Wednesday, August 14, 2019

သင်တကယ်ခေါင်းဆောင်လား


သင်တကယ်ခေါင်းဆောင်လား
******************************
ခေါင်းဆောင်ဆိုတဲ့ 
တာဝန်ကို ရပြီဆိုတာနဲ့
အတွေးအခေါ် မြင့်မြတ်ရမယ်
အယူအဆ မှန်ကန်ရမယ်
အထက်အောက် ဆက်ဆံရေး
ကျွမ်းကျင်ရမယ်။
တာဝန်ယူမှု တာဝန်ခံမှုရှိရမယ်။
လက်အောက်ငယ်သား
အသုံးမကျတာတွေ ပြောနေရုံနဲ့
မပြီးဘူး မိမိကိုယ်တိုင်က စံပြနေပြီး
လက်အောက်ငယ်သား ပြုပြင်ပြောင်းလဲ
တိုးတက်အောင် ဆောင်ရွက်ရမယ်။
အဲ့ဒါတွေ ထက် လိုအပ်တာတွေ
အများကြီးရှိပါသေးတယ်။

အဲ့ဒီတော့ ခေါင်းဆောင်ဖြစ်လာရင်
ဘာလုပ်ရမလဲ။ အနည်းဆုံးတော့
ခေါင်းဆောင်မှုဆိုင်ရာ စာအုပ်တွေ
အတွေးအခေါ်ဆိုင်ရာစာအုပ်တွေ
ဖတ်မှတ်လေ့လာရမယ်။
လိုက်နာကျင့်သုံးရမယ်။
အဲ့ဒီလောက်လေးတောင်
မလုပ်နိုင်ဘဲ ခေါင်းဆောင်နေရာနေပြီး
ဆရာတွေ ဆရာကြီးတွေ
ဆရာမတွေ ဆရာမကြီးတွေအခေါ်ခံပြီး
မိန့်မိန့်ကြီး လုပ်နေရင်တော့
သင်ကြောင့် အဲ့ဒီအဖွဲ့အစည်း
ပျက်စီးခြင်း ဖြစ်မှာတော့
သေချာပါပြီ။ ခေါင်းဆောင်ဖြစ်ပြီး
သူကြီးနဲ့ပိုင်ရင် ဆယ်အိမ်ခေါင်းကို
ဂရုမစိုက်တဲ့
သာမာန်စိတ်မျိုး ဖျောက်ရမယ်။
ဆင့်ကဲလေးစား
နေရာပေးတတ်ရမယ်။

အထက်ဖားအောက်ဖိ
ဆိုတာလောက်နဲ့
ခေါင်းဆောင်လုပ်ပြီး
သင့်အဖွဲ့အစည်းကို
မဖျက်ဆီးကြပါနဲ့လို့
တင်ပြလိုက်ရပါတယ်။

လေးစားလျက် - ဦးမြင့်ဝင်းလှ

ဒုတိယမြို့နယ်ပညာရေးမှူး

၁၄.၅.၂၀၁၉

ဆရာတွေရဲ့ ရှေ့တန်းဟာ စာသင်ခန်းပါဗျာ



(ဆရာတွေရဲ့ ရှေ့တန်းဟာ စာသင်ခန်းပါဗျာ)

ဆရာတွေ အတွက်
ရှေ့တန်းဆိုတာ
သူ့ရဲ့ကျောင်း
သူ့ရဲ့စာသင်ခန်းပါ။

ဆရာတွေအတွက်
သင်တန်းဆိုတာ
ရှေ့တန်းတော့မဟုတ်ပါ။
ရှေ့တန်းထွက်ဖို့ရာ ပြင်ဆင်ပေးတဲ့
လေ့ကျင့်ကွင်းတစ်ခုပါ။

လေ့ကျင့်ကွင်းမှာ ကျဆုံးသတင်းတွေ
မီဒီယာတန်ခိုးနဲ့ အခါခါ
ကြားသိမြင်နေကြရတာ
တကယ်ဆို ရှေ့တန်းစခန်း
စာသင်ခန်း/စာသင်ကျောင်းမှာ
တို့ဆရာတွေ ကျဆုံးတာ ဘယ်လောက်ရှိမလဲဗျာ။

