Monday, October 9, 2017
ပန်းချစ်သူရေ သိပါစေ
ပန်းချစ်သူရေ
သင့်ဦးခေါင်းပေါ်မှာ
လှပတဲ့ပန်းတွေကို
တစ်ပြိုင်တည်း ပန်ချင်တယ်ဆိုရင်
သင်မဟုတ်သေးဘူးဆိုတာ
သင့်ကိုယ်သင် သိပါစေလေ။
ပန်းချစ်သူရေ
ပန်ဆင်ပြီးသား ညိုးနွမ်းနေတဲ့
ပန်းကလေးကိုမှ
သင်ဦးခေါင်းမှာ ပန်ဆင်ချင်တယ်ဆိုရင်
သင်မဟုတ်သေးဘူးဆိုတာ
သင့်ကိုယ်သင် သိပါစေလေ။
ပန်းချစ်သူရေ
သင်းပျံ့မွှေးလွန်းတဲ့ပန်းကိုမှ
သင်ဦးခေါင်းထက်မှာ
ပန်ဆင်ချင်တယ်ဆိုရင်
သင်မဟုတ်သေးဘူးဆိုတာ
သင့်ကိုယ်သင် သိပါစေလေ။
ပန်းချစ်သူရေ
ပြန်လည် မရရှိနိုင်တော့တဲ့
ဟိုးအဝေးကို ရောက်ရှိနေပြီဖြစ်တဲ့
သင့်ကို မေ့နေပြီဖြစ်တဲ့ ပန်းကလေးကိုမှ
သင်ဦးခေါင်းထက်မှာ
ပန်ဆင်ချင်တယ်ဆိုရင်
သင်မဟုတ်သေးဘူးဆိုတာ
သင့်ကိုယ်သင် သိပါစေလေ။
ပန်းချစ်သူရေ
သင်မဟုတ်သေးပါဘူးလို့ ပြောတာက
သင် ပန်းဝေဒနာတွေ ခံစားရမှာစိုးလို့
ပြောမိတာကို သိပါစေ ပန်းချစ်သူရေ။
မှိုင်း(ဓာတု)
Thursday, June 15, 2017
အမိမြေ သို့မဟုတ် အုပ်ချုပ်မှုသင်တန်းကျောင်း(အခည)
*** အရှေ့ပိတောက် နောက်ပိတောက်နှင့်
တောင်မြောက်ကြည့်ရာ ပိတောက်ပါဘဲ
မလွဲသည်မြေ ပိတောက်မြေဟု
တင်စားညွှန်းဆို တို့ကွန်းခိုအံ့။
*** ခိုနားအိပ်ဆောင် သီဟမောင်၌
ခိုနားရိပ်ဝေ သီရိမေ၌
မတူကွဲပြား ရာထူးများလှ
စိတ်ထားကိုယ်စီ ကြိုးစားမည်ဟု
အံတုရာသီ ဝဿန်ဤသို့
မိုးညိုမှုန်မှိုင်း ခြုံသိုင်းတိမ်လွှာ
ချမ်းစိမ့်လာလည်း ................
ချမ်းစိမ့်လာလည်း ................
ပန်းတိုင်ရောက်အောင် တို့စွမ်းဆောင်အံ့ ။
*** မဟော်သဓ ထိုခန်းမ၌
ရက်လသင်ယူ ပညာထူမ
သာတူညီမျှ ကြိုးပမ်းကြသည်
နေ့ညသင်ပြ
ဦးခိုက်လျက်ပါ မြတ်ဆရာတို့။
*** ပညာရတနာ ခန်းမသာ၌
ဖွင့်ပွဲဩ၀ါဒ နာယူရသည်
လွမ်းကြပါစို့ ပီတိမို့လည်း
ဘယ်ညာချီတက် လမ်းမဘက်မှာ
လေးပြုတန်းစီ အဖွဲ့ညီခဲ့
ဖွဲ့သည်ကဗျာ ကြောင်းအရာများ
မှတ်ကာပြုစု ဖွဲ့သီ
*** လေးမျဉ်းစောင်း တစ်ခွန်
သင်တန်းအစ ဒီကာလမှာ
လေးမျဉ်းစောင်း တစ်ခွန်
*** မဟော်သဓ ထိုခန်းမ၌
ရက်လသင်ယူ ပညာထူမ
သာတူညီမျှ ကြိုးပမ်းကြသည်
နေ့ညသင်ပြ
ဦးခိုက်လျက်ပါ မြတ်ဆရာတို့။
*** ပညာရတနာ ခန်းမသာ၌
ဖွင့်ပွဲဩ၀ါဒ နာယူရသည်
လွမ်းကြပါစို့ ပီတိမို့လည်း
ဘယ်ညာချီတက် လမ်းမဘက်မှာ
လေးပြုတန်းစီ အဖွဲ့ညီခဲ့
ဖွဲ့သည်ကဗျာ ကြောင်းအရာများ
မှတ်ကာပြုစု ဖွဲ့သီ
*** လေးမျဉ်းစောင်း တစ်ခွန်
သင်တန်းအစ ဒီကာလမှာ
လေးမျဉ်းစောင်း တစ်ခွန်
သင်တန်းအဆုံး မြင်ယောင်အုံးမှာ
ပြောင်းလဲတာများ တို့အားထားလျက်
ပညာတန်ဆောင် ဝန်ထမ်းမောင်မယ်
စီမံဘဏ္ဋာ သင်ခန်းစာများ
သင်ကြားပြီးကြ တို့ဘဝတွေ
လက်တွဲမြဲထား ဇွဲမာန်များနှင့်
ပညာပြည့်ဝ ခရီးလှအံ့။
စိုင်းမြင့်ဝင်းလှ(ရှမ်းအရှေ့)
စိုင်းမြင့်ဝင်းလှ(ရှမ်းအရှေ့)
Sunday, February 26, 2017
သင်မရှိသော်.................................
