ဝေးပြာရီလဲ့ နီးစိမ်းမျက်ခြယ်
တောင်ရယ်အလှ တောလှမာယာ
ငွေ့မြူသဲ့သဲ့ အာကာထက်လွှာ
စပယ်ယဉ်စ သစ်ခွရစ်တွယ်
စွယ်တော်ရွက်ဟန် တောပန်းပျံ့လွင့်
ရနံ့သစ်လွင် စိတ်အစဉ်၌
ကြည်လင်ပျော်မွေ့ တောအတွေ့ဝယ်
ကျောက်ရေတံခွန် ချောင်းရေသွန်လျက်
သဲ့သဲ့မျှကြား သားကောင်များ၏
ဟိုဒီသံပြန့် လွှမ်းရနံ့များ
စိမ့်ကြီးမြိုင်ထက်
ရောက်ခဲ့ရက်များ
ကျွန်းပင်ကြားအိပ်
သစ်ခေါင်းရေသောက်
သစ်ဥတွေစား တောကစားသည့်
တစ်ခါတုန်းက ရိုးမရယ်
ဆွေးပြာရီမှိုင်း အတွေးလှိုင်းရက်
ပြန်ပြောင်းမှတ်ထင် ငေးစဉ်ခဏ
ငါ့ဘ၀ညို ခုဆိုသိရ
ဆောင်းတစ်ညမှာ
အရှေ့မြန်ပြည်
ရောက်နေပြီမို့
ဘယ်သို့တမ်းလည်း
လမ်းစမမြင် ဝေးခဲ့ခင်သို့
မေ့နိုင်ပါဘူး ရိုးမရယ်။
မောင်သီးသန့်(ရန်ကင်း)
(၅.၁၁.၁၂)တွင် အွန်လိုင်းပေါ် စတင်တင်ပြသည်။
-----------------------------------------------------------------------------
ပဲခူးရုိးမအလြမ္း
ေ၀းျပာရီလဲ့ နီးစိမ္းမ်က္ခ်ယ္
ေတာင္ရယ္အလွ ေတာလွမာယာ
ေငြ႕ျမဴသဲ့သဲ့ အာကာထက္လႊာ
စပယ္ယဥ္စ သစ္ခြရစ္တြယ္
စြယ္ေတာ္ရဲ႕ဟန္ ေတာပန္းပ်ံံ႕လြင့္
ရနံ႕သစ္လြင္ စိတ္အစဥ္၌
ၾကည္လင္ေပ်ာ္ေမြ႕ ေတာအေတြ႕၀ယ္
ေက်ာက္ေရတံခြန္ ေခ်ာင္းေရသြန္လွ်က္
သဲ့သဲ့မွ်ၾကား သားေကာင္မ်ား၏
ဟုိဒီသံျပန္႕ လႊမ္းရနံ႕မ်ား
စိမ့္ၾကီးျမိဳင္ထက္ ေရာက္ခဲ့ရက္မ်ား
ကၽြန္းပင္ၾကားအိပ္ သစ္ေခါ္င္းေရေသာက္
သစ္ဥေတြစား ေတာကစားသည့္
တစ္ခါတုန္းက ရုိးမရယ္။
ေဆြးျပာရီမွဳိင္း အေတြးလွဳိင္းရက္
ျပန္ေျပာင္းမွတ္ထင္ ေငးစဥ္ခဏ
ငါ့ဘ၀ညိဳ ခုဆုိသိရ
ေဆာင္းတစ္ညမွာ အေရွ႕ျမန္ျပည္
ေရာက္ေနျပီမုိ႕ ဘယ္သုိ႕တမ္းလည္း
လမ္းစမျမင္ ေ၀းခဲ့ခင္သို႕
ေမ့ႏုိင္ပါဘူးရုိးမရယ္။
ေမာင္သီးသန္႕(ရန္ကင္း)
(၅.၁၁.၁၂)တြင္ အြန္လုိင္းေပၚတြင္ တင္ျပသည္။
No comments:
Post a Comment