Saturday, April 4, 2020

ခေတ်ပြ ကြေးမုံတစ်ချပ်




ခေတ်ပြ ကြေးမုံတစ်ချပ်
**************************
မိုင်းဆတ်မြို့က ဈေးထဲမှာ
ယနေ့ဝယ်ခဲ့တာ
သံပုရာသီး
လေးလုံး တစ်ထောင်ပါ။
မိုင်းဆတ်မှာ
ယခုအခါ COVID-19 လည်း
တည်ငြိမ်နေဆဲပါ။
လက်ရှိအခြေအနေပင်
သူတို့ကိုယ်ချင်းမစာနာ။
အတ္တဆန်တဲ့
လူသားတချို့ကြောင့်သာ
နွမ်းပါးသူအရေး အဖန်ဖန်တွေး
ကိုယ်ချင်းစာမိ အခါခါ ။
ဆန်ဈေးများလည်း
ဆယ်ပုံတစ်ပုံထပ်ဆောင်းလာ
အနာဂတ် စားဝတ်နေရေး
ချင့်တွေးကြဖို့
လိုအပ်လာပြီဗျာ။
မြတ်မျိုးမြင့်မာန်
(မိဘပြည်သူအတွက် ခံစားရေးသားရပါသည်) 4.4.2020  9;00 p:m

No comments:

Post a Comment

ဂိမ္မာန်နိမိတ် ဗန်ဒါရိပ်ဝေဒနာ

  နွေအကူး ‌ကြွေပေဦးတော့ ဗန်ဒါရေ။ မင်းအလှည့် ပြီးပြန်တော့ ကျွန်းရယ် မဟော်ဂနီရယ် ရောက်လာအုံးမယ်‌လေ ။ ရွက်ဝါကြွေ ရွက်သစ်ဦး ‌ အပျော်ဦးတာက ဗန်ဒါလ...