Sunday, March 24, 2013

ပဲခူးရိုးမအလှ(၁၉၈၉)




 
တော၏မြင်ကွင်း    ခြေအဆင်း၌
ကဇင်းတာမြောင်    နွေခေါင်ခေါင်လောက်
ကုန်ဆဲဆောင်းနေ    ပူပြင်းလေငြား
ချောင်းရေအေးမြ    ငှက်ဖျားရလည်း
မမှုကစား    ခင်ပျိုများနှင့်
ဆည်းဆာမရောက် အရုဏ်ဖောက်လျှက်
ရိုးမအမွေ    လှပပေ၏။


ဆန်ဖွတ်မောင်းထောင်း    စပါးရောင်း၍
နှမ်းကြဲရေသွင်း    ကိုင်းအဆင်းကား
နေမင်းနဲ့ယှဉ်    ကျွဲလှည်းပြင်လျှက်
မင်္ဂလာပွဲ    ခြိမ့်ခြိမ့်သဲများ
ကရင်ရွာဝယ်    လားလားတိုးလု
စားသောက်စုပြုံ    ကရင်ပျိုကား
နှလုံးဘ၀င်    ပျော်ပွဲဆင်၏။

ဘယ်ဆီဘယ်ဝယ်    မျှော်ရှုရာမယ်
အရှေ့ဆီမှာ    ရှမ်းတောင်ပြာများ
နောက်မြောက်ရိုးမ    ဆောင်းအလှတွေ
အေးမြသာယာ    မမေ့ပါ၏။


                                  မောင်သီးသန့်(ရန်ကင်း)




No comments:

Post a Comment

ဂိမ္မာန်နိမိတ် ဗန်ဒါရိပ်ဝေဒနာ

  နွေအကူး ‌ကြွေပေဦးတော့ ဗန်ဒါရေ။ မင်းအလှည့် ပြီးပြန်တော့ ကျွန်းရယ် မဟော်ဂနီရယ် ရောက်လာအုံးမယ်‌လေ ။ ရွက်ဝါကြွေ ရွက်သစ်ဦး ‌ အပျော်ဦးတာက ဗန်ဒါလ...