Saturday, August 11, 2018

စေတနာအမြင်






၆နာရီမထိုးခင် လမ်းလျှောက်
လမ်းတစ်လျောက် တွေ့မြင်ခြင်း
သည်မြင်ကွင်းတွေပါဘဲ။
မြို့ရဲ့တိုးတက်ခြင်း
သည်မြင်ကွင်းတွေက
အကျည်းတန်နေစေရဲ့။
၆နာရီမထိုးခင်
ထူးခြားစွာကြိုးစား
စည်ပင်ကားတစီးနဲ့
စည်ပင်အလုပ်သမား
အနည်းငယ်ကို
ချီးမွမ်းမိပေမယ့်
မလုပ်ရမယ့်အလုပ်
လုပ်နေရတဲ့သူတို့
ပလဲနေတဲ့အမှိုက်
ဘယ်လိုလိုက်သိမ်းမလဲ
စဉ်းစားသာကြည့်
သနားစရာ သူတို့ဘဝ
ကိုယ်ချင်းစာရသည်။


ပြတ်သားလို့ရတဲ့သူ
မပြတ်သားသရွေ့
သူတို့ဘဝ
ပြုသမျှနုရဆိုသလို
ဘဝကို လျှောက်နေကြရမှာဘဲ။
ငယ်သားဘဝ
အကြီးစောင့်ရှောက်မှ
သက်သာရမှာပါဘဲ။

စိုင်းမြင့်ဝင်းလှ(ရှမ်းအရှေ့)

၂၀၁၈ ဇွန်လ တာချီလိတ်ဗိုလ်ချုပ်လမ်းမတလျှောက်
 လမ်းလျှောက်ရသ တစ်ပုဒ်ဖြစ်ပါသည်။




No comments:

Post a Comment

ဂိမ္မာန်နိမိတ် ဗန်ဒါရိပ်ဝေဒနာ

  နွေအကူး ‌ကြွေပေဦးတော့ ဗန်ဒါရေ။ မင်းအလှည့် ပြီးပြန်တော့ ကျွန်းရယ် မဟော်ဂနီရယ် ရောက်လာအုံးမယ်‌လေ ။ ရွက်ဝါကြွေ ရွက်သစ်ဦး ‌ အပျော်ဦးတာက ဗန်ဒါလ...