Wednesday, August 14, 2019

ဘ၀ဆိုတာ



ဘ၀ဆိုတာ ခဏတိုတိုလေးပါ။
သိပေမယ့်လည်း
ဒေါသတွေပြိုင်
မောဟတွေပြိုင်
လောဘတွေပြိုင်
တကယ်ပြိုင်တဲ့ လောကကြီးပါ။
လောကကြီးကတော့ အမြဲရှိနေတာပါ။
ဒေါသပြိုင်တဲ့သူလည်း
မောဟပြိုင်တဲ့သူလည်း
လောဘပြိုင်တဲ့သူလည်း
ကြွေကျမြေခရတာကို
အစအဆုံး မြင်နေတဲ့
လောကကြီးကတော့ တရားရနေမှာပါ။
ဘ၀ဆိုတာ ခဏတိုတိုလေးပါ။
အဲ့ဒါကြောင့် .............
ဒေါသကိုလျော့ရင်း
မောဟကိုလျော့ရင်း
လောဘကိုလျော့ရင်း
သီလကို စောင့်လို့
လောကကြီး ပျက်ရယ်ပြုတာကို
မခံရဖို့ ......
ခင်ဗျားတို့ ကျွန်တော်တို့
မှန်မှန်ကန်ကန် နေကြပါစို့ဗျာ။
မြတ်မျိုးမြင့်မာန်

No comments:

Post a Comment

ဂိမ္မာန်နိမိတ် ဗန်ဒါရိပ်ဝေဒနာ

  နွေအကူး ‌ကြွေပေဦးတော့ ဗန်ဒါရေ။ မင်းအလှည့် ပြီးပြန်တော့ ကျွန်းရယ် မဟော်ဂနီရယ် ရောက်လာအုံးမယ်‌လေ ။ ရွက်ဝါကြွေ ရွက်သစ်ဦး ‌ အပျော်ဦးတာက ဗန်ဒါလ...