Wednesday, August 14, 2019
ယခုမေ သိစေသား
@@ ချစ်သူပြောလေ
အတိတ်တွေက
ကိုယ်ချစ်သာဘဲ
မေသိမြဲလေ။
@@ ချစ်သူသိလေ
အတိတ်တွေက
ကိုယ်ချစ်သာဘဲ
မေသိဆဲလေ။
@@ ချစ်သူမေ့နေ
အတိတ်တွေက
ကိုယ်ချစ်သာဘဲ
မေတွက်ဘဲလေ။
@@ ချစ်သူသိနေ
ယခုမေက
သူချစ်ကိုဘဲ
တမ်းတဆဲလား။
@@ ချစ်သူသိစေ
ယခုမေရေ
ကိုယ်ချစ်ကိုတော့
ချန်ရစ်ထိန်းထား
သူစိမ်းကားဟု
မထင်တွယ်ရစ်
အကြင်နာစစ်ကို
အကျွန်မျှော်ကိုး
စဉ်စိုးမိုးလို့
တမ်းတခြင်းတွေ
မေသိစေ။
မှိုင်း(ဓာတု)
(14.8.2019)ညနေ (6;30) နာရီတွင် ရေးဖွဲ့သည်။
Friday, March 29, 2019
ပြောင်းပြန်လောက
တွေ့လိုက်ရတဲ့
နံနက်ခင်း မြင်ကွင်း
အရုဏ်ဦးက
ဆည်းဆာနေဝင်ချိန်လိုပါဘဲ။
နှင်းမဟုတ်တဲ့
တောင်ယာမီးခိုးတွေက
မြူနှင်းနဲ့ တူနေသယောင်ပါဘဲ။
ဓာတ်ပုံနဲ့
တကယ့်အပြင်အခြေအနေ
ကွာခြားနေလေရဲ့။
မာယာများတဲ့
လူ့လောကမှာ
အမှန်ကိုလည်း
အမှားထင်ခံရသလို
အမှားကိုလည်း
အမှန်မြင်တတ်ပြန်သတဲ့။
မတတ်သူကဆရာလုပ်
တတ်သူကတပည့်နေရာ
ပြောင်းပြန်တွေဖြစ်တတ်တဲ့လောက
အခုကျွန်တော်တွေ့နေရတဲ့
ဘဝနဲ့ကတော့
လိုက်ဖက်နေသလိုပါဘဲ လောကရယ်။
မှိုင်း(ဓာတု)
တောင်ယာမီးခိုးတွေက
မြူနှင်းနဲ့ တူနေသယောင်ပါဘဲ။
ဓာတ်ပုံနဲ့
တကယ့်အပြင်အခြေအနေ
ကွာခြားနေလေရဲ့။
မာယာများတဲ့
လူ့လောကမှာ
အမှန်ကိုလည်း
အမှားထင်ခံရသလို
အမှားကိုလည်း
အမှန်မြင်တတ်ပြန်သတဲ့။
မတတ်သူကဆရာလုပ်
တတ်သူကတပည့်နေရာ
ပြောင်းပြန်တွေဖြစ်တတ်တဲ့လောက
အခုကျွန်တော်တွေ့နေရတဲ့
ဘဝနဲ့ကတော့
လိုက်ဖက်နေသလိုပါဘဲ လောကရယ်။
မှိုင်း(ဓာတု)
Saturday, December 22, 2018
လေယာဉ်ပေါ်မှာ
**** လေယာဉ်ပေါ်မှာ လူတွေဟာ
မုန့်ဝေတာ သုံးနေရာလေယာဉ်ဆင်းရင်
သုံးခါအတက် မုန့်သုံးခါနဲ့
အအေး သို့မဟုတ် အပူသုံးခွက်
**** လေယာဉ်ပေါ်မှာ ကျွန်တော်ဟာ
နှစ်နေရာဆင်းတာကြုံတော့
မုန့်ဝေတာ နှစ်ခါကြုံပေါ့
အအေးအပူသောက်စရာ
နှစ်ခါရပြန်တာပေါ့။
**** လေယာဉ်ပေါ်မှာ လူတွေဟာ
ဝေတဲ့အခါတိုင်းသာ စားမိကြရင်
သောက်မိကြရင် သုံးခါစားမိသူ
ဆီးချိုသွေးတိုး တကယ်တိုးပြီထင်။
**** လေယာဉ်ပေါ်မှာ ကျွန်တော်ကတော့
ပထမဝေတာ စားပါတယ်
ဒုတိယဝေတာ သိမ်းထားပါတယ်။
**** လေယာဉ်ပေါ်မှာ ကျွန်တော်ဟာ
ပထမပေးတဲ့အအေး
ဂတ်စ်မပါတာလေး ရွေးသောက်ပါတယ်
