Sunday, March 10, 2013
ဒဏ္ဍာရီခရေ (သို့မဟုတ်) ကျွန်ုပ်၏ အတိတ်သခင်မ
&& မေရယ်
အကြွေပန်းမှန်း သိပေမယ့်
နေကွယ်တောင်မနွမ်းဘဲ
မွှေးရနံ့ကြူတတ်တာမို့
ချစ်မိတာအပြစ်လားကွယ်။
&& နေရောင်ထိသော်လည်း
နွေရယ်သူမမှုတာကြောင့်
တစစီ ပျက်ပြယ်ပြုန်းစေတော့
သူ့ထံမှာ ရနံ့မပြယ်တတ်တာမို့
ခွဲခဲ့တာအချစ်လားကွယ်။
&& မျက်ဝန်းသီကြူး
အချစ်ရူးရသူမှာတော့
ချစ်သူ မြင်ရတိုင်း
ကိုယ်လေ.........
ရင်တွင် လှုပ်လှိုင်းခတ်နေတယ်။
&& အချစ်စမ်းသူမို့လား
အပြစ်မှန်းချင်လို့လား
အသစ်ဆန်းချင်လို့လား
မေ ... ခွဲခဲ့တာလား။
&& လိပ်ပြာနဲ့ပိတုန်း
အချစ်ဆုံးသူရွေးပွဲမှာ
ခွန်အားသည်အဓိကလား.....?
ကြင်နာမှုသည်အဓိကလား.....?
&& လမ်းခွဲမှာမျက်ရည်မကျနဲ့ကွယ်
ဆိုခဲ့သူဆိုခဲ့ပေမယ့်
ငိုချင်းရှည်တမ်းတသူမှာတော့
နှုတ်မဆက် ရုတ်တရတ်
မုန်းခဲ့တာကြောင့်
ချစ်ရသူ ကိုယ့်နှလုံးရင်မှာ
နွမ်းလုလုကြေ။
&& ရာသီကူးပြီမို့်
ကျလျောင်းတပေါင်းနေရယ်က
ရွက်ဝါကြွေနွေကူးပေသို့
ကိုင်းအိုဝယ် ပြိုင်းပြိုကာနဲ့
အထီးကျန် ပင်ပိတောက်တွေထင့်
မှန်းဆုတမ်းမြေ။
&& ပန်ဖို့ရည်သန် ... နှလုံးဟန်မှာ
ပြုံးရန်ရွယ်ခဲ့ပေမဲ့
ပွင့်ချပ်လွှာမှာ ...........
အသင့်တက်ကာနေသူတစ်ဦးရယ်ကြောင့်
ပန်းနုရောင် ကိုယ့်နှလုံးသားမှာ
မဲနက်လို့ညို။
&& ပန်းတကာ့ပန်း
ဘယ်ပန်းလှလဲလို့
မေးခဲ့သူ မေးရက်ပေမဲ့
ရင်တွင်းကအဖြေလွှာကို
မောင့်သခင် သိမှာပါလေ။
&& ရင်ခွင်ဦးရယ်
ကြင်နာဖူးသူတွက်
ချစ်ရမယ့်ရက်တွေကို
လက်ချိုးကာ တွက်လာဆွေးပေမဲ့
စိမ်းတဲ့သူ စိမ်းခဲ့တာကြောင့်
လက်တွေသာနာ။
&& လွယ်လွန်းတဲ့ မျက်ရည်
နုလွန်းတဲ့အသည်း
လှလွန်းတဲ့မျက်နှာ
ရိုးလွန်းတဲ့အပြုံး
မောင်နှလုံးမှာ...........
လုံးလုံး မမေ့နိုင်ပါဘူးကွယ်။
&& အလွမ်းရိုင်းမို့ဘဲလား
အိပ်မရညတိုင်းမှာ
မှိုင်း မှိုင်ကာထိုင်ငေးရင်ဖြင့်
ပေါ်ကာလာအတိတ်ဆီရယ်က
ချစ်သူ့ပုံလွှာ။
&& အလှကြည့်သူမှာ
ဘ၀အထိရွယ်ရည်ခဲ့ပေမဲ့
ခဏအသိနဲ့ချစ်ခဲ့သူက
ခရေမဟုတ်တဲ့ .............
ခရေ...........မင်း။
&& အရှုံးအမြတ်မတွက်ဘဲ
နှလုံးသားသက်သက်နဲ့
ချစ်ခဲ့သူမို့.
မုန်းရက်မတွက်ခဲ့ပါမေ။
&& ခရေပင် ခရေလမ်းနဲ့
ခရေစခန်းမှာ ခရေပန်းကောက်တဲ့........ကိုယ်
ခရေသစ္စာ .... ခရေကဗျာစပ်
ခရေတွက်မို့........
နွေလေရူးတိုက် လေပြင်းခိုက်လည်း
ခရေပင်တက် ခရေဆက်ဖို့
ကိုယ်လေ.........?
ခရေပန်းတွေ ခူးဖူးတယ်။ ။
မှိုင်း(ဓာတု)
ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)၁၉၈၆-၈၇-၈၈ ပညာသင်နှစ်များက မဆုံဆည်းခဲ့ရသောချစ်သူအား
၁၉၈၉ ၏ ဘ၀တိုက်ပွဲကာလများတွင် လွမ်းဆွတ်ရေးသားဖွဲ့ဆိုခဲ့ခြင်း ဖြစ်ပါကြောင်း ၀န်ခံပါသည်။
ချစ်တတ်သူများ မျှဝေခံစားနိုင်ကြပါစေ။
Subscribe to:
Post Comments (Atom)
ဂိမ္မာန်နိမိတ် ဗန်ဒါရိပ်ဝေဒနာ
နွေအကူး ကြွေပေဦးတော့ ဗန်ဒါရေ။ မင်းအလှည့် ပြီးပြန်တော့ ကျွန်းရယ် မဟော်ဂနီရယ် ရောက်လာအုံးမယ်လေ ။ ရွက်ဝါကြွေ ရွက်သစ်ဦး အပျော်ဦးတာက ဗန်ဒါလ...
-
ပထမတန်းသင်ရိုးသစ်ဆင့်ပွားသင်တန်းကာလတွင် စပ်ဆိုမိခြင်းဖြစ်ပါသည်။ တစ်ပိုဒ်ဆိုသော်လည်း အမှတ်တရဖြစ်သဖြင့် မှတ်တမ်းတင်မိပါသည်။
No comments:
Post a Comment