Sunday, May 8, 2016
Wednesday, December 3, 2014
ပန်း၏မာယာ မတွေးသာ သို့မဟုတ် အလွမ်းကဗျာ(၁)
*** ရင်မှာသိုထား လှတစ်ပါးအား
ပန်းများသခင် စိတ်အထင်နဲ့
ရင်မှာချိတ်ဆွဲ ပန်ဆင်ဆဲမှာ
ညှိုးမဲနွမ်းကြွေ အလှမြေခ
တွေးလာခဏ ဆွေးတစ်ညမှာ
ပန်း၏မာယာ တွေးမိပါ၏။
ပန်းများသခင် စိတ်အထင်နဲ့
ရင်မှာချိတ်ဆွဲ ပန်ဆင်ဆဲမှာ
ညှိုးမဲနွမ်းကြွေ အလှမြေခ
တွေးလာခဏ ဆွေးတစ်ညမှာ
ပန်း၏မာယာ တွေးမိပါ၏။
*** တော်ဝင်သဇင် ပန်းသခင်လည်း
နိဂုံးပျက်ပြယ် ရှိလိမ့်မယ်ထင်
အလှညွှန့်ဖူး စပယ်ဦးလည်း
နိဂုံးပျက်ပြယ် ရှိလိမ့်မယ်ထင်
ရနံ့မပြယ် ခရေရယ်လည်း
နိဂုံးပျက်ပြယ် ရှိလိမ့်မယ်ထင်
စိတ်ဘ၀င်မှာ ...................
ပန်း၏မာယာ တွေးခဲ့ပါ၏။
နိဂုံးပျက်ပြယ် ရှိလိမ့်မယ်ထင်
အလှညွှန့်ဖူး စပယ်ဦးလည်း
နိဂုံးပျက်ပြယ် ရှိလိမ့်မယ်ထင်
ရနံ့မပြယ် ခရေရယ်လည်း
နိဂုံးပျက်ပြယ် ရှိလိမ့်မယ်ထင်
စိတ်ဘ၀င်မှာ ...................
ပန်း၏မာယာ တွေးခဲ့ပါ၏။
*** ဘယ်ပန်းဘယ်သို့ ဘယ်ဆီမို့လည်း
ပန်ဖို့ရင်ထဲ ဘ၀င်စွဲသူ
ချစ်မြဲသူက ပန်စဉ်ကာလ
တစ်ခဏမှာ...........
ထိုက်တန်တင့်တယ် လှမျိုးကြွယ်ဖို့
စင်ကြယ်မေတ္တာ စေတနာနဲ့
ယုယကာပေး ပန်ဆင်ဖေးမ
ပြုခဲ့ရမူ ...................
ပန်း၏မာယာ ...................
မတွေးသာသည် လွမ်းဦးမည်။
ပန်ဖို့ရင်ထဲ ဘ၀င်စွဲသူ
ချစ်မြဲသူက ပန်စဉ်ကာလ
တစ်ခဏမှာ...........
ထိုက်တန်တင့်တယ် လှမျိုးကြွယ်ဖို့
စင်ကြယ်မေတ္တာ စေတနာနဲ့
ယုယကာပေး ပန်ဆင်ဖေးမ
ပြုခဲ့ရမူ ...................
ပန်း၏မာယာ ...................
မတွေးသာသည် လွမ်းဦးမည်။
မှိုင်း (ဓာတု)
(၃.၁၂.၂၀၁၄) တွင် စပ်ဆိုသည်။
(၃.၁၂.၂၀၁၄) တွင် စပ်ဆိုသည်။
Tuesday, October 14, 2014
အလွမ်းရူး၏ တောင်းပန်ခြင်း
* မိုးကုန်ဆောင်းပြောင်း အလွမ်းကျောင်းမှာ
ပန်းပေါင်းတစ်ထောင် ပိတုန်းမောင်တို့
ဆွဲဆောင်အရိပ် လိပ်ပြာစိတ်ဖြေ
အတိတ်ဟေမာန် ရောက်ခဲ့ပြန်ပြီ
လွမ်းဟန်ကဗျာ ဖွဲ့သီပါသည်
ကြင်နာချစ်ဖူး အလွမ်းရူးကို
" ခွင့်လွှတ်ပါမေ "
* အနီရောင်လေး ဆင်လာပေးမှ
အဝေးကမြင် ချစ်သူထင်ဖို့
ကြင်နာချစ်ကြောင်း အဖြေတောင်းသူ
ရင်မှာပူလည်း ..............??
အနီရောင်လွှမ်း သူဆင်မြန်းလျက်
ကျောင်းကွေ့ကုက္ကို လှိုင်တက္ကသိုလ်မှာ
ချစ်လာနိမိတ် သူ့အတိတ်ကြောင့်
ဖြေသိမ့်အလွမ်း မြင်ယောင်တမ်းတ
ဆောင်းတညမှာ ..................
အလွမ်းကဗျာ ဖွဲ့သီပါသည်
ကြင်နာချစ်ဖူး အလွမ်းရူးကို
" ခွင့်လွှတ်ပါမေ "
မှိုင်း(ဓာတု)
စပ်ဆိုသည့်နေ့ - ၁၄.၁၀.၁၄ ။
အနှစ်နှစ်ဆယ်ကျော် ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ)၏
ကျောင်းကွေ့ ကုက္ကို ပင်ကြီး ရှိရာ ကားဂိတ်နေရာတွင် အချစ်တစ်ခု
စတင်ဖြစ်တည်မှု အား ဆောင်းအဝင်ကာလတွင် ခံစားစပ်ဆိုပါသည်။
ဇော်ဂျီဖောင့်
" ခွင့်လွှတ်ပါမေ "
ရင်မှာပူလည်း ..............??
