Monday, August 17, 2020

သူသိပါစေ ...

 


ဆံနွယ်ရှည်ရှည်
မြင်ကာလေတိုင်း
မချိသောက ဖြာခဲ့ရသည်
စွဲလန်းစိတ်များ
ပြန်ရောက်သွားတိုင်း
မျက်ရည်ဝိုင်းသည့်
အတိတ်နုပျို
ကာလထိုက
လူငယ်ဘဝ
ပြန်တမ်းတမိ
အချစ်သိစေ
ချစ်မိမေရယ် ...။
မှိုင်း(ဓာတု)







မာယာစိတ်ထား



တစ်နေ့ကနီ
တစ်နေ့တော့ပြာ
တစ်နေ့ဝါနှင့်
တစ်ဖန်သူစိမ်း
တစ်ရံသူညို
သူ့စိတ်ကိုက
မတည်ငြိမ်တာ
ရိပ်မိလာတော့
ပေးဖို့နေရာ
သူ့နေရာကို
သေချာသုံးသပ်
မဆုံးဖြတ်က
သင့်အဖွဲ့ပျက်မည်
အမှန်တည်း။
မြတ်မျိုးမြင့်မာန်

၇.၈.၂၀၂၀

 

အလွမ်းကဗျာသစ်

 



တိမ်မှောင်ဖုန်းလွှမ်း
မိုးလလွမ်းလာ
ညချမ်းခါနီး
ညနေထီးကျန်
အကျည်းမတန်
ဝဿန်လှလှ
ထိုကာလမှာ
လွမ်းမိသူသာ
အပြစ်ပါတည်း။

မှိုင်း(ဓာတု)

၆.၈.၂၀၂၀

တမ်းတခြင်း(၄)

 လမင်းအောက်မှာ

မှုန်ပြာပြာရယ်
တွယ်လာစုထွေး
ဟိုဒီငေးနဲ့
မအေးရင်မှာ
လွမ်းကဗျာစု
နွမ်းလာသူလျှင်
အလွမ်းဘုရင်။
မှိုင်း(ဓာတု)

ဆုတောင်းကဗျာ(၁)

 

ဘုရားစင်ရှေ့
ဦးခိုက်မွေ့စဉ်
မမေ့သစ္စာ
ပြုခဲ့ပါသည်
ကြမ္မာကုသိုလ်
တောင်းဆုဆိုမည်
ဤသံသရာမှ
လွတ်စေသော်။
မြတ်မျိုးမြင့်မာန်

အထီးကျန်

 

မိုး‌ရိပ်ရယ်သန်း
နွေနှောင်းလမ်းမှာ
မလှမ်းသာပြီ
ပန်းမင်းဆီသို့
နှင်းဆီမေလား
ခရေလားလေ
စိတ်ထားတွေဝေ
အလွမ်းနွေရယ်
ပန်းချွေမအား
လမ်းတွေများအလယ်
အဆွေးများတွယ်။
မှိုင်း(ဓာတု)
(၃.၅.၂၀၂၀) ညရှစ်နာရီ

တမ်းတခြင်းခဏတာ




ကိုယ်တွေကနွမ်း ရင့်ရော်စမ်းပ
ဒီလမ်းဒီစခန်းကတော့ လန်းဆဲလေ။
အတိတ်အစ ပြန်ငေးရလည်း
ချစ်လှသူတွေ ဘယ်မလဲလေ။
မှိုင်း(ဓာတု)

၂၆.၁၂.၂၀၁၉

 

ဂိမ္မာန်နိမိတ် ဗန်ဒါရိပ်ဝေဒနာ

  နွေအကူး ‌ကြွေပေဦးတော့ ဗန်ဒါရေ။ မင်းအလှည့် ပြီးပြန်တော့ ကျွန်းရယ် မဟော်ဂနီရယ် ရောက်လာအုံးမယ်‌လေ ။ ရွက်ဝါကြွေ ရွက်သစ်ဦး ‌ အပျော်ဦးတာက ဗန်ဒါလ...