Friday, March 8, 2013

သခင်ရယ်နားလည်ပါ









အို .........  သခင်
လရောင်ကိုသာ ထာဝရလိုလားသော ငွေကြာဖြူ ကုမုဒြာသည် လည်းကောင်း
တစ်နှစ်လျှင် တစ်ရာသီသာ တွန်ကျူးလေ့ရှိသည့်
ဥသြသံကို တမ်းတသောသူသည်လည်းကောင်း
တစ်နှစ်လျှင် တစ်ခါမျှသာ ပွင့်လန်းတတ်သော
ပန်းပိတောက်အား ရော်ရမ်းမိသူသည်လည်းကောင်း
သူတို့လိုလားသော အချိန်သည်
ရောက်ရှိလာအုံးမည် သခင် ။        ။

အို ..........  သခင်
မျှော်လင့်ခြင်းကို မထားရှိရန်
သခင်အခါခါ ပြောဖူးပါသည်
မှောင်ထဲ၌ မဟူရာကျောက် ရှာသူ မဖြစ်လိုပါ
မေတ္တာမီးအိမ်ကို ကိုင်ဆွဲ၍သာ
ချစ်အမှောင်၌ မေတ္တာကို ရှာလိုပါသည်
အကျွန့်ခံစားမှုသည်
မမျှော်လင့်သော မျှော်လင့်ခြင်းဆိုလျှင်
သခင် မည်သို့ အဖြေရှာမည်နည်း။

အို ............. သခင်
အကျွန်သည် တစ်ရံတစ်ခါက ဆန္ဒကို ဦးစားပေးခဲ့ပါသည်
အကျွန်သည် တစ်ရံတစ်ခါက တွယ်တာမှုကို ဦးစားပေးခဲ့ပါသည်
သို့သော် .....
အကျွန်၏ ဦးစားပေးခြင်းသည် အချည်းနှီးပင်သာလား
အကျွန့်ဘ၀တွက်
အမြတ်နိုးဆုံး သန့်စင်ကြင်နာမှုသည်လည်းကောင်း
အလိုလားဆုံး ဘ၀ဖော်မွန်သည်လည်းကောင်း
အနားလည်ဆုံး လေးစားခွင့်လွှတ်ခြင်းသည်လည်းကောင်း
အခုဆိုလျှင် ............
သခင်မှ လွဲ၍  မဖြစ်ချင်တော့သည်ကို
သခင်ဟုပင် တင်စားရသော သခင်နားလည်နိုင်ပါစေ။

                                                  မှိုင်း ( ဓာတု )







၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် တာချီလိတ်မြို့နယ်စာရေးဆရာအသင်း WEBSITE တွင် ဖော်ပြခဲ့ပြီး
Popular Post တွင် (၄)ပုဒ်မြောက်အဖြစ် ကဗျာတည်ရှိသည့်နေ့အထိ ဖော်ပြခံခဲ့ရသောကဗျာဖြစ်ပါသည်။
                    


No comments:

Post a Comment

ဂိမ္မာန်နိမိတ် ဗန်ဒါရိပ်ဝေဒနာ

  နွေအကူး ‌ကြွေပေဦးတော့ ဗန်ဒါရေ။ မင်းအလှည့် ပြီးပြန်တော့ ကျွန်းရယ် မဟော်ဂနီရယ် ရောက်လာအုံးမယ်‌လေ ။ ရွက်ဝါကြွေ ရွက်သစ်ဦး ‌ အပျော်ဦးတာက ဗန်ဒါလ...