ဆောင်းတညမှာ ..................
" ခွင့်လွှတ်ပါမေ "
မှိုင်း(ဓာတု)
စပ်ဆိုသည့်နေ့ - ၁၄.၁၀.၁၄ ။
Tuesday, January 7, 2014
တာချီလိတ်မြို့ မင်းဓမ္မတောင်ပေါ်က ကျိုက်ထီးရိုးဘုရား နှင့် ဘုရားစေတီများဆီသို့
မင်းဓမ္မတောင်ပေါ် ဘုရားဖူးရင်း မလေ့လာချင်ဘူးလားဆရာဟု မင်းဓမ္မတောင်ခြေ
ဘုန်းကြီးကျောင်းတစ်ဆောင်ဆောက်လုပ်လှူဒါန်းနေသည့် ပန်းရံဆရာ ဦးမင်းဇော်ဦးက
လွန်ခဲ့သောရက်အနည်းက စာရေးသူကိုစကားကမ်းလှမ်းလာခဲ့သည်ထို့ကြောင့်
ခရီးသွားအတွေ့အကြုံနှင့်ဆောင်းပါးများရေးနေသည့် ကျွန်တော့်အနေဖြင့်
ယနေ့ (၅.၁.၂၀၁၄)ရက်နေ့တွင် သွားရောက်လေ့လာရန် ကြိုတင်စီစဉ်ကြခြင်းဖြစ်သည်။
မင်းဓမ္မတောင်ခြေသည် တောရိပ်တောင်ရိပ်ဖြင့် သာယာလှပမှုများမှာ
ပြောမကုန်အောင်အေးမြငြိမ်းချမ်းနေပါသည်။ ဦးမင်းဇော်ဦး၏တပည့်
ညီငယ်မောင်ပြည့်ဖြိုးအောင်နှင့်မောင်ထွန်းလင်းတို့(၂)ယောက်ကတော့
တက်ကြွစွာနဲ့ ဓားတစ်ယောက်တစ်လက် ရိက္ခာလွယ်အိတ်များ လွယ်လျက်
လိုအပ်သလို တောရှင်း၍ သွားရန် ပြင်ဆင်ပြီး လိုက်ပါလာပါသည်။လမ်းခရီးတွင်
အေးငြိမ်းချမ်းသာ၊မဂ္ဂင် ၊မေတ္တာဘုန်းကြီးကျောင်းများကို ဖြတ်သန်းသွားရပါသည်။
အတက်ခရီးကား အင်မတန်မတ်လွန်းလှပါသည်။ ဆက်တိုက် အတက်ကြီးလွန်းသဖြင့် ခြေလှမ်း
၂၀၀လောက်တွင် တစ်ခါ နားပြီးတက်ကြရသည်။မတိုင်ပင်ထားသော်လည်း ခုန်သောနှလုံးများ
ပြန်လည်ငြိမ်သက်စေရန်အတွက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ပြိုင်တူလိုပင်
နားမိကြလေသည်။
မတ်လွန်းလှသည့် တောင်စောင်းတွင် သွပ်မိုး အုတ်တိုင်ဖြင့် တစ်ပါးကျောင်းသာ နေနိုင်သော
အဆောက်အဦ တစ်ခုသို့ရောက်သည့်အခါ ဦးမင်းဇော်ဦး၏ ကိုရသေ့ ကိုရသေ့ ဟုခေါ်သံကြားရပြီး
လူတစ်ဦးနှင့် စကားပြောနေပြီး ဆရာနားဦးလေဟု ဆိုသဖြင့် ခေတ္တနားခဲ့ပြန်သည်။ ၄င်းကိုရသေ့
သည် ရသေ့ မဟုတ်ဘဲနှင့် ဘာလို့ ကိုရသေ့ဟု ခေါ်ကြောင်း မေးမိပါသည်။ ယခင်က
ဆံပင်အရှည်ကြီးနှင့်ရသေ့ဝတ်ခဲ့ကြောင်း တရားဘာဝနာ အလုပ်များစွာ ကျင့်ကြံနေထိုင်ခဲ့သဖြင့်
နာမည်ကြီးခဲ့ကြောင်း၊ချဲထီဂဏန်းသုံးလုံး ပေးရာတွင် ၆ပတ်ဆက်တိုက် မှန်သဖြင့်
ကိုးကွယ်ဆည်းကပ်သူများခဲ့ကြောင်းလည်း သိရလေသည်။
မာတုဂါမကိစ္စ နှင့်ဆက်နွယ်မိပြီး လူထွက်ခဲ့ရကြောင်း၊အိမ်ထောင်လည်း ပြန်ကွဲခဲ့ရကြောင်း မင်းဓမ္မ
တောင်ခြေ ဘုန်းကြီးကျောင်းများဆောက်လုပ်ရာတွင်လည်းကောင်း အခြားကျပန်းအလုပ်များအား
လည်းကောင်း အလုပ်လုပ်ရင်း တရားတော့ ကျင့်ကြံနေထိုင်သေးကြောင်း ၊ယခုနေရာသို့
နေ့စဉ်တက်ပြီးပြန်အိပ်လေ့ရှိကြောင်းလည်း သိရပါသည်။ရသေ့ ပြန်ဝတ်ရန်
အဓိဌာန်ရှိကြောင်းကိုလည်း သိရပါသည်။