ပညာရေးရှေ့တန်း
စာသင်ခန်းက ကျဆုံးတဲ့
ပညာရေးစစ်သည်များစွာ
မှတ်တမ်းတင်ကြ
မှတ်တမ်းတင်ကြ
မှတ်တမ်းသေသေချာတင်ကြ
ဂုဏ်ပြုကြဂုဏ်ပြုကြ
ကိုယ့်ဌာနက
တတ်အားသရွေ့ ဂုဏ်ပြုကြပါ။

ငွေအသပြာနဲ့
ဂုဏ်မပြုနိုင်တော့
စာသားလေးများနဲ့
ဂုဏ်ပြုပေးကြတာ
အထူးကျေးဇူးတင်ပါတယ်ဗျာ။
ပီတိဝမ်းသာလည်း ဖြစ်ရပါတယ်ဗျာ။
ကြေကွဲ ၀မ်းနည်းတာလည်းဖြစ်ရပါတယ်ဗျာ။
ပညာရေးက တို့ညီအစ်ကိုတွေရယ်
ဆက်လက်အားပေးလျက်ပါဗျာ။

ပေးဆပ်ဖူးသူတစ်ဦး
(သို့မဟုတ်) ဦးမြင့်ဝင်းလှ (ပညာရေး)

၂၀၁၉ ခုနှစ် မေလ (၁၅) ရက်တွင် ရေးသားခဲ့သည်။


တစ်ခါတစ်လေ(သို့မဟုတ်) မိုင်းဆတ်ရောက်ကျွန်တော်



တစ်ခါတစ်လေ(သို့မဟုတ်) မိုင်းဆတ်ရောက်ကျွန်တော်
***************************************
တစ်ခါတစ်လေ တောင်ပေါ်မှာ
တစ်ခါတစ်လေ မြို့ထဲမှာ
တစ်ခါတစ်လေ တစ်ယောက်တည်း
တစ်ခါတစ်လေ မိတ်ဆွေနဲ့
တစ်ခါတစ်လေ မိုးထဲမှာ
တစ်ခါတစ်လေ အမိုးအောက်မှာ
တစ်ခါတစ်လေ မီးမရှိပါ
တစ်ခါတစ်လေ မီးရှိတော့ တီဗွီ၊လက်ပ်တော့နဲ့ပါ
တစ်ခါတစ်လေ စာရေးဆရာ
တစ်ခါတစ်လေ ကဗျာရေးဆရာ
တစ်ခါတစ်လေ ဘာတွေလည်း မသိချင်တော့ပါ
ဘာလို့လဲဆိုတော့
တစ်ခါတစ်လေ ကိုယ်ဟာလည်း
ဘာမှမဟုတ်ပါ .......
သင်္ခါရဆိုတာ သိနေလို့ပေါ့ဗျာ။

မှိုင်း(ဓာတု)


-----------------------------------------------------------------------------



တစ်ခါတစ်လေ(သို့မဟုတ်) မိုင်းဆတ်ရောက်ကျွန်တော်
***************************************
တစ်ခါတစ်လေ တောင်ပေါ်မှာ
တစ်ခါတစ်လေ မြို့ထဲမှာ
တစ်ခါတစ်လေ တစ်ယောက်တည်း
တစ်ခါတစ်လေ မိတ်ဆွေနဲ့
တစ်ခါတစ်လေ မိုးထဲမှာ

တစ်ခါတစ်လေ အမိုးအောက်မှာ
တစ်ခါတစ်လေ မီးမရှိပါ
တစ်ခါတစ်လေ မီးရှိတော့ တီဗွီ၊လက်ပ်တော့နဲ့ပါ
တစ်ခါတစ်လေ စာရေးဆရာ
တစ်ခါတစ်လေ ကဗျာရေးဆရာ
တစ်ခါတစ်လေ ဘာတွေလည်း မသိချင်တော့ပါ
ဘာလို့လဲဆိုတော့
တစ်ခါတစ်လေ ကိုယ်ဟာလည်း
ဘာမှမဟုတ်ပါ .......
သင်္ခါရဆိုတာ သိနေလို့‌ပေါ့ဗျာ။

မှိုင်း(ဓာတု)

