Tuesday, March 12, 2013

စိတ်ကူးအလွမ်း





နွေဦးမေရေ     စိတ်ကူးတွေထဲ
ထင်နေဆဲပေါ့     လွမ်းခြင်းကဗျာ
စပ်ဆိုပါရ     ပေါ်လာခဏ
ဝေဒနာရစေ     ဆွေးမိနေ။

မေ့ပါဘူးမေ     တမ်းတေ၀၀ါး
မေ  လေလားလို့     အပြေးလှမ်းကြည့်
ရင်တွင်းသိလာ     စိတ်၏ရွာထဲ
အလွမ်းသဲတွင်    မှန်းဆဲပင်။

အတိတ်ကမေ     ဆံစရှည်တွေ
နွေလေရူးထဲ     လှနေမြဲပေါ့
စိတ်ကူးသော့သော့     တွေးတော့ပေါ်လာ
ချစ်ပုံလွှာတွေ    တမ်းတနေ။



                                              မှိုင်း(ဓာတု)


(၂၁.၉.၂၀၁၂) အွန်လိုင်းတွင် ခံစားတင်ပြခဲ့သည်။

No comments:

Post a Comment

ဂိမ္မာန်နိမိတ် ဗန်ဒါရိပ်ဝေဒနာ

  နွေအကူး ‌ကြွေပေဦးတော့ ဗန်ဒါရေ။ မင်းအလှည့် ပြီးပြန်တော့ ကျွန်းရယ် မဟော်ဂနီရယ် ရောက်လာအုံးမယ်‌လေ ။ ရွက်ဝါကြွေ ရွက်သစ်ဦး ‌ အပျော်ဦးတာက ဗန်ဒါလ...