ကိုရသေ့ကို ခေါ်သွားခြင်းဖြင့် လမ်းမမှားနိုင်ကြောင်း ၊တောင်ပေါ်လမ်းများကိုလည်း
ကိုရသေ့ ကျွမ်းကျင်ကြောင်း သိရသည်။ထူးခြားစွာတည်ထားသည့် တောင်ထိပ်မှ
ကျိုက်ထီးရိုးဘုရား တက်ဖူးချင်ကြောင်းပြောရာ လမ်းများပိတ်ပြီး ခုတ်ထွင်သွားမှ
အဆင်ပြေမည်ဟုအကြံပြုသဖြင့် အားလုံးသဘောတူပြီး ခရီးဆက်ခဲ့ကြပါသည်။
လမ်းခရီးတွင် တောရှောက်ပင်ဆူးများ ၊ကျောက်သားလမ်းများကို ဖြတ်ကျော်ခဲ့
ရပါသည်။ တောငှက်ပျောပင်များလည်း များစွာတွေ့ရသည်။ တောရိုင်းတိရစ္ဆာန်မတွေ့ရသော်
လည်း ရှိနိုင်သည့်အခြေအနေဟု စာရေးသူ ထင်မိပါသည်။ ကိုရသေ့အားမေးသည့်အခါ
ရှိနိုင်ကြောင်းနှင့် မျောက်များအင်မတန်ပေါကြောင်း ပြောပြပါသည်။ကျွန်တော်စတက်ခဲ့သည့် မဂ္ဂင်ကျောင်းအထက်ရှိမေတ္တာကျောင်းတွင်နေ့စဉ်မျောက်များကိုအစာခေါ်ကျွေးကြောင်းလည်းသိရပါသည်.။
ထူးခြားသည်မှာ ရေရှားပါးခြင်းပင်ဖြစ်သည်။ ယခုဆက်တက်လာရာ လမ်းတစ်လျှောက်တွင်
ရေလုံးဝမရှိကြောင်းနှင့် ရေရှားပါးကြောင်း သိရှိရသည်။ ထို့ကြောင့် အထက်ဆက်တက်ရာနေရာတွင်
မည်သည့် ဘုန်းကြီးကျောင်း လူနေအိမ်မှ မရှိသည်က သာဓက လိုဖြစ်နေပါသည်။ သို့သော်
ရေသာရပါက ဤမျှ အကျယ်အ၀န်းရှိသောနယ်မြေတွင် လူနေနိုင်ကြမည်ဟုထင်ပါသည်။မြေကြီး
ကလည်း ရှားလွန်းလှပါသည်။ ကျောက်လမ်းများကို ဆက်တိုက်လျှောက်ရင်း ကျိုက်ထီးရိုးဘုရား
ကို မြင်ရပါပြီ။ အမြင်နီးသော်လည်း ဝေးသေးကြောင်းနှင့် သိသာလာသော ခရီးက ထင်ဟပ်လာ
ပါသည်။ ဘယ်လိုဘဲဖြစ်ဖြစ် ရောက်တော့မည်ဟု အားခဲ၍ တက်ကြပြန်သည်။
ရှမ်းဘုရားတစ်ဆူကို လည်း လှမ်းဖူးတွေ့ရပြန်သည်။ ရှမ်းဘုရားစေတီကို ကျော်လွန်ပြီးသော
အခါ ကျိုက်ထီးရိုးတောင်ခြေ အနီးဆုံးနေရာသို့ရောက်လာကြပါသည်။ လှပသောရှုခင်းနှင့်
ပီပြင်စွာ တည်ထားသောကျိုက်ထီးရိုးစေတီနှင့် သဘာဝအတိုင်းဖြစ်တည်နေသော ကျောက်များ၏
သဏ္ဍာန်စုံနှင့် ထူးခြားလှပသည် အံ့သြစရာကောင်းသော နေရာကိုရောက်ခဲ့ရပါပြီ။ ဘုရားပေါ်ရောက်
ပြီး ဘုရားဝတ်ပြုကန်တော့ကြပါသည်။
တောတိုးလာခဲ့ကြသဖြင့် ချွေးသံတရွှဲရွဲ ဖြစ်နေကြပါသည်။ အပင်များ၏ မိတ်ဆက်အနမ်းများကြောင့်
ခြေသလုံးရှရာများ၊အကျီ င်္ပေါ်မှ အစအနများ ပန်းပွင့်ဝတ်မှုန်များ၊အရွက်စများကို ဖယ်ကြရပါသည်။
အားလုံးရှင်းလင်းပြီးသောအခါ ပါလာသော အစားအစာများကို ရေသန့်ဗူးဖွင့်သောက်၍ အမောဖြေ
ရင်း စကားများပြောရင်းနားကြပါသည်။ ယခုကျိုက်ထီးရိုးဘုရားကို ထိုင်းဖက်တွင်နေသော ရှမ်းသူဌေး
တစ်ဦး နှင့် အပေါင်းအပါများ ခက်ခက်ခဲခဲ လာတည်ခဲ့ကြောင်း ကိုရသေ့ကပြောပြသည်။
ပုံလို့ဆရာတော်ဘုရားလည်း တစ်ခါတစ်ခါ ကြွလာတတ်ကြောင်းသိရသည်။ သူပြောမှ