ဘ၀ဆိုတာ



ဘ၀ဆိုတာ ခဏတိုတိုလေးပါ။
သိပေမယ့်လည်း
ဒေါသတွေပြိုင်
မောဟတွေပြိုင်
လောဘတွေပြိုင်
တကယ်ပြိုင်တဲ့ လောကကြီးပါ။
လောကကြီးကတော့ အမြဲရှိနေတာပါ။
ဒေါသပြိုင်တဲ့သူလည်း
မောဟပြိုင်တဲ့သူလည်း
လောဘပြိုင်တဲ့သူလည်း
ကြွေကျမြေခရတာကို
အစအဆုံး မြင်နေတဲ့
လောကကြီးကတော့ တရားရနေမှာပါ။
ဘ၀ဆိုတာ ခဏတိုတိုလေးပါ။
အဲ့ဒါကြောင့် .............
ဒေါသကိုလျော့ရင်း
မောဟကိုလျော့ရင်း
လောဘကိုလျော့ရင်း
သီလကို စောင့်လို့
လောကကြီး ပျက်ရယ်ပြုတာကို
မခံရဖို့ ......
ခင်ဗျားတို့ ကျွန်တော်တို့
မှန်မှန်ကန်ကန် နေကြပါစို့ဗျာ။
မြတ်မျိုးမြင့်မာန်

အလွမ်းကဗျာလေးတစ်ပုဒ်


၂၀၁၉ ခုနှစ် ဇူလိုင်လ ၂ရက်နေ့တွင် မိုင်းဆတ်မြို့ တွင် ရေးစပ်သည်။

ယခုမေ သိစေသား


       

 @@ ချစ်သူပြောလေ
       အတိတ်တွေက
       ကိုယ်ချစ်သာဘဲ
       မေသိမြဲလေ။

@@ ချစ်သူသိလေ
       အတိတ်တွေက
       ကိုယ်ချစ်သာဘဲ
       မေသိဆဲလေ။

@@ ချစ်သူမေ့နေ
       အတိတ်တွေက
       ကိုယ်ချစ်သာဘဲ
       မေတွက်ဘဲလေ။

@@ ချစ်သူသိနေ
       ယခုမေက
        သူချစ်ကိုဘဲ
      တမ်းတဆဲလား။

@@ ချစ်သူသိစေ
        ယခုမေရေ
        ကိုယ်ချစ်ကိုတော့
         ချန်ရစ်ထိန်းထား
         သူစိမ်းကားဟု
        မထင်တွယ်ရစ်
         အကြင်နာစစ်ကို
        အကျွန်မျှော်ကိုး
       စဉ်စိုးမိုးလို့
         တမ်းတခြင်းတွေ
        မေသိစေ။

                       မှိုင်း(ဓာတု)

(14.8.2019)ညနေ (6;30) နာရီတွင် ရေးဖွဲ့သည်။

Friday, March 29, 2019

ပြောင်းပြန်လောက



တွေ့လိုက်​ရတဲ့
နံနက်​ခင်း မြင်​ကွင်း
အရုဏ်​ဦးက
ဆည်းဆာ​နေဝင်​​ချိန်လိုပါဘဲ။


နှင်းမဟုတ်​တဲ့
တောင်​ယာမီးခိုး​တွေက
မြူနှင်းနဲ့ တူ​နေသ​ယောင်​ပါဘဲ။

ဓာတ်​ပုံနဲ့
တကယ့်​အပြင်​အ​ခြေအ​နေ
ကွာခြား​နေ​လေရဲ့။

မာယာများတဲ့
လူ့​လောကမှာ
အမှန်​ကိုလည်း
အမှားထင်​ခံရသလို
အမှားကိုလည်း
အမှန်​မြင်​တတ်​ပြန်​သတဲ့။

မတတ်​သူကဆရာလုပ်
တတ်​သူကတပည့်​​နေရာ
ပြောင်းပြန်​​တွေဖြစ်​တတ်​တဲ့​လောက
အခုကျွန်​​တော်​​တွေ့​နေရတဲ့
ဘဝနဲ့က​တော့ 
လိုက်ဖက်​​နေသလိုပါဘဲ ​လောကရယ်​။

မှိုင်း(ဓာတု)

ဂိမ္မာန်နိမိတ် ဗန်ဒါရိပ်ဝေဒနာ

  နွေအကူး ‌ကြွေပေဦးတော့ ဗန်ဒါရေ။ မင်းအလှည့် ပြီးပြန်တော့ ကျွန်းရယ် မဟော်ဂနီရယ် ရောက်လာအုံးမယ်‌လေ ။ ရွက်ဝါကြွေ ရွက်သစ်ဦး ‌ အပျော်ဦးတာက ဗန်ဒါလ...