Saturday, March 30, 2013

ဆရာတစ်ယောက်အကြောင်း





သက်ကယ်ကျဲကျဲ     မိုးယိုတဲ၌
စွဲမြဲချည်နှောင်     နှီးဝါးဘောင်နှင့်
မှောင်မိုက်အခန်းအို     ချိနဲ့ပိုဆဲ
ကျောင်းအိုထဲမှာ .........
ပျိုနုဆရာ     ပြုစုလာရ
ချစ်လှတပည့်     ပညာရှိအောင်
သူ၏စိတ်ထဲ     ဇွဲနဘဲနှင့်
အားခဲစွမ်းဝေ     သင်ကြားပေ၏။

ဆရာတဲ့သူ     ပြုစုယူလာ
ပန်းမူယာစုံ     ဘဝစုံကို
စုဆုံပျိုးကြ     ပန်းအလှဥယျာဉ်
ကျောင်းရင်ပြင်၌ ...........
တိုးတက်မြတ်မြင့်     ဘဝတင့်ဖို့
လှမ်းဆင့်ထူမ     ပြုခဲ့ရလျှက်
မှန်းစဆောင်စေ     ကြိုးပမ်းလေ၏။

ရိက္ခာမကြည့်     သိက္ခာသိလျှက်
သူ၏ပျိုးခင်း     လှအဆင်းများ
မြဝင်းဂုဏ်ပြည့်     ပန်းတိုင်ရှေ့သို့
လှမ်းတွေ့သက်ယူ     နေမပူဖို့
ဆရာ ကြိုးစားနေဦးမည်။


                စိုင်းမြင့်ဝင်းလှ(ရှမ်းအရှေ့)






ကျောင်းဝင်းခြံမရှိ၊မိုးလေမလုံ သက်ကယ်ကျဲကျဲ ချို့တဲ့နွမ်းပါးသည့် အခြေအနေများရှိသည့်
 ကျောင်းများတွင်ဆရာအဖြစ်    တာဝန်ထမ်းဆောင်ပြီး အဘက်ဘက်မှ တိုးတက်အောင် သင်ကြားရေးသာမက ကျောင်းရုပ်ပိုင်းဆိုင်ရာ တိုးတက်ကောင်းမွန်ရေး ၊စိမ်းလန်းစိုပြည်ရေး၊
ရပ်ရေးရွာရေးများတွင် ဦးဆောင်ကြိုးစားခဲ့သော ဆရာကြီးများအား ဂုဏ်ပြုလိုသဖြင့်လည်းကောင်း၊
ညီငယ် ဆရာများ ပခုံးပြောင်းတာဝန်များကျေပွန််စေလိုသဖြင့်လည်းကောင်း အမှန်တကယ် ကိုယ်ကျိုးစွန့်ကြိုးစားသူ ဆရာများရှိသည်ကို မိဘပြည်သူများအနေဖြင့် နားလည်ပြီး ပူးပေါင်းဆောင်ရွက်စေလိုသော စေတနာဖြင့်လည်းကောင်းရေးသားစပ်ဆိုခဲ့ပါသည်။



ကျွန်တော်သည်လညး် ဤကဲ့သို့သော ကျောင်းတွင် တာဝန်ထမ်းဆောင်ပြီး တိုးတက်အောင်
ရောက်သည့်နေရာတိုင်းတွင် ကြိုးစားဆောင်ရွက်ခဲ့ပါကြောင်းတင်ပြအပ်ပါသည်။


၂၀၀၉ခုနှစ်ထုတ် တာချီလိတ်မြို့နယ် စာပေနှင့်စာနယ်ဇင်းအဖွဲ့မှထုတ်ဝေသော ရွှေတြိဂံမဂ္ဂဇင်းတွင်
ဖေါ်ပြပါရှိပြီးဖြစ်ပါသည်။


ZAWGYI


သက္ကယ္ကဲ်က်ဲ     မုိးယုိတဲ၌
စြဲျမဲခ်ည္ေႏွာင္     ႏွီး၀ါးေဘာင္ႏွင့္
ေမွာင္မုိက္အခန္းအုိ     ခ်ိနဲ႕ပုိဆဲ
ေက်ာင္းအုိထဲမွာ .........
ပ်ိဳႏုဆရာ     ျပဳစုလာရ
ခ်စ္လွတပည့္     ပညာရွိေအာင္
သူ၏စိတ္ထဲ     ဇြဲနဘဲႏွင့္
အားခဲစြမ္းေ၀     သင္ၾကားေပ၏။