ကြည့်မိပါသည်။ ကျိုက်ထီးရိုးဘုရားပေါ်မှပုံလို့ကျောင်းကို အမြင့်မှ ကောင်းစွာမြင်ရပါသည်။
ဟောင်လိတ်ကျေးရွာအုပ်စုတွင်ရှိသော ဤကျိုက်ထီးရိုးတောင်ကို လမ်းပန်းသာအောင်ဖန်တီးပြီး
အလွယ်တကူ လာဖူးလို့ရလျှင် ကောင်းလေစွဟု ဆုတောင်းမိသည်။
ယခုအခြေအနေဖြင့်ဆိုလျှင် လာဖို့ခက်ခဲနေပါသေးသည်။ ပုံလို့ကျောင်းဘက်
မှ တက်လျှင်နီးသည်ဟု ကိုရသေ့ကပြောသဖြင့် တစ်ရက်တော့ တက်ဖူးကြည့်ဖို့
စိတ်ကူးမိပါသည်။
ယခုတော့ လာလမ်းအတိုင်းပြန်ရပေဦးမည်ဖြစ်သည်။ကျွန်တော့်ဆိုင်ကယ်သည်လည်း
မဂ္ဂင်ကျောင်းဘေးတွင်ထားခဲ့ပါသည်။ ကိုရသေ့က အပြန်လမ်းတွင် မိမိအရင်
တရားထိုင်ဟောခဲ့သည့် သဘာဝလှိုဏ်ဂူနှင့် ဘုရားကို ဖူးသွားဖို့ပြောသဖြင့်
အားလုံးသဘောတူပြီး ကျိုက်ထီးရိုးဘုရားအား ကန်တော့ပြီးပြန်ဆင်းခဲ့ကြသည်။
အတက်ကမတ်သလို အဆင်းကလည်း စောက်လွန်းလှသဖြင့် ချော်မလဲအောင်
သတိထား၍ လျှောက်ကြရသည်။ကျွန်တော်၏ နိုကီယာဖုန်း၏နောက်ကျောအဖုံးမှာလည်း
တစ်စုံတစ်ရာနှင့်ထိ၍ ကျခဲ့ပါသည်။ အပြန်ကျမှ ပြန်ဝယ်တပ်ဆင်ရပေအုံးမည်။
ကိုရသေ့ ၏ကျောင်းကို ကျော်သည် နှင့် မတ်စောက်သည့်လမ်းတစ်ခုကို ပြန်တက်ကြရသည်။
သဘာဝလှိုဏ်ဂူကို သွားနေခြင်းဖြစ်ပါသည်။ကနဦး ကျိုက်ထီးဆောင်းစေတီကို
စတင်ဖူးမျှော်ရသည်။လက်ရာကထူးခြားပြီး ထိုင်းအနုပညာပုံစံဟုမှတ်ထင်ရပါသည်။
စေတီကိုဖူးမျှော်ပြီး သဘာဝလှိုက်ဂူကိုရောက်ရှိပါသည်။ ပြုပြင်မွမ်းမံလိုက်ပါက
အင်မတန်တရားထိုင်ဖို့ကောင်းမည်ထင်ပါသည်။ အလှူရှင် ကောင်း
ကောင်းမရှိသေးသဖြင့် အားနည်းချက်များစွာကို တွေ့ရပါသည်။ နေရာအနေအထားအရ
ရေရှားပါးကြောင်းသိရသည်။အောက်ဆင်းရေခပ်ရသဖြင့် အခက်အခဲရှိကြောင်းလည်း
သိရပါသည်။ရေရနိုင်ပါကတရားထိုင်ရန် သင်လျော်သောနေရာတစ်ခုဖြစ်ပြီး
ဆိတ်ငြိမ်အေးချမ်းလှပါသည်။ သဘာဝလှိုဏ်ဂူထဲဆင်းပြီး မှတ်တမ်းဓာတ်ပုံများရိုက်ပြီး
ဘုရားဆင်းတုတော်တစ်ဆူတွေ့သဖြင့် ကန်တော့ပြီး အပေါ်ပြန်
တက်ခဲ့ကြသည်။ သဘာဝလှိုဏ်ဂူကို အနည်းငယ်ကျော်ပါက အောင်တော်မူအေးကမ္ဘာစေတီဟု
ုဆိုင်းဘုတ်ရေးထားသည် တောင်ကုန်းလေးပေါ်တွင်တည်ထားသော ဘုရားတစ်ဆူအားသပ္ပါယ်စွာ ဖူးမြင်
ရပြန်ပါသည်။
သဘာဝလှိုက်ဂူမှ တာချီလိတ်တစ်မြို့လုံးရှုခင်းကို နှင်းများအကြားေ၀၀ါးစွာတွေ့နေရသည်။မင်းဓမ္မ
တောင်တစ်ကြောရှိ ဘုရားစေတီများ၊ဘုန်းကြီးကျောင်းများ နှင့် ၀မ်မိုင်ရွာ၊ဂေါက်ကွင်းတို့ကိုမူ ထင်
ရှားစွာတွေ့နေရသည်။တာချီလိတ်တစ်မြို့လုံးကို ခြုံငုံမြင်နိုင်သည့် နေရာတစ်ခုပင်ဖြစ်ပါသည်။
မိမိအိမ်နှင့်နီးက ဒီနေရာကိုလာပြီး တရားထိုင်လိုစိတ်ဖြစ်မိသည်။