ဒုတိယဝေတဲ့အအေး ရေသန့်လေးဘဲသောက်ပါတယ်။
ဘာဖြစ်လို့ ဒီလို သောက်သလဲ ဒီလိုစားသလဲမေးရင်
အသက်အရွယ်နဲ့ အသိဥာဏ်က
စကားပြောလာလို့ပါဘဲ။
ရသမျှ အကုန်စားလို့ကတော့
ရသမျှ အကုန်သောက်လို့ကတော့
ကောင်းကျိုးတကွက်မှမရှိ
စဉ်းစားဆင်ခြင်မိမှ သိနိုင်တာများပါ။
**** လေယာဉ်ပေါ်မှာ ရခဲ့တဲ့
အသိလေးတစ်ခု
ယနေ့ယခု ရခဲ့မှုကြောင့်
တစ်စုံတစ်ခု လူသားထုကို
ပေးနိုင်ခဲ့တယ်ဆိုရင်
ကျေနပ်ပါရဲ့မိတ်ဆွေ။
စိုင်းမြင့်ဝင်းလှ(ရှမ်းအရှေ့)
၂၀၁၈ခုနှစ် စက်တင်ဘာမှ နိုဝင်ဘာအတွင်း
လေယာဉ်(၆)ကြိမ်စီးနင်းရင်း ရရှိခဲ့သည့်
အတွေးများအား ကာရန်မဲ့ မျှဝေပါသည်။
Saturday, August 11, 2018
စေတနာအမြင်
၆နာရီမထိုးခင် လမ်းလျှောက်
လမ်းတစ်လျောက် တွေ့မြင်ခြင်း
သည်မြင်ကွင်းတွေပါဘဲ။
မြို့ရဲ့တိုးတက်ခြင်း
သည်မြင်ကွင်းတွေက
အကျည်းတန်နေစေရဲ့။
၆နာရီမထိုးခင်
ထူးခြားစွာကြိုးစား
စည်ပင်ကားတစီးနဲ့
စည်ပင်အလုပ်သမား
အနည်းငယ်ကို
ချီးမွမ်းမိပေမယ့်
မလုပ်ရမယ့်အလုပ်
လုပ်နေရတဲ့သူတို့
ပလဲနေတဲ့အမှိုက်
ဘယ်လိုလိုက်သိမ်းမလဲ
စဉ်းစားသာကြည့်
သနားစရာ သူတို့ဘဝ
ကိုယ်ချင်းစာရသည်။
ပြတ်သားလို့ရတဲ့သူ
မပြတ်သားသရွေ့
သူတို့ဘဝ
ပြုသမျှနုရဆိုသလို
ဘဝကို လျှောက်နေကြရမှာဘဲ။
ငယ်သားဘဝ
အကြီးစောင့်ရှောက်မှ
သက်သာရမှာပါဘဲ။
စိုင်းမြင့်ဝင်းလှ(ရှမ်းအရှေ့)
မပြတ်သားသရွေ့
သူတို့ဘဝ
ပြုသမျှနုရဆိုသလို
ဘဝကို လျှောက်နေကြရမှာဘဲ။
ငယ်သားဘဝ
အကြီးစောင့်ရှောက်မှ
သက်သာရမှာပါဘဲ။
စိုင်းမြင့်ဝင်းလှ(ရှမ်းအရှေ့)
၂၀၁၈ ဇွန်လ တာချီလိတ်ဗိုလ်ချုပ်လမ်းမတလျှောက်
လမ်းလျှောက်ရသ တစ်ပုဒ်ဖြစ်ပါသည်။

ဝန်ထမ်းဟူသည်
တာဝန်အသိ
ရင်မှာရှိ၍
ထားမိခံယူ
ခရီးသူလှမ်း
အတူလမ်းမ
သူလျှောက်ရသည်
မှန်းဆဆောင်တာ
သူ့ဝန်တာတည်း။
သူ့ဝန်တာတည်း။
မောင်သီးသန့်(ရန်ကင်း)
၂၄.၇.၂၀၁၈ ကျောင်းစစ်ဆေးခရီးတွင် စပ်ဆိုသည်/
၂၄.၇.၂၀၁၈ ကျောင်းစစ်ဆေးခရီးတွင် စပ်ဆိုသည်/
တောင်ပေါ်ကျောင်းစစ်ဆေးရေး
အရုဏ်မတက်မီ တာချီလိတ်ရှုခင်းများ
ဒီမနက် လမ်းလျှောက်
လမ်းတစ်လျောက်ကတော့
ပြုပြင်နေဆဲ ရှမ်းရိုးမကွင်း
တိုးတက်ခြင်း တစိတ်တဒေသ
မှတ်တမ်းတင်ခဲ့ရသည်။
ဟိုမှာကြည့်လည်း...မိုးတိမ်
ဒီမှာကြည့်လည်း ....မိုးတိမ်
တာချီလိတ်ကတော့ ......
