ကိုဗစ်ရေ
မင်းလာတာလည်း ကြာပေါ့။
မင်းကမမောပေမယ့်
လူသားတွေကတော့ မောလှပါပြီ။
ကိုဗစ်ရေ
မင်းကြောင့်
သွားချင်တိုင်းမသွားရ
လာချင်တိုင်းမလာရ
တို့တွေဘဝ မိဘဆွေမျိုးတွေနဲ့
နီးမလိုနဲ့ ဝေးနေရတာလည်း များလှပါပြီ။
ကိုဗစ်ရေ
မင်းကို အစကတည်းက
မချစ်ခဲ့ပါဘူး။
အခုလည်း မချစ်ပါဘူး။
အဲ့ဒါကြောင့်
မချစ်မနှစ်သက်သူတွေအနားက
ထွက်သွားသင့်ပါပြီ။
ကိုဗစ်ရေ
အသွင်ပြောင်းကိုဗစ်အဖြစ်
ဉရောပ၊အာဖရိက နိုင်ငံတချို့မှာ
မင်းကတော့ ဒုက္ခပေးနေပြန်ပြီနော်။
တို့နိုင်ငံမှာတော့
မလာဖြစ်နဲ့တော့နော် ကိုဗစ်ရေ။
ကိုဗစ်ရေ
ကျွန်တော်မချစ်
ဘယ်သူမှလည်းမချစ်
အားလုံးကမချစ်တာကို
အဖြစ်သနစ်တွေကလည်း
သက်သေပြလှပါပြီ။
သင်ချွေခဲ့တဲ့ အသက်တွေ
သင်ဖျက်ဆီးခဲ့တဲ့ ဘဝတွေအတွက်
သင်ပေးဆပ်ဖို့တော့ ရှိပါတယ်။
ကမ္ဘာ့သမိုင်းမှာကော
မြန်မာ့သမိုင်းမှာပါ
သင့်သမိုင်းဆိုးကြီးကတော့
လူ့ဘောင်သမိုင်းမှာ
သင့်အမည်ဆိုးကြီးကတော့
မှတ်ကျောက်တင်ခဲ့မှာပါ
ကျွန်တော်မချစ်တဲ့ ကိုဗစ်ရာ။
မောင်သီးသန့်(ရန်ကင်း) /
မြတ်မျိုးမြင့်မာန်
(၂၅.၁၂.၂၀၂၀) ခရစ်စမတ်နေ့တွင် ခံစားတင်ပြသည်။