Monday, November 15, 2021

သူ့အလှနဲ့သူ

 


ပန်းမြတ်သခင်
တော်ဝင်သဇင်လည်း
လှပါတယ်။
ပန်းပိတောက် ငုဝါ
ထိုအရာလည်း
လှပါတယ်။

နှင်းဆီ ဇီဇဝါ
ထိုအရာလည်း
လှပါတယ်။
နွမ်းကြေမြေခ
ခရေကလည်း ရနံ့ကထူး
လှပါဦးကွယ်။
ရစ်တွယ်ပင်ယံ
သစ်ခွစံမြန်း
လှ‌ဝေဆန်းတယ်။
တော်မဝင် လူမပန်
လမ်းဘေးဝဲယာ
ကျက်သရေဖြာသည့်
မယ်ဇလီပန်းလည်း
လှပါတယ်ကွယ်။


မှိုင်း(ဓာတု)
(၁၄-၁၁-၂၀၂၀) စနေ‌နေ့

No comments:

Post a Comment

ဂိမ္မာန်နိမိတ် ဗန်ဒါရိပ်ဝေဒနာ

  နွေအကူး ‌ကြွေပေဦးတော့ ဗန်ဒါရေ။ မင်းအလှည့် ပြီးပြန်တော့ ကျွန်းရယ် မဟော်ဂနီရယ် ရောက်လာအုံးမယ်‌လေ ။ ရွက်ဝါကြွေ ရွက်သစ်ဦး ‌ အပျော်ဦးတာက ဗန်ဒါလ...