Wednesday, March 13, 2013
အဆုံး၌ လွယ်အိတ်လေးသည်သာ ..........
*** လူရယ်သိစ တို့ဘ၀မှာ
ကြောင်းကျိုးဖြစ်စဉ် ကောင်းသာထင်မှတ်
ရင်မှာသိုကျစ် မိတ်ဆွေစစ်သူ
မြဲတွယ်တွဲဖေး လွယ်အိတ်ကလေးရယ်။
*** မူလယ်ထက်တန်း ဒို့ တက်လှမ်းစဉ်
ကျောင်းစာဘာညာ ထိုအရာတို့
ပြည့်ကျပ်လှစ်သို ပခုံးပျို၌
ငြိမ့်ငြိမ့်လိုက်ပါ ဖော်ကညာမလို
လွယ်အိတ်အိုရယ်................လေ......။
*** တက္ကသီလာ မြကျွန်းသာရောက်
ရည်းစားဘာညာ ပျိုကညာလည်း
ဒို့ လက်တွဲစဉ် သူလျှင်တို့ဘေး
အမြဲဖေးတွယ် သူ့အဖို့မယ်
စာပေကဗျာ ဘာညာဆိုလဲ
သူပါမှသာ ဆွဲယူစပ်ရေး
ခံစားတွေးတယ် အဖော်လိုနှယ်
လွယ်အိတ်အိုရယ်.........လေ။
*** ချစ်သူကမုန်း ဝေးကွာတုန်းလည်း
ချစ်သူကခွဲ ဝေးခွာကွဲလည်း
ဒို့ နဘေးနားမှာ ...................
ထာဝရ ပျော် ဘ၀အဖော်
လွယ်အိတ်အိုရယ်လေ ။
*** ခါခါစပ်ဖူး ကဗျာရူးငါ
ချစ်သူမြကို တင်စားဆိုခဲ့
နှိုင်းဆခွန်းဆို တင်စားပိုခဲ့
ဒို့ နဘေးနား ဒို့ အတွေးကြားမှာ
လွယ်အိတ်အိုအသိ ........ မေ့နေမိတယ်။
*** ဘ၀အဖေါ် မှတ်ခဲ့တဲ့ငါ
ခဏအပျော် မှတ်ခဲ့တဲ့နင်
ထီးကျန်ကမ္ဘာ တွေးဖန်လာရ
အဆုံးမတော့ ငါ့နဘေးမှာ
လွယ်အိတ်အိုလေးသည်သာ ........................???
မှိုင်း(ဓာတု)
၁၉၉၁ တွင်ခံစားစပ်ဆိုခဲ့သည်။
Subscribe to:
Post Comments (Atom)
ဂိမ္မာန်နိမိတ် ဗန်ဒါရိပ်ဝေဒနာ
နွေအကူး ကြွေပေဦးတော့ ဗန်ဒါရေ။ မင်းအလှည့် ပြီးပြန်တော့ ကျွန်းရယ် မဟော်ဂနီရယ် ရောက်လာအုံးမယ်လေ ။ ရွက်ဝါကြွေ ရွက်သစ်ဦး အပျော်ဦးတာက ဗန်ဒါလ...
-
ပထမတန်းသင်ရိုးသစ်ဆင့်ပွားသင်တန်းကာလတွင် စပ်ဆိုမိခြင်းဖြစ်ပါသည်။ တစ်ပိုဒ်ဆိုသော်လည်း အမှတ်တရဖြစ်သဖြင့် မှတ်တမ်းတင်မိပါသည်။
ခံစားသွားပါတယ်။
ReplyDelete