရာတွေ
အဲ့ဒီကာလက မပြည့်စုံလို့ဆိုတာ နားလည်
ခဲ့ပါတယ်။ကျွန်တော်ကျွမ်းကျင်တဲ့ဘာသာကို အဓိကနားမလည်
လို့ဖြစ်တာ မသင်ကြားနိုင်လို့ဖြစ်တာကို သိခဲ့တာမို့
အကောင်းဆုံးသင်ကြားပေးခဲ့ပါတယ်။
အဲ့ဒီအချိန်တက္ကသိုလ်ဝင်တန်းဓာတုဗေဒသင်ရိုးက
ကျွန်တော်တို့ခေတ်ဒုတိယနှစ်က စာတွေထိ
ပါဝင်နေပြီဖြစ်ပြီး ကလေးတွေအတွက်
ပြန်လည်လေ့လာပြီး နားလည်နိုင်ဖို့ နည်းစနစ်တွေ
တီထွင်လို့ သင်ကြားပေးခဲ့ပါတယ်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျွန်တော်သင်တဲ့ကလေး
တွေထဲက ကြိုးစားသူကလေးအောင်မြင်ခဲ့တဲ့အတွက်
ပင်ပန်းရကျိုး နပ်ခဲ့ပါတယ်။တာလေအထကခွဲအတွက်
ဘဲဥခွဲပေးခဲ့ဖူးတဲ့သူတစ်ယောက်အဖြစ်လည်း
မိမိကိုယ်တိုင်ဆောင်ရွက်ခဲ့တာမို့ ဂုဏ်ယူခဲ့ဖူးပါတယ်။
အခုဆိုရင် ကျွန်တော်သင်ကြားပေးခဲ့ပြီး
တက္ကသိုလ်ဝင်တန်းဆယ်တန်းအောင်မြင်ခဲ့တဲ့
တိုင်းရင်းသူလေးက တာချီလိတ်က အရေးပါတဲ့
အဖွဲ့အစည်းတစ်ခုမှာ အကြီးဆုံး
တာဝန်နဲ့အောင်မြင်နေတဲ့အတွက် ပိုလို့ဝမ်းသာ
ရပါတယ်။တာလေရောက်ရောက်ချင်း မှတ်မှတ်ရရ
တစ်နှစ်ဘဲ တက္ကသိုလ်ဝင်တန်းကို အခမဲ့ညဖက်
အိမ်မှာသင်ကြားပေးနိုင်ပြီး နောက်ပိုင်းနှစ်မှာတော့
ပညာရေးအလုပ်တွေ အခြားလူမှုရေးအဖွဲ့အစည်းတွေ
ပါဝင်လာတဲ့အတွက် သင်ချင်ပေမယ့် မသင်ဖြစ်ခဲ့တော့ပါဘူူး။
ဒါပေမယ့် ကျွန်တော် ဘီအီးဒီဘွဲ့သင်ကြားရတဲ့အခါမှာတော့
အခမဲ့ ဆယ်တန်းကလေးတွေကို စေတနာနဲ့
သင်ကြားခဲ့တဲ့အတွက် ဆယ်တန်းသင်ရိုးကို
လိုက်မီသွားတဲ့အတွက် Academic ဘာသာရပ်မှာ
အဆင်ပြေချောမွေ့စွာ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
ယနေ့ မိမိသင်ပေးခဲ့တဲ့ကလေးတွေအထကခွဲဘဝကနေ
၂၅နှစ်ပြည့် ငွေရတုအထကကျောင်းပွဲလုပ်တာ တွေ့ရတော့
တာလေကကလေးတွေအတွက် ပညာရေးမှာ
အရင်က မိမိတာဝန်ထမ်းဆောင်တဲ့ကာလကလို
ဆရာပြည့်စုံမှုမရှိတဲ့ အခြေအနေဆိုးတွေလွတ်မြောက်ခဲ့ပြီဆိုတာကို
တွေးတော ဝမ်းသာမိရင်း အတိတ်က အရိပ်တစ်ခုအား
ဆရာစိတ်ဖြင့် မှတ်တမ်းတင်မိပါတယ်ခင်ဗျား။
လေးစားလျက် ဦးမြင့်ဝင်းလှ
လက်ထောက်မြို့နယ်ပညာရေးမှူး
တာချီလိတ်မြို့နယ်
(၁၂.၄.၂၀၁၆) လက်ထောက်မြို့မှူးဘ၀ကရေးသားခဲ့သော facebook
က Post တစ်ခု ဖြစ်ပါသည်။