မည်သို့ပင်ဖြစ်စေကာမူ မင်းဓမ္မတောင်ပေါ်ဝယ် ရေရှားပါးမှုမရှိပါက သာသနာဆိုင်ရာ ကျင့်ကြံ
ပွားများ အားထုတ်၍ သင့်တော်သည်ကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရပါသည်။ လူတို့စုစည်းပြုပြင်
ပြီး လမ်းပန်းသာအောင်ဖန်တီးကြမည်ဆိုပါက တာချီလိတ်၏ ပုံရိပ်ကောင်းတစ်ခုအပြင်၊တရား
အားထုတ်လိုသူများအတွက် အင်မတန်သင့်တော်သည့်နေရာကောင်းတစ်ခု ဖြစ်လာမည်
ဖြစ်ပါသည်။ မြို့နှင့်မဝေးသော်လည်းဆိတ်ငြိမ်အေးချမ်းလှ၍ ဖြစ်ပါသည်။ တောင်ခြေသို့ပြန်ဆင်းရန်
မေတ္တာကျောင်းအရောက်တွင် ရွှေမဟာကျောင်းမှအဖွဲ့များ တက်လာကြသည်ကိုတွေ့ရသည်။
စာနယ်ဇင်းကဆရာဟူ၍ သူတို့သိနေပြီး နှုတ်ဆက်ကြပါသည်။ သဘာဝလှိုဏ်ဂူအထိသာ တက်ရန်
အဆင်ပြေပြီး ဆက်တက်ရန် အခက်အခဲရှိကြောင်းပြောပြခဲ့ပါသည်။ ပညာရေး၏အရေးကြီးခေါင်းစဉ်
တစ်ခုဖြစ်သည့် ကလေးများကို လေ့လာရေးခရီးသွားစေခြင်းကိုလက်တွေ့အကောင်အထည်ဖော်နေကြ
သည် ထင်ပါသည်။ သူတို့ကိုလည်း လေးစားခဲ့မိပါသည်။ မနက် ရှစ်နာရီခွဲတွင် တက်ခဲ့ကြပြီး ဆယ့်နှစ်နာရီခွဲတွင် တောင်ခြေသို့ ပြန်ရောက်ခဲ့ခြင်းဖြစ်ပါသည်။
တချိန်ချိန်တွင် ဤနေရာများသည် မည်မျှမတ်စောက်ပြီး လူသူအရောက်နည်းသော်လည်း နောင်
တချိန်တွင် တာချီလိတ်၏ လှပသောရှုမျှော်ခင်းများကို ကြည့်ရှုနိုင်သော ဗုဒ္ဓသာသနာအတွက်
ကြီးမားစွာ အထောက်အကူပြုသော ကုသိုလ်တရားများ ပွားများရာ ဒေသဂုဏ်ဆောင်သည့် နေရာ
တစ်ခု ဖြစ်လာပါစေဟု ဆုတောင်းလျက် ဆောင်းပါးကို နိဂုံးချုပ်အပ်ပါသည်။
ဆောင်းပါးရှင် - မြတ်မျိုးမြင့်မာန်
စာကြွင်း ၊ မင်းဓမ္မတောင်ဝန်းကျင်ရှိ ဘာသာရေးဆိုင်ရာ နေထိုင်ပြုမူဆောင်ရွက်မှုများနှင့်
ပတ်သက်၍ သက်ဆိုင်ရာသာသနာရေးတာဝန်ရှိသူများမှ လိုအပ်သလို ကြီးကြပ် ညွှန်ကြားစီစဉ်ဆောင်ရွက်နေသည်ကို စာရေးသူအနေဖြင့် ကြားသိပြီးဖြစ်ပါသည်။ စာရေးသူအနေဖြင့် ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ပါသည်။
ရေမြေတောတောင် သဘာဝအရ ကောင်းမွန်သော်လည်း လူသူအရောက်အပေါက်
နည်းနေသည်ကို ကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပြီး ဘာသာရေးကိုင်းရှိုင်း
သူများစွာ၏ တည်ထားပြီးဖြစ်သော ဘုရားစေတီများစွာကို အံ့သြစရာ တည်ထားသည်ကိုလည်း
များစွာ တွေ့မြင်နိုင်သော နေရာတစ်ခုအဖြစ်လည်း တွေ့မြင့်ခဲ့ရသည်။တာချီလိတ်မြို့အား
မြန်မာပြည်ဘက်မှနေ၍ အထက်စီးမှ အုပ်မိုးကြည့်ရှုသည့်အသွင်ြဖင့် ခြုံငုံတွေ့မြင်နိုင်သော
တစ်ခုတည်းသောတောင်ဖြစ်သည်ကိုလည်းတွေ့ရှိရသဖြင့် စေတနာဖြင့် အမိမြန်မာနိုင်ငံ၏
ကျောက်သားအတိ ကျောက်တောင်ကြီးအဖြစ်လည်းတွေ့ရှိရသဖြင့် သဘာဝသယံဇာတများ