မိုးအုံ့နေဆဲပါလေ။
အိမ်ရာမဲ့ လူတန်းစားများ
မိုးမလင်းခင်ကဘဲ ဖွထားတဲ့
အမှိုက်ကစင့်ကလျားတွေ
စည်ပင်ဝန်ထမ်း အနည်းငယ်
လမ်းတလျောက် စုကာရယ်
သန့်ရှင်းရေးလုပ်နေကြပါတယ်။
မလုပ်ရမှာကို
လုပ်နေရတဲ့ သူတို့ဘဝ
ကိုယ်ချင်းစာမှုက
ရင်နှင့်အမျှပါ။
ပြတ်သားလို့ရတဲ့
ခေါင်းဆောင်က
မပြတ်သားသရွေ့
နောက်လိုက်တွေ ခံပေအုံးတော့။
ဆန်ဆိုင်းဈေးမှာ
ပစ္စည်းတစ်မျိုးထဲ
ဈေးနှုန်းကကွာခြား
မတူညီမှုများ
စားသုံးသူဆင်းရဲသား
ခေါင်းလည်သွားလောက်ရဲ့။
ဆင်းရဲချမ်းသာ
ကြည့်ပြီး ရောင်းတဲ့အခါ
ချမ်းသာသူ မပြောပလောက်ပေမယ့်
ဆင်းရဲသူ ဗိုက်မှောက်ရပေမပေါ့။
ကွပ်ကဲမှု အားနည်းရင်
ဖြစ်ချင်တာဖြစ်နေတာ
ဖြစ်ချင်တိုင်းဖြစ်နေတာ
ဤလောကကြီးပါဘဲ။
ဘာဘဲဖြစ်ဖြစ်
ဘာကိုလုပ်လုပ်
ပညာအခြေခံရှိရင်တော့
ဘ၀ကို
အဆိုးဆုံး မဖြစ်အောင်
ကာကွယ်နိုင်ကောင်းပါရဲ့။
မှိုင်း(ဓာတု)
(၁၀.၈.၂၀၁၈) နံနက်(၆း၄၄) နာရီတွင်ရေးသားသည်။
လမ်းတစ်လျောက်ကတော့
ပြုပြင်နေဆဲ ရှမ်းရိုးမကွင်း
တိုးတက်ခြင်း တစိတ်တဒေသ
မှတ်တမ်းတင်ခဲ့ရသည်။
ဟိုမှာကြည့်လည်း...မိုးတိမ်
ဒီမှာကြည့်လည်း ....မိုးတိမ်
တာချီလိတ်ကတော့ ......
မိုးအုံ့နေဆဲပါလေ။
အိမ်ရာမဲ့ လူတန်းစားများ
မိုးမလင်းခင်ကဘဲ ဖွထားတဲ့
အမှိုက်ကစင့်ကလျားတွေ
စည်ပင်ဝန်ထမ်း အနည်းငယ်
လမ်းတလျောက် စုကာရယ်
သန့်ရှင်းရေးလုပ်နေကြပါတယ်။
မလုပ်ရမှာကို
လုပ်နေရတဲ့ သူတို့ဘဝ
ကိုယ်ချင်းစာမှုက
ရင်နှင့်အမျှပါ။
ပြတ်သားလို့ရတဲ့
ခေါင်းဆောင်က
မပြတ်သားသရွေ့
နောက်လိုက်တွေ ခံပေအုံးတော့။
ဆန်ဆိုင်းဈေးမှာ
ပစ္စည်းတစ်မျိုးထဲ
ဈေးနှုန်းကကွာခြား
မတူညီမှုများ
စားသုံးသူဆင်းရဲသား
ခေါင်းလည်သွားလောက်ရဲ့။
ဆင်းရဲချမ်းသာ
ကြည့်ပြီး ရောင်းတဲ့အခါ
ချမ်းသာသူ မပြောပလောက်ပေမယ့်
ဆင်းရဲသူ ဗိုက်မှောက်ရပေမပေါ့။
ကွပ်ကဲမှု အားနည်းရင်
ဖြစ်ချင်တာဖြစ်နေတာ
ဖြစ်ချင်တိုင်းဖြစ်နေတာ
ဤလောကကြီးပါဘဲ။
ဘာဘဲဖြစ်ဖြစ်
ဘာကိုလုပ်လုပ်
ပညာအခြေခံရှိရင်တော့
ဘ၀ကို
အဆိုးဆုံး မဖြစ်အောင်
ကာကွယ်နိုင်ကောင်းပါရဲ့။
မှိုင်း(ဓာတု)
(၁၀.၈.၂၀၁၈) နံနက်(၆း၄၄) နာရီတွင်ရေးသားသည်။
Subscribe to:
Posts (Atom)
ဂိမ္မာန်နိမိတ် ဗန်ဒါရိပ်ဝေဒနာ
နွေအကူး ကြွေပေဦးတော့ ဗန်ဒါရေ။ မင်းအလှည့် ပြီးပြန်တော့ ကျွန်းရယ် မဟော်ဂနီရယ် ရောက်လာအုံးမယ်လေ ။ ရွက်ဝါကြွေ ရွက်သစ်ဦး အပျော်ဦးတာက ဗန်ဒါလ...

-
ပထမတန်းသင်ရိုးသစ်ဆင့်ပွားသင်တန်းကာလတွင် စပ်ဆိုမိခြင်းဖြစ်ပါသည်။ တစ်ပိုဒ်ဆိုသော်လည်း အမှတ်တရဖြစ်သဖြင့် မှတ်တမ်းတင်မိပါသည်။