Thursday, May 21, 2020

ကျောင်းစစ်ခရီးရသ



+++  နှင်းကိုက်မျက်နှာ   မွဲပြာပြာလည်း
         ကိုယ်လေ ဇွဲမာန် မလျော့ပါ။

+++  ဖုန်ထူနေပူ   မျက်နှာထူအန်း
         လေတိုက်ကြမ်းလည်း ...........
         ကိုယ်လေအားမာန် မလျော့ပါ။

+++ ကျောင်းစစ်ရောက်ခိုက်
        ဖြူစိမ်းဝတ်ဆင်   ပြုံးပျော်ရွှင်လျက်
        ကျောင်းသားဆရာ   ချစ်ခင်စွာနဲ့
        ကျောင်းမှာစာအံ    စာတွေပြန်လျက်
        မြင်သူကိုယ့်ရင်   မောမထင်ပေါ့
        ချမ်းမြေ့တော့သည် ................
        မြင်သူ့့ရင်တွင်း   ငြိမ်းချမ်းပြီ။

             စိုင်းမြင့်ဝင်းလှ (ရှမ်းအရှေ့)

(၂၁.၅.၂၀၂၀) နံနက် (၁၁း၃၀)နာရီ








Saturday, April 4, 2020

မီးဘေးသင့် အမက ပုံတပ် သို့ရောက်ရှိခြင်း




မိုင်းဆတ်မြို့နယ် မိုင်းတွမ်းတောင်ပေါ်အုပ်စု ဝေးလံခေါင်ဖျား ဒေသ၌ရှိသော
 လားဟူတိုင်းရင်းသားများ နေထိုင်ရာ ပုံတပ်ရွာလေး ဖြစ်ပါသည်။



(၂.၄.၂၀၂၀) မွန်းလွဲ (၂)နာရီတွင် တောမီးလောင်ရာမှ ရွာသို့ 
မီးကူးစက်လောင်ကျွမ်းခဲ့ရာ မိသားစု(၃၂)စု မီးဘေးသင့်ခဲ့ပါသည်။



 ၂၀၁၉/၂၀၂ဝ ပညာသင်နှစ်တွင် အမကအဖြစ် ကျောင်းအဆင့်တိုးခဲ့သော
 လူထုအားဖြင့် ဆောက်လုပ်ထားသော အမကကျောင်းဆောင်မှာလည်း 
မီးဘေးသင့်ခဲ့ရပါသည်။



မြို့နယ်အုပ်ချုပ်ရေးမှူးဦးငြိမ်းထွေးနှင့်ဌာနဆိုင်ရာများ၊
လူမှုကူညီရေးအဖွဲ့များက လိုအပ်သည်များကို 
အားပေးကူညီမှုများ ဆောင်ရွက်ခဲ့ကြပါသည်။



ဒုတိယမြို့နယ်ပညာရေးမှူးဦးမြင့်ဝင်းလှသည် 
အဆိုပါ ခရီးစဉ်တွင် လိုက်ပါ၍ 
ပညာရေးဌာနဆိုင်ရာများ ဆောင်ရွက်ခဲ့ပါသည်။

မြတ်မျိုးမြင့်မာန်

၃.၄.၂၀၂၀





ဂိမ္မာန်နိမိတ် ဗန်ဒါရိပ်ဝေဒနာ

  နွေအကူး ‌ကြွေပေဦးတော့ ဗန်ဒါရေ။ မင်းအလှည့် ပြီးပြန်တော့ ကျွန်းရယ် မဟော်ဂနီရယ် ရောက်လာအုံးမယ်‌လေ ။ ရွက်ဝါကြွေ ရွက်သစ်ဦး ‌ အပျော်ဦးတာက ဗန်ဒါလ...