Posted on 4:20 AM by မြတ်မျိုးမြင့်မာန်
သင်မရှိသော်
ဤရပ်မြေ၌ သင်မရှိသော်
သင်တည်ခဲ့ပေ ဤကျောင်းမြေသည်
တိုးမြင့်ထွန်းတင့် ကျန်ကောင်းသင့်၏။
သင့်ကျောင်းမှာပျော် တပည့်ကျော်တို့
တိုးမြင့်ထွန်းတင့် ကျန်ကောင်းသင့်၏။
သင့်မြတ်နိုးရာ ဤနေရာသည်
ငြိမ်းချမ်းသာယာပါစေသတည်း။
မြတ်မျိုးမြင့်မာန်
(၂၃.၈.၂၀၁၂)
မိမိတာဝန်ထမ်းဆောင်ခဲ့သည့်နေရာအား ဇာတိသဖွယ်သဘောထားပြီးဆောင်ရွက်စေလိုသော
စေတနာမှန်ဖြင့် ဆရာဇော်ဂျီ၏ စကားလုံးအနည်းငယ်ယူငင်သုံးစွဲ စပ်ဆိုပါသည်။
Saturday, December 24, 2016
ဒဏ္ဍာရီခရေ (သို့မဟုတ်) ကျွန်ုပ်၏ အတိတ်သခင်မ
&& မေရယ်
အကြွေပန်းမှန်း သိပေမယ့်
နေကွယ်တောင်မနွမ်းဘဲ
မွှေးရနံ့ကြူတတ်တာမို့
ချစ်မိတာအပြစ်လားကွယ်။
&& နေရောင်ထိသော်လည်း
နွေရယ်သူမမှုတာကြောင့်
တစစီ ပျက်ပြယ်ပြုန်းစေတော့
သူ့ထံမှာ ရနံ့မပြယ်တတ်တာမို့
ခွဲခဲ့တာအချစ်လားကွယ်။
&& မျက်ဝန်းသီကြူး
အချစ်ရူးရသူမှာတော့
ချစ်သူ မြင်ရတိုင်း
ကိုယ်လေ.........
ရင်တွင် လှုပ်လှိုင်းခတ်နေတယ်။
&& အချစ်စမ်းသူမို့လား
အပြစ်မှန်းချင်လို့လား
အသစ်ဆန်းချင်လို့လား
မေ ... ခွဲခဲ့တာလား။
&& လိပ်ပြာနဲ့ပိတုန်း
အချစ်ဆုံးသူရွေးပွဲမှာ
ခွန်အားသည်အဓိကလား.....?
ကြင်နာမှုသည်အဓိကလား.....?
&& လမ်းခွဲမှာမျက်ရည်မကျနဲ့ကွယ်
ဆိုခဲ့သူဆိုခဲ့ပေမယ့်
ငိုချင်းရှည်တမ်းတသူမှာတော့
နှုတ်မဆက် ရုတ်တရတ်
မုန်းခဲ့တာကြောင့်
ချစ်ရသူ ကိုယ့်နှလုံးရင်မှာ
နွမ်းလုလုကြေ။
&& ရာသီကူးပြီမို့်
ကျလျောင်းတပေါင်းနေရယ်က
ရွက်ဝါကြွေနွေကူးပေသို့
ကိုင်းအိုဝယ် ပြိုင်းပြိုကာနဲ့
အထီးကျန် ပင်ပိတောက်တွေထင့်
မှန်းဆုတမ်းမြေ။
&& ပန်ဖို့ရည်သန် ... နှလုံးဟန်မှာ
ပြုံးရန်ရွယ်ခဲ့ပေမဲ့
ပွင့်ချပ်လွှာမှာ ...........
အသင့်တက်ကာနေသူတစ်ဦးရယ်ကြောင့်
ပန်းနုရောင် ကိုယ့်နှလုံးသားမှာ
မဲနက်လို့ညို။
&& ပန်းတကာ့ပန်း
ဘယ်ပန်းလှလဲလို့
မေးခဲ့သူ မေးရက်ပေမဲ့
ရင်တွင်းကအဖြေလွှာကို
မောင့်သခင် သိမှာပါလေ။
&& ရင်ခွင်ဦးရယ်
ကြင်နာဖူးသူတွက်
ချစ်ရမယ့်ရက်တွေကို
လက်ချိုးကာ တွက်လာဆွေးပေမဲ့
စိမ်းတဲ့သူ စိမ်းခဲ့တာကြောင့်
လက်တွေသာနာ။
&& လွယ်လွန်းတဲ့ မျက်ရည်
နုလွန်းတဲ့အသည်း
လှလွန်းတဲ့မျက်နှာ
ရိုးလွန်းတဲ့အပြုံး
မောင်နှလုံးမှာ...........
လုံးလုံး မမေ့နိုင်ပါဘူးကွယ်။
&& အလွမ်းရိုင်းမို့ဘဲလား
အိပ်မရညတိုင်းမှာ
မှိုင်း မှိုင်ကာထိုင်ငေးရင်ဖြင့်
ပေါ်ကာလာအတိတ်ဆီရယ်က
ချစ်သူ့ပုံလွှာ။
&& အလှကြည့်သူမှာ
ဘ၀အထိရွယ်ရည်ခဲ့ပေမဲ့
ခဏအသိနဲ့ချစ်ခဲ့သူက
ခရေမဟုတ်တဲ့ .............
ခရေ...........မင်း။
&& အရှုံးအမြတ်မတွက်ဘဲ
နှလုံးသားသက်သက်နဲ့
ချစ်ခဲ့သူမို့.
မုန်းရက်မတွက်ခဲ့ပါမေ။
&& ခရေပင် ခရေလမ်းနဲ့
ခရေစခန်းမှာ ခရေပန်းကောက်တဲ့........ကိုယ်
ခရေသစ္စာ .... ခရေကဗျာစပ်
ခရေတွက်မို့........
နွေလေရူးတိုက် လေပြင်းခိုက်လည်း
ခရေပင်တက် ခရေဆက်ဖို့
ကိုယ်လေ.........?
ခရေပန်းတွေ ခူးဖူးတယ်။ ။
မှိုင်း(ဓာတု)
ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)၁၉၈၆-၈၇-၈၈ ပညာသင်နှစ်များက မဆုံဆည်းခဲ့ရသောချစ်သူအား
၁၉၈၉ ၏ ဘ၀တိုက်ပွဲကာလများတွင် လွမ်းဆွတ်ရေးသားဖွဲ့ဆိုခဲ့ခြင်း ဖြစ်ပါကြောင်း ၀န်ခံပါသည်။
ချစ်တတ်သူများ မျှဝေခံစားနိုင်ကြပါစေ။
Labels:
ဆယ်ကျော်သက်က ကဗျာများ,
မှိုင်း(ဓာတု)
Tuesday, September 6, 2016
Saturday, July 2, 2016
Subscribe to:
Posts (Atom)
ဂိမ္မာန်နိမိတ် ဗန်ဒါရိပ်ဝေဒနာ
နွေအကူး ကြွေပေဦးတော့ ဗန်ဒါရေ။ မင်းအလှည့် ပြီးပြန်တော့ ကျွန်းရယ် မဟော်ဂနီရယ် ရောက်လာအုံးမယ်လေ ။ ရွက်ဝါကြွေ ရွက်သစ်ဦး အပျော်ဦးတာက ဗန်ဒါလ...

-
ပထမတန်းသင်ရိုးသစ်ဆင့်ပွားသင်တန်းကာလတွင် စပ်ဆိုမိခြင်းဖြစ်ပါသည်။ တစ်ပိုဒ်ဆိုသော်လည်း အမှတ်တရဖြစ်သဖြင့် မှတ်တမ်းတင်မိပါသည်။