တစ်စုံတစ်ရာတည်ရှိနိုင်သော တန်ဖိုးရှိသည့်နေရာတစ်ခုအဖြစ် ရှုမြင်မိသဖြင့်
တင်ပြရခြင်းဖြစ်ပါသည်။
Thursday, January 2, 2014
ပညာမြင့်မှ လူမျိုးတင့်မည် စေတနာအသိနှင့် တင်ပြပါသည်
ယခုရက်ပိုင်းအတွင်း ကျွန်တော်ကျောင်းအုပ်ကြီးအဖြစ် တာဝန်ကျတဲ့ကျောင်းမှာ
ဆဌမတန်းအတန်းပိုင်ဆရာမ နေမကောင်းတာကြောင့်ကော
ကျောင်းမှာ ၀န်ထမ်းအင်အား နည်းနေတဲ့အတွက်ပါ ကျွန်တော် ဆဌမတန်းကို
ဝင်ရောက်သင်ကြားခဲ့ရပါတယ်။ ပုံမှန်အားဖြင့်တော့ ဆဌမတန်းကို
ကျွန်တော့်အနေနဲ့ အလျင်းသင့်သလို စစ်ဆေးကြီးကြပ် အကြံပြုတာလောက်ဘဲ
ဆောင်ရွက်လေ့ ရှိတာပါ။ ဒါပေမယ့် ယခုဝင်ရောက်တဲ့အခါ
မှာတော့ တစ်နှစ်တာ သင်ခန်းစာတွေအများစု ပြီးဆုံးနေတဲ့ကာလဖြစ်တာကြောင့်
သင်ခန်းစာအသစ်တွေကို သင်ခြင်းမပြုသေးဘဲ ကလေးတွေရဲ့တတ်
မြောက်မှုကို အကဲခတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒါကြောင့် အင်္ဂလိပ်စာနဲ့
ပတ်သတ်ပြီး တတ်မြောက်မှုတွေ စစ်ဆေးတဲ့အခါ လက်တွေ့
အသုံးချနိုင်မှုနဲ့ နားလည်မှုပိုင်းမှာ ထင်သလောက် မပေါက်ရောက်သေးတာကို
သိရှိနားလည်လိုက်ပါတယ်။ ဒါပေမယ့် ကလေးတွေဟာ ကွက်လပ်ဖြည့်၊မှားမှန်ရွေး၊
မှားမှန် စတဲ့ objective type တွေကို ထဲထဲဝင်ဝင်နားမလည်ဘဲ ကောင်းစွာ
ဖြေနိုင်တာကိုလည်း အံ့သြစွာ သိလိုက်ရပါတယ်။ အဲ့ဒါကြောင့် အင်္ဂလိပ်စာနဲ့
ပတ်သတ်ရင် သူတို့ မသိနားမလည်သေးတာတွေကို အကျဉ်းချုပ်လို့ မှတ်စုတွေပေး
ရှင်းလင်းရင်း ဘာတွေကို ကျက်မှတ်ထားရမယ်၊ဘာတွေကိုနားလည်ရမယ်ဆိုတာကို
သူငယ်တန်းကလေးတွေကို လက်ထပ်သင်ပေးသလို အသေးစိတ်ရှင်းပြခဲ့ရပါတယ်။
ဒီနေ့တော့ အဲ့ဒီဆရာမ နေကောင်းတာနဲ့ လိုအပ်တဲ့လမ်းညွှန်မှုတွေပေးရင်း ဆရာမကိုပါ
ပြန်သင်ပေးခဲ့ရပြန်ပါတယ်။ စာတွေဖတ်ဖို့ ၊ လေ့လာဖို့ မသိရင်မေးဖို့ သေချာသင်ကြား
ဆောင်ရွက်ဖို့ လိုအပ်ရင် မိမိထံမေးဖို့ ဆုံးမရပြန်ပါတယ်။အလွတ်ကျက်မှတ်
မှုအားကောင်းတဲ့ကလေးတွေရဲ့ စွမ်းအားကို မှန်ကန်တဲ့နေရာမှာ အသုံးချဖို့
သေချာပြောပြရပါတယ်။
ကျွန်တော် ၂၀၁၀ ခုနှစ်မှာ သက်မွေးဝမ်းကျောင်းတက္ကသိုလ်တစ်ခုက ကထိက ဆရာတစ်ဦးနဲ့
ဆွေးနွေးလို့သိုခဲ့ရတာလေးတစ်ခုရှိပါတယ်။သူတို့ရဲ့တက္ကသိုလ်မှာ ၁၀တန်းကို ဂုဏ်ထူးများစွာနဲ့
အောင်လာပေမယ့် သင်ခန်းစာရဲ့သဘောတရားများနဲ့ဆွေးနွေးစေတဲ့အခါ ဘာမှနားမလည်တဲ့
ကျောင်းသားမျိုးတွေ ရှိနေကြောင်း သိခဲ့ရဖူးပါတယ်။အလွတ်ရအောင် ကျက်ပြီး
concept တွေကို ကောင်းစွာနားမလည်ဘဲ အောင်လာတာမျိုး ဖြစ်မယ်ထင်ကြောင်း ပြောပြခဲ့ဖူး
ပါတယ်။
ကျွန်တော့်ကျောင်းဟာ ထိုင်းမြန်မာနယ်စပ်မှာရှိတာကော ထိုင်းကိုအထင်ကြီးပြီး
