Tuesday, March 26, 2013
ဆန္ဒ
ဆန္ဒ
ဤရပ်မြေ၌
ဆိုက်ရောက်ထွန်းပေါက် သူတစ်ယောက်သည်
စွမ်းလောက်ကဗျာ ရတနာနှင့်
သွယ်ဖြာကာရန် နဘေမှန်နှင့်
ဖိုးတန်လင်္ကာ စပ်ဆိုပါ၏။
ဤမြေအကျိုး
သူသယ်ပိုးလျှက် ဖွံ့ဖြိုးတက်လှမ်း
မျိုးဆက်လူငယ် သိဥာဏ်ကြွယ်ဖို့
ဝင့်ထယ်အားမာန် ဇွဲစိတ်သန်နှင့်
လွင့်ပျံမော်ကွန်း တင်နိုင်လွန်း၏။
ဤလောက၀ယ်
စာပေမြင့်မှ လူမျိုးတင့်မည်
တွေးဖြင့်ရည်စူး ကြိုးစားဖူးပြီ
သူလျှင် ...... အောင်မြင်ခဲ့ပါသည်
စာပေသည်သာ ရတနာဟု
စိတ်မှာရည်စူး ကြိုးစားဖူးပြီ
သူလျှင် ....... ထွန်းတောက်ခဲ့လေသည်။
ဤရပ်မြေ၌
သူလိုယောက်ကျား စွမ်းပကားမျိုး
စွမ်းအားမြင့်မား သူ့စိတ်ထားမျိုး
လူငယ်ထုကြားမှာ .........
ပေါများပေါ်ပေါက် လင်းလက်တောက်ပ
ချိန်ရောက်ကြရင် ..........
ဤမြေဒေသ စာပေလှဖြင့်
ငွားငွားစွင့်စွင့် ပေါ်ထွန်းတင့်အံ့။
စိုင်းမြင့်ဝင်းလှ(ရှမ်းအရှေ့)
(၁၁-၈-၂၀၁၁) တွင် ၂၀၁၁ရွှေတြိဂံ MAGAZINE တွင်ပါရှိပြီးဖြစ်ပါသည်။ ယနေ့လူငယ်များ အများအကျိုးအား တတ်နိုင်သည့်ဘက်က
ဆောင်ရွက်စေလိုသော စေတနာဖြင့် စပ်ဆိုပါသည်။
Subscribe to:
Post Comments (Atom)
ဂိမ္မာန်နိမိတ် ဗန်ဒါရိပ်ဝေဒနာ
နွေအကူး ကြွေပေဦးတော့ ဗန်ဒါရေ။ မင်းအလှည့် ပြီးပြန်တော့ ကျွန်းရယ် မဟော်ဂနီရယ် ရောက်လာအုံးမယ်လေ ။ ရွက်ဝါကြွေ ရွက်သစ်ဦး အပျော်ဦးတာက ဗန်ဒါလ...
-
ပထမတန်းသင်ရိုးသစ်ဆင့်ပွားသင်တန်းကာလတွင် စပ်ဆိုမိခြင်းဖြစ်ပါသည်။ တစ်ပိုဒ်ဆိုသော်လည်း အမှတ်တရဖြစ်သဖြင့် မှတ်တမ်းတင်မိပါသည်။
No comments:
Post a Comment