Monday, March 11, 2013

အချစ်ပုန်း


             အချစ်ပုန်း

***  ရှက်ရွံ့ရောင်အပြုံးကြားမှာ
       နှလုံးသားအဖြေလွှာကို
       တွေ့မြင်ပေမယ့်
       တွက်သိမြင် ကြမ္မာတွေးရ
       ငေးဆရင် သွင်မတူကွဲ
       မကြင်သူဘဲ ဖြစ်ခဲ့တယ်။

***   ဖက်ညွန့်ရောင် အပြုံးများနဲ့
        နှလုံးသား စိမ်းနုချယ်လို့
        ဟန်လုပ်ကာ ပြုမိပေမဲ့
        သက်မိရင် သမုဒယနွယ်က
        ပတ်မိလျှင် ချည်နှောင်တွယ်လည်း
        ကြင်နာသူ မမြင်ကာဖုံး
        အချစ်ပုန်းဘဲ ဖြစ်ခဲ့တယ်။

                                      မှိုင်း(ဓာတု)


ယနေ့ခေတ် ညီငယ်ညီမငယ်များ နှလုံးသားနှင့် ဘ၀ချင့်ချိန်နိုင်ကြပါစေ။

No comments:

Post a Comment

ဂိမ္မာန်နိမိတ် ဗန်ဒါရိပ်ဝေဒနာ

  နွေအကူး ‌ကြွေပေဦးတော့ ဗန်ဒါရေ။ မင်းအလှည့် ပြီးပြန်တော့ ကျွန်းရယ် မဟော်ဂနီရယ် ရောက်လာအုံးမယ်‌လေ ။ ရွက်ဝါကြွေ ရွက်သစ်ဦး ‌ အပျော်ဦးတာက ဗန်ဒါလ...