ထိုင်းကျောင်းသွားတက်တဲ့ကလေးတွေလည်း ရှိနေတာကြောင့်
ကိုယ့်မြန်မာကျောင်းကို အထင်ကြီးလေးစားဖို့မှာ အင်္ဂလိပ်စာ
ကောင်းစွာသင်ကြားပေးနိုင်ဖို့ကိုလည်း နေ့စဉ်စိတ်ထဲမှာ အထူးကိစ္စတစ်ရပ်
အနေနဲ့ ဆုံးဖြတ်ပြီး အမြဲမှာကြားနေတာပါ။ ခုနကဆွေးနွေးခဲ့တဲ့ ဆဌမတန်းကတော့
အတန်းပိုင်အနေနဲ့ဒီနှစ်မှ ကျောင်းကိုပြောင်းလာတာ ဖြစ်ပြီး အလယ်တန်းပြ
လုပ်သက်ရင့်ဆရာမဆိုပြီး အထင်ကြီးလိုက်မိတာ ကျွန်တော့်ရဲ့ အားနည်းချက်
တစ်ခုဖြစ်ပါတယ်။အဲ့ဒါကြောင့် လက်ထောက်ဆရာမတွေအားလုံးကို ဒီမနက်မှာ
ဒီကိစ္စကိုဘဲ ကျောင်းတွင်းအစည်းအဝေးကျင်းပပြီး အင်္ဂလိပ်စာဘာသာရပ်ဆိုင်ရာ
မှာကြားခဲ့ရပါတယ်။
နိုင်ငံတကာသုံးဘာသာရပ်တစ်ခုဖြစ်ပြီး အဆင့်မြင့်သိပ္ပံပညာရပ်တွေ၊နည်းပညာတွေကို အင်္ဂလိပ်လိုသင်ယူနေရတဲ့အတွက် ပညာသင်ကြားရာမှာ အရေးပါလှတဲ့အင်္ဂလိပ်စာကို
မူလတန်းကတည်းက စနစ်တကျ သင်ကြားပေးသင့်ပါတယ်။ မကြာသေးတဲ့ကာလက
MRTV4 က သတင်း ကြေညာသွားတာတစ်ခုသိရှိလိုက်ရပါတယ်။
CESR Task Force အတွင်းရေးမှူး(ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍလေ့လာသုံးသပ်ရေးအဖွဲ့)
ညွှန်ကြားရေးမှူးချုပ်ဒေါက်တာမျိုးသိမ်းကြီးက ရန်ကုန်တက္ကသိုလ်စိန်ရတုခန်းမမှာ
တတိယတန်းကနေပြီး အင်္ဂလိပ်စာစသင်ဖို့ ဆွေးနွေးစီစဉ်နေကြောင်းသတင်း
ကြားလိုက်ရပါတယ်။ အင်မတန်မှ သင့်လျော်ပြီး မင်္ဂလာရှိသောအစီအစဉ်ဖြစ်ပါတယ်။
တိုင်းရင်းသားစကားကို နေ့စဉ်ပြောနေတဲ့ ကလေးငယ်များအတွက် ပိုပြီးသင့်တော်ပါတယ်။
သူတို့အနေနဲ့ကျောင်းတက်တက်ချင်း ဘာသာစကားအသစ်(၂)မျိုးစသင်ရတာ အခက်အခဲအင်မတန်
ရှိပါတယ်။ ဒါ့အပြင် သူငယ်တန်းသင်တဲ့ ဆရာမက တိုင်းရင်းသားဘာသာစကား မသိတဲ့အခါ
ပိုလို့ဆိုးပါတော့တယ်။ဒီအထဲမှာ ပညာရေးစနစ်ကို ကောင်းစွာ နားမလည်ဘဲ
တတ်အောင်မသင်နိုင်ဘဲ တစ်နှစ်ပြည့်လို့အောင်ပေးလိုက်တဲ့အခါ အဲ့ဒီကလေးရဲ့အနာဂတ်အတွက်
အခြေခံခိုင်မာမှု ယိုင်နဲ့သွားခဲ့ပါပြီ။ အဲ့ဒါမ်ျိုးတွေ တကယ်ဖြစ်နေတာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ တော့ တတ်အောင်သင်နိုင်မှ အောင်မယ်ဆိုတာလက်ထောက်ဆရာတွေကို အမြဲတတွတ်တွတ်မှာကြားလျက်ရှိပါတယ်။
အခုလို တတိယတန်းမှာ မှ အင်္ဂလိပ်စာကိုစသင်ပေးရင် မူလတန်းအောက်ဆင့် သူငယ်တန်းကနေ
ဒုတိယတန်းမှာ မြန်မာစာနဲ့မြန်မာစကားကို ကျွမ်းကျင်သွားပြီမို့ အင်္ဂလိပ်စာကို တတိယတန်းမှာ စပြီး
သင်ကြားခွင့်ရရင် ပိုပြီး မှတ်သားနားလည် ကျွမ်းကျင်နိုင်မှာပါ။မြန်မာစကားကို ကောင်းစွာ နားလည်လာပြီဖြစ်တဲ့အတွက် မြန်မာလို အင်္ဂလိပ်စာကို နားလည်အောင် ရှင်းလင်းသင်ကြားလို့ကောင်းသွားမှာဖြစ်ပါတယ်။ကျောင်းသားကလေးလည်း စိတ်ပင်ပန်းမှုမရှိတော့ပါဘူး။
ူတိုင်းရင်းသားကျေးရွာတွေမှာ ပိုပြီးအဆင်ပြေမှာဖြစ်ပါတယ်။ ကျွန်တော်နေထိုင်တဲ့
တာချီလိတ်မြို့နယ်မှာ ယနေ့ထိ တိုင်းရင်းသားဆရာတွေ
အထူးသဖြင့် ရှမ်းတိုင်းရင်းသားဆရာဆရာမတွေ နည်းနေတုန်းပါ။အဓိကအားဖြင့်
ကျေးလက် အခြေခံပညာမူလတန်းကျောင်းတွေမှာ ရှားပါးလှပါတယ်။ သူတို့လေးတွေကို
ကျွန်တော်ကျောင်းအုပ်ကြီးက စာတွေအမျိုးမျိုး ပညာတွေအမျိုးမျိုးတတ်စေချင်ပေမယ့်
ဒေသခံဆရာနည်းပါးတာရယ်၊ရွာကျောင်းမှာ တစ်နှစ်တောင်မနေချင်ကြတဲ့ ပြည်မဆရာ
အများစုကြားမှာ တပည့်လေးတွေအတွက် အဆင်ပြေနိုင်အောင် နည်းလမ်းပေါင်းစုံနဲ့
အကျိုးရှိတဲ့အချိန်တွေကို ကြိုးစားကျော်ဖြတ်ရင်း စိတ်မောမှုများစွာနဲ့ တွေ့ရှိချက်တစ်ခုကို
စေတနာ အပြည့်အ၀နဲ့တင်ပြလိုက်ရပါတယ်ခင်ဗျား။
မြတ်မျိုးမြင့်မာန် (၂.၄.၂၀၁၄)
Sunday, December 29, 2013
အလွမ်းနိမိတ်
ဆရာသူငယ်ချင်းတစ်ယောက်ရှိခဲ့ဖူးပါတယ်။ သူထက်အများကြီးငယ်တဲ့ ဆရာမတစ်ယောက်ကို ချစ်ခဲ့
သူဖြစ်ပါတယ်။ တစ်ဖက်သတ်ချစ်သူအဖြစ် ချစ်ခဲ့ပြီး ဇန်န၀ါရီလ ကျောင်းကဗန်ဒါပင် အရွက်တွေကြွေ
ပြီဆို သူချစ်ရတဲ့ဆရာမလေးနဲ့ နေ့တိုင်းမတွေ့ရတော့မယ့် နွေရက်ကိုနီးပြီ ဆိုတာသိလို့ သူက
နွေကို မုန်းတယ်လို့ ဆိုခဲ့ဖူးပါတယ်။ သူ့ကိုယ်စား စပ်ဆိုမိတာပါ။
လေးစားလျက် - မှိုင်း(ဓာတု) ၂၈.၁၂.၁၃
Friday, December 20, 2013
ရလဒ်ကောင်းတစ်ခု
မီး ဘေးရန်စွယ် အန္တရာယ်ကို
သတ် မယ်ငြိမ်းရန် ဇွဲစိတ်မာန်နှင့်
တပ် ဟန်စုတည် အင်အားချီခဲ့
ဖွဲ့ သည်စိတ်ထား စွမ်းပကားဖြင့်
ဝင် နားရိပ်ခို ရဲဘော်ပျိုနု
တို့ ကြိုဆိုလှမ်း အနာဂတ်လမ်းမ
အား လွှမ်းရဲရင့် စည်းကမ်းဖြင့်မော်
မာန် တင့်ညီညာ ကိုယ်ကျန်းမာ၍
ဝေ ဆာဖျတ်လတ် လျင်မြန်ချက်နှင့်
ဖြာ သက်တည်ကြည် မနောပီသ
မြန် ပြည်တစ်လွှား သစ္စာများဖြင့်
ပြည် သားကောင်းကျိုး တို့သယ်ပိုးမည်
သာ ဖြိုးငြိမ်းစေ တောင်းဆုချွေ။
စိုင်းမြင့်ဝင်းလှ(ရှမ်းအရှေ့)
၁၀.၁၂.၁၃တွင် တာချီလိတ်မြို့နယ်မီးသတ်တပ်ဖွဲ့မှူး မေတ္တာရပ်ခံ
ချက်အရ ခံစားစပ်ဆိုခြင်းဖြစ်ပါသည်။
Subscribe to:
Posts (Atom)
ဂိမ္မာန်နိမိတ် ဗန်ဒါရိပ်ဝေဒနာ
နွေအကူး ကြွေပေဦးတော့ ဗန်ဒါရေ။ မင်းအလှည့် ပြီးပြန်တော့ ကျွန်းရယ် မဟော်ဂနီရယ် ရောက်လာအုံးမယ်လေ ။ ရွက်ဝါကြွေ ရွက်သစ်ဦး အပျော်ဦးတာက ဗန်ဒါလ...
-
မူလတန်းသင်ရိုးသစ်တွင် အတန်းတစ်တန်း၏ ဘာသာရပ်တစ်ခုအတွက် အခန်းအလိုက်စီစဉ် ထားရှိပါသည်။ တစ်ခန်းချင်းစီတွင် သင်ခန်းစာငယ် တစ်ခုချင်းအလို...