ဆရာတဲ့သူ     ျပဳစုယူလာ
ပန္းမူယာစုံ     ဘ၀စုံကုိ
စုဆုံပ်ိဳးၾက     ပန္းအလွဥယ်ာဥ္
ေက်ာင္းရင္ျပင္၌ ...........
တုိးတက္ျမတ္ျမင့္     ဘ၀တင့္ဖုိ႕
လွမ္းဆင့္ထူမ     ျပဳခဲ့ရလွ်က္
မွန္းစေဆာင္ေစ     ၾကိဳးပမ္းေလ၏။

ရိကၡာမၾကည့္     သိကၡာသိလွ်က္
သူ၏ပ်ိဳးခင္း     လွအဆင္းမ်ား
ျမ၀င္းဂုဏ္ျပည့္     ပန္းတုိင္ေရွ႕သုိ႕
လွမ္းေတြ႕သက္ယူ     ေနမပူဖုိ႕
ဆရာ ၾကိဳးစားေနဦးမည္။


                စုိင္းျမင့္၀င္းလွ(ရွမ္းအေရွ႕)






ေက်ာင္း၀င္းျခံမရွိ၊မုိးေလမလုံ သက္ကယ္က်ဲက်ဲ ခ်ဳိ႕တဲ့ႏြမ္းပါးသည့္ အေျခအေနမ်ားရွိသည့္
 ေက်ာင္းမ်ားတြင္ဆရာအျဖစ္    တာ၀န္ထမ္းေဆာင္ျပီး အဘက္ဘက္မွ တုိးတက္ေအာင္ သင္ၾကားေရးသာမက ေက်ာင္းရုပ္ပုိင္းဆုိင္ရာ တုိးတက္ေကာင္းမြန္ေရး ၊စိမ္းလန္းစုိျပည္ေရး၊
ရပ္ေရးရြာေရးမ်ားတြင္ ဦးေဆာင္ၾကိဳးစားခဲ့ေသာ ဆရာၾကီးမ်ားအား ဂုဏ္ျပဳလုိသျဖင့္လည္းေကာင္း၊
ညီငယ္ ဆရာမ်ား ပခုံးေျပာင္းတာ၀န္မ်ားေက်ပြန္္ေစလုိသျဖင့္လည္းေကာင္း အမွန္တကယ္ ကုိယ္က်ိဳးစြန္႕ၾကိဳးစားသူ ဆရာမ်ားရွိသည္ကုိ မိဘျပည္သူမ်ားအေနျဖင့္ နားလည္ျပီး ပူးေပါင္းေဆာင္ရြက္ေစလုိေသာ ေစတနာျဖင့္လည္းေကာင္းေရးသားစပ္ဆုိခဲ့ပါသည္။



ကၽြန္ေတာ္သည္လညး္ ဤကဲ့သုိ႕ေသာ ေက်ာင္းတြင္ တာ၀န္ထမ္းေဆာင္ျပီး တုိးတက္ေအာင္
ေရာက္သည့္ေနရာတုိင္းတြင္ ၾကိဳးစားေဆာင္ရြက္ခဲ့ပါေၾကာင္းတင္ျပအပ္ပါသည္။


၂၀၀၉ခုႏွစ္ထုတ္ တာခ်ီလိတ္ျမိဳ႕နယ္ စာေပႏွင့္စာနယ္ဇင္းအဖြဲ႕မွထုတ္ေ၀ေသာ ေရႊၾတိဂံမဂၢဇင္းတြင္
ေဖၚျပပါရွိျပီးျဖစ္ပါသည္။









No comments:

Post a Comment

ဂိမ္မာန်နိမိတ် ဗန်ဒါရိပ်ဝေဒနာ

  နွေအကူး ‌ကြွေပေဦးတော့ ဗန်ဒါရေ။ မင်းအလှည့် ပြီးပြန်တော့ ကျွန်းရယ် မဟော်ဂနီရယ် ရောက်လာအုံးမယ်‌လေ ။ ရွက်ဝါကြွေ ရွက်သစ်ဦး ‌ အပျော်ဦးတာက ဗန်ဒါလ...