Friday, March 22, 2013
ဟင်းငတ်သူ
*** ငွေ့ငွေ့သက်လှမ်း ထက်နမ်းရှူရှိုက်
အတွေ့လှိုက်မှာ ဆွေးမိုက်ပူမော
လိုချင်ဇောကပ် ဆာလှအသိ
ရင်အတိဖို မင်မိခန္ဓာ
ဝေဒနာတစ်ရပ် သေချာတွက်တော့
ကြက်သားဟင်းတစ်ခွက် အိပ်မက်ခြင်း။
*** သတိတွေချက် အတိနွေရက်
ထိပွေမှတ်ရော ငပိရည်တစ်ခွက်
ကြည့်လေခက်ရော အငန်တောမှာ
ကျောက်ကပ်နှလုံး သွေးတိုးဘာညာ
ရောဂါတွေဖြစ်မှာထက်
ကိုယ့်လျှာဖျားတွက် အရသာမြတ်
ခဏလာရပ်စေလိုသည်။
*** မနေ့ကလည်း ဒါပါပဲလေ
ဒီနေ့ကျလည်း ဒါပါပဲလေ
မနက်ဖြန်ကော ဘာနဲ့ဖျောမလဲ
ဒါပဲလေလား အတွေးကြားမှာ
ပြေးကစားရင်း ကိုယ့်ချဉ်ခြင်းတပ်
ကြက်သားဟင်းတစ်ခွက် ကို
အိပ်မက်ထဲဘဲ ရှာတော့မယ်။
မောင်သီးသန့်(ရန်ကင်း)
လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်ကျော် ကျောင်းဆရာပေါက်စ လူငယ်ဘ၀တွင် ခဏတာခံစားခဲ့ရသော
ဘ၀အမောများပြေစေရန်အတွက် ရေးစပ်ခဲ့ရာ ဘ၀တူသူငယ်ချင်းများ အမောပြေ ပျော်ရွှင်စေခဲ့သော
ကဗျာလေးတစ်ပုဒ်ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။
Subscribe to:
Post Comments (Atom)
ဂိမ္မာန်နိမိတ် ဗန်ဒါရိပ်ဝေဒနာ
နွေအကူး ကြွေပေဦးတော့ ဗန်ဒါရေ။ မင်းအလှည့် ပြီးပြန်တော့ ကျွန်းရယ် မဟော်ဂနီရယ် ရောက်လာအုံးမယ်လေ ။ ရွက်ဝါကြွေ ရွက်သစ်ဦး အပျော်ဦးတာက ဗန်ဒါလ...
-
ပထမတန်းသင်ရိုးသစ်ဆင့်ပွားသင်တန်းကာလတွင် စပ်ဆိုမိခြင်းဖြစ်ပါသည်။ တစ်ပိုဒ်ဆိုသော်လည်း အမှတ်တရဖြစ်သဖြင့် မှတ်တမ်းတင်မိပါသည်။
No comments:
